Professional Authors

သဘာဝ

သဘာဝ ဆိုတာက

နေရင်းထိုင်ရင်း ပြောင်းလဲ ….

 

မထူးပါဘူး ၁၉ ရာစုတုန်းကလိုပါပဲ

တစ်ခါတစ်ခါ

ချက်ကော့ရဲ့ လူနာဆောင် အမှတ် ၆ ထဲ ရောက်နေသလိုလို

 

ငါတို့တွေက

လုံးဝန်းတဲ့ ခပ်စောင်းစောင်း အရာဝတ္တုပေါ်မှာ ငိုက်မျဉ်းရင်း

အဓိပ္ပါယ်မရှိ နေကို ပါတ်နေတဲ့

တုံးအအ သတ္တ၀ါတွေတော့ မဟုတ်ကြဘူး

 

အာရပ်ကမ္ဘာမှာ အရေးအခင်းတွေဖြစ်တယ်

ဂျပန်မှာ ဆူနာမီ ၀င်တယ်

နေရာတိုင်းမှာ တစ်မျိုးပြီး  တစ်မျိုး မရိုးရဘူး

 

လူတွေကလဲ သူ့လက်ညှိုးထိုးလိုက်

ကျန်တဲ့ လက် ၄ ချောင်းက ကိုယ့် ပြန်ထိုးလိုက်နဲ့

ဂျာအေးသူ့အမေ ရိုက်နေကြ

 

တစ်ချို့တွေက 7 star ဟိုတယ်တွေမှာ ဟန်းနီးမွန်းထွက်ကြ

တစ်ချို့တွေက အာဟာရ မပြည့်ဝလို့ ဘ၀တစ်းပါးကို ပြောင်းနေကြ

ဒီလိုပါပဲ

ဘယ်လောင့်ဖြောင့်တဲ့ ပေတဲ့နဲ့  ဆွဲဆွဲ မျဉ်းမဖြောင့်ဘူး

…..

…..

ကမ္ဘာကြီးကလုံးနေတာကိုး

စောင်းကလဲ စောင်းနေသေးတယ်

In: ကဗျာ Posted By: Date: Mar 30, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment