Professional Authors
ငါ့အရက်ကို ဘယ်သူရေရောထားသလဲ (မိုးထက်အောင်)
ငါ့အရက်ကို ဘယ်သူရေရောထားသလဲ
သီတာဒေ၀ီ လို့ ပြောတာပဲ
ဟိုနှစ်ယောက်ကတော့ လေးတင်နေကြတယ်။
(ဇာတ်တော်ထဲမှာ……..)
ဟိုကောင်လွမ်းတာ ဘယ်သူမှမသနားခဲ့ကြဘူး။
(သီတာရယ်………)
အာဘွား အကြီးကြီးပေးလိုက်စမ်းပါ
သူရေငတ်နေတယ်…………။
………
ငါ့အရက်ကို ဘယ်သူရေရောထားတာလဲ
ပေါ့ပျက်ပျက် မူး မူးသွားတယ်။
ကောင်းတယ်……..
………………………………………………
ကောင်းတယ်ဆိုတာ မကောင်းဘူး
မကောင်းဘူးဆိုတာမှ ငါ့အတွက်ကောင်းနေခဲ့တယ်။
မိုးပေါ်ထောင်ပစ်တိုင်း
ငါ့နဖူးလာ လာမှန်နေတာတော့ နင်လွန်တယ် သီတာ။
အပြစ်ကင်းစွာသေဆုံးသွားပါပြီ
ငါ့အရက်ကိုမှ ရေလာရောထားကြတာကိုး။
…………အေ့ …………
မူး သေး ဘာ ဘူး ရ သေး ဒယ်
ကောင်း   ကောင်း   ဂျီး   ရ    သေး   ဒယ်။
အ    တဲ    ကွဲ     ဒါ     ဒီ     ရို     မျိုး    ဂျီး    လား
…………….အေ့….အေ့………………
ချပ်  ဖျဉ်း  ဖျဉ်း  နဲ့ ……..အွန့် ။
ဟိုးးး………မိုးပေါ်ဂျီးကို ထောင်ထောင်ပစ်လိုက်တိုင်း
ငါ့   န  ဖူး  ဂျီး  ဘဲ  လာ  လာ  မှန်   နေ   ဒါ
(နင်    နည်း    နည်း     လွန်     ဒယ်      တီ      ဒါ)
………………………………………………………………………………။
                                                                                           မိုးထက်အောင်
In: ကဗျာ Posted By: Date: Apr 9, 2011
Comment #1
ကိုမိုးထက်အောင်…တစ်မျိုးကောင်းပါတယ်…အေ့…အေ့
commentinfo By: genius.jinx28 at Apr 11, 2011
Comment #2
ကျေးဇူးတင်တယ်….ရဲလေး
commentinfo By: moehtetaung18 at Apr 21, 2011
Comment #3
အရမ်းကောင်းတယ် ဗျာ ကြိုက်တယ် လူတောင်မူးချင်သွားတယ် ကိုမိုးထက်အောင် အရက်သောက်တက်လား မသိချင်ယောင်ဆောင်ပြီးမေးတာနော်
commentinfo By: nyanlinhtet at Jul 3, 2011
Comment #4
အေ့…အေ့…
ဂ ဂျ ရာ ဖတ်ရ တာ ဒေါင် မူး တွား ဒယ်…။
အေ့…..။
commentinfo By: zawthetoo at Aug 3, 2012
Leave Comments
Name*
Email*
Website
Email me whenever there is new comment