Professional Authors

လမ်းခွဲ

အရမ်းချစ်ခဲ့ပါတယ် တဲ့… ဒီ စကားတစ်ခွန်း နဲ့ ဘဲ အရာအားလုံး ကျေနပ်ခဲ့ရတယ်

တကယ်ဆို နင့် အပေါ်ချုပ်ချယ်ခဲ့သမျှ နင့်ကို ဆုံးရှုံးရမှာ ကြောက်လွန်းလို့ပါ

ငါ ငိုနေဆဲ ပါဘဲ… အတွေးတွေ နဲ့ မျှော်လင့်တတ်ဆဲပါဘဲ…..

ဘာမှ မသိသလို လေးဘဲ နေခဲ့ချင်ပါတယ်…..

တချိန်ချိန် ပြန်ချစ်လာမယ်လို့ ငါ့ကိုယ်ငါ ညာလိုက်ချင်ပါတယ်…

အမှန်တရားကို သိတဲ့ ဦးနှောက်က နှလုံးသားကို တားမြစ်တယ်

မေ့လိုက်ပါတဲ့…. ခံစားရတဲ့ နှလုံးသားက ငိုယို ပြီးတောင်းပန်တယ်….

ဘယ်လို မှ မဖြစ်နိုင်လို့ပါတဲ့…….

ငါကရော.. ငါဆိုတဲ့ စိတ်က ရော…. သူ့ဆီမှာဘဲ ..သူ့ရှိခဲ့ဖူးတဲ့ အတိတ်ကိုဘဲ

ပျော်ခဲ့ဖူးတဲ့ နေ့တွေကိုဘဲ လွမ်းနေခဲ့တာ……

မလှလို့တဲ့လား… ဒါတွေ မရှိတဲ့ အချစ်တစ်ခုလို့ ထင်ခဲ့တာ …

ငါ ယုံယုံ ကြည်ကြည် စွဲလမ်းခဲ့တဲ့ အချစ်စစ်တစ်ခုက…

ငါ့ အတွက်ဘဲ စစ်မှန်ခဲ့တာ…..  ငါရခဲ့တာက တော့ အတုအယောင်တွေ

နင့် အချစ်က တခြားတစ်ယောက်အတွက်ကော စစ်မှန်ရဲ့လား

ဒါတွေ မတွေးချင်တော့ပါဘူး……

ဘယ်လို အဆုံးသတ်ရမှာလဲ…. အမုန်း နဲ့လား… အပြုံး နဲ့လား… နိဂုံးတော့ ချုပ်သင့်ပါပြီ…

ခံနိုင်ရည်လဲ ပြုန်းလုနီးပါပြီ……….

ချစ်နေသရွေ့ ငါကတော့ ရှုံးနေဦးမှာပါဘဲ….

In: ကဗျာ Posted By: Date: Apr 3, 2011
Comment #1

ခံနိုင်ရည်လဲ ပြုန်းလုနီးပါပြီ……….

ချစ်နေသရွေ့ ငါကတော့ ရှုံးနေဦးမှာပါဘဲ….
မိုက်တယ်ဗျာ….ကိုယ့်ခံစားချက်ကိုပြန်မြင်နေရသလိုပဲ….တိုက်ဆိုင်လိုက်တာဗျာ…
အားပေးသွားပါတယ်…..

commentinfo By: terry at Apr 3, 2011
Comment #2

အမှန်တရားကို သိတဲ့ ဦးနှောက်က နှလုံးသားကို တားမြစ်တယ်

မေ့လိုက်ပါတဲ့…. ခံစားရတဲ့ နှလုံးသားက ငိုယို ပြီးတောင်းပန်တယ်….

ဘယ်လို မှ မဖြစ်နိုင်လို့ပါတဲ့…….

commentinfo By: nanpyisoke at Apr 4, 2011
Comment #3

ခံနိုင်ရည်လဲ ပြုန်းလုနီးပါပြီ……….

ချစ်နေသရွေ့ ငါကတော့ ရှုံးနေဦးမှာပါဘဲ….
ကောင်းပါတယ်…အားပေးသွားပါတယ်ဗျာ……

commentinfo By: genius.jinx28 at Apr 4, 2011
Comment #4

အားပေးတဲ့ အတွက် ကျေးဇူးပါဘဲနော်… 🙂 terry, nanpyisoke, genius.jinx28

commentinfo By: Renaissance Hom at Apr 5, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment