Professional Authors

“နေလိုလလိုလူ”

ခြစ်ခြစ်တောက် ပူပြင်းပါစေ
ဘယ်နေရာဘယ်ဒေသရောက်
သူသာအပူခံလို့
အသာစံဘ၀ကို ပစ်ခွာ…တခါတခါ နေ နဲ့ ယှဉ် ဖွားခဲ့သလား..ထင်စေတယ်။
အစချီတဲ့ ဘ၀ဋီကာထဲ
အလှမမူပဲ..ဘ၀တွေဆေးခြယ်ပေးခဲ့
သူ့အတွက်တော့ အနက်ရောင်သာ ဆင်မြန်းခဲ့သူ။
ပျော်နေတယ်..ကြည်နူးနေတယ်
ကျမ်းမာတယ်…ချမ်းသာတယ်
ကောင်းမွန်တဲ့အမြင်တွေသာ..ဖန်းဆင်းခဲ့
ရင်တွင်းအပူ ပက်ကြားအက်ပါစေ
ဆုလာဒ်က သူ့အတွက်မဟုတ်လည်း
အပြုံးမပျက် ခရီးကြမ်းနှင်ခဲ့ လမင်းအလင်းနဲ့ မိသားစုအတွက်တောက်ပစေခဲ့သူ။
အရှုံးအရှုံးအနိုင်နိုင်
မညှာတမ်း မငဲ့တမ်း ..ဆော့ကစားတဲ့
သံသရာထဲ သူ့အသက်သူလောင်းကြေးထပ်လို့
တခြားဘ၀တွေအတွက်..အေး..မြ စေခဲ့သူ။
ဒဏ်ရာ ..အနာတွေ ဗရပွ
စိတ်သွားရာ ခနာမလိုက်နိုင်တဲ့နောက်
မနှမျောတမ်း လောင်းကြေးထပ်ရဲခဲ့သူမို့
ကံကြမ္မာ အလှည့် လူ မငဲ့ပဲ
ရက်စက်စွာရုပ်သိမ်း ..အသက်ရှုနှလုံးသားကို
……ထွက်သွားခဲ့ပြီ……
ဒါပေမယ့်..သူမတုန်လှုပ်သလို
…….ထားခဲ့ရပြီ……..
ဒါပေမယ့်..သူမလွမ်းသလို
နောက်ဆုံးအချိန်ထိ
အပြုံးတွေသာရင်ဝယ်ပိုက်
မနှမျော မတမ်းတ ရအောင်
သူ မဟုတ်သလို ..စွန့်ခွာသွားတာများ…အေးချမ်းစွာ
ကျန်ရစ်သူတို့
ရင်ခွင်ထဲ အသင်ဟာစံပြ
ဘယ်နှစ်ရက် ဘယ်နှစ်သက်တိုင်စေ
သင် ထွင်းတဲ့ကဗျည်း ကျွန်ုပ်တို့ ရင်တွင်းဝယ်
ထာဝရထက် တရက် ပိုတည်မယ်
အသင် ကျွန်ုပ်တို့ရဲ့ နေလိုလလိုလူ
ဘယ်ဘ၀ရောက်ရောက် ပျော်စံလေတော့။
(ချစ်သော ဘဘစိုးစိုး ကွယ်လွန်ပြီ3းလပြည့် အမှတ်တရ..မမေ့မလျော့သောသတိရခြင်းစွာဖြင့်)
In: ကဗျာ Posted By: Date: Apr 6, 2011
Comment #1

တကယ်ကောင်းတယ်…..
သူ့ လာရာကောင်းမှာပါ

commentinfo By: moehtetaung18 at Apr 6, 2011
Comment #2

အင်း..ဟုတ်တယ်

commentinfo By:ှShwe Ngar at Apr 7, 2011
Comment #3

မမိုး…
ကောင်းတယ်…

commentinfo By: genius.jinx28 at Apr 7, 2011
Comment #4

ရင်ခွင်ထဲ အသင်ဟာစံပြ
ဘယ်နှစ်ရက် ဘယ်နှစ်သက်တိုင်စေ
သင် ထွင်းတဲ့ကဗျည်း ကျွန်ုပ်တို့ ရင်တွင်းဝယ်
ထာဝရထက် တရက် ပိုတည်မယ်
အသင် ကျွန်ုပ်တို့ရဲ့ နေလိုလလိုလူ
ဘယ်ဘ၀ရောက်ရောက် ပျော်စံလေတော့။

Leave Comments

Name*

Email*
Website
Email me whenever there is new comment