Professional Authors

“မှော်အိပ်မက်”

ဝင်မလာစေချင်ပေမယ့်
တံခါးပိတ်ထားလို့ မစေ့အောင်
နင့်စကားသံသွက်သွက်က
ငါ့နှလုံးသားအစုတ်အပြတ်ကို …..ပြုစားတယ်။

ရင်ခုန်သံ နဲ့ အသက်ရှုသံ
မကွဲပြားတော့တဲ့ ..
ရင်ခွင်ထဲ
နေ့ညအတွေးခက်..
ရင်ခုန်သံသွက်အောင်…နင်..ဖန်..ဆင်းတယ်။

အပြုံးချိုချိုနားမလည်
သုံးရာသီစိုစွတ်တဲ့..ဒီမျက်ဝန်းဒေသထဲ
စိတ်ကူးယဉ်အိပ်မက်တွေအသက်သွင်း
ရယ်သံတွေဆူညံအောင်….နင်..စွမ်းတယ်။

ပြန်မစချင်ပေမယ့်
ဒါအဖြစ်မှန်…..
အမုန်းတွေသာပိုင်ဆိုင်ဖူးတဲ့..
အသည်းထဲ နာကျဉ်းချက်တွေသာ..
စိုးမိုးလို့… အနာဂတ်မဲ့ဒီဘ၀ထဲ..
အလွမ်းတွေမစဲမှာ..စိုးထိတ်မိတယ်။

ငါ့ရဲ့..မှော်ဆရာလေးရေ
မ၀င်ရ..မလာရ..မနားရ…မလည်ရ
နည်းမျိုးစုံနဲ့ ပိတ်ပင်ထားတာ
ဇကာအသည်း..ကြေမွကွဲမှာ…
စိုးထိတ်လို့မဟုတ်ပါဘူး။

အဖြူထည်နင့်အပြုံးတွေအပေါ်
ငါ့အမုန်းတွေ..ဆေးထင်သွားမှာ…
အပေးသက်သက်..စတေးခံမယ့်
နှလုံးသားထက်..
အကြင်နာဆိုရင်တောင် နာကျင်သူ..
ဒီလူပေးမှာမို့ အကျဉ်းတန်ခံစားချက်တွေ..
သည်းထန်သွားမှာ… ငါ…………….ပူပန်နေမိတယ်။

ဆွေးမြေ့အသည်းနဲ့ လက်တွေ့ဘ၀ထဲ….
နောက်ဆုံးအဖြစ်..
ကြိုဆိုလိုက်ချင်လည်း……
ဘာမှမရှိတဲ့.ဒီရင်ခွင်ထဲ
ရာသီစုံချို့တဲ့မှာ..မမြင်ရက်
နွေနေပူထဲ…..နင် ရင်ပူမှာ…တွေးကြောက်နေလို့
ငါ့ကို..
………..နိုးထမလာတော့အောင်
နင်စွမ်းသလောက်နဲ့..ပြုစားပါတော့

    “အိပ်မက်ထဲမှာ ဆုံကြမယ်”

In: ကဗျာ Posted By: Date: Mar 26, 2011
Comment #1

မမိုး goodလိုက်တာ…မှော်ဆ၇ာလေးက တော်2စွမ်းတာပဲ
ရင်ခုန်သံ နဲ့ အသက်ရှုသံ
မကွဲပြားတော့တဲ့ ..
ရင်ခွင်ထဲ
နေ့ညအတွေးခက်..
ရင်ခုန်သံသွက်အောင်…နင်..ဖန်..ဆင်းတယ်။

commentinfo By: genius.jinx28 at Mar 26, 2011
Comment #2

ဆွေးမြေ့အသည်းနဲ့ လက်တွေ့ဘ၀ထဲ….
နောက်ဆုံးအဖြစ်..
ကြိုဆိုလိုက်ချင်လည်း……
ဘာမှမရှိတဲ့.ဒီရင်ခွင်ထဲ
ရာသီစုံချို့တဲ့မှာ..မမြင်ရက်
နွေနေပူထဲ…..နင် ရင်ပူမှာ…တွေးကြောက်နေလို့
ငါ့ကို..
………..နိုးထမလာတော့အောင်
နင်စွမ်းသလောက်နဲ့..ပြုစားပါတော့

“အိပ်မက်ထဲမှာ ဆုံကြမယ်”
အားပေးသွားပါတယ်….ကဗျာထဲကစာသားတွေကလမ်းမခင်းပဲ..ရင်ဘတ်ထဲတိုက်ရိုက်ရောက်လာတယ်..ဗျာ..

commentinfo By: terry at Mar 26, 2011
Comment #3

အရမ်းကြိုက်လို့ ညီမ notes ထဲမှာ သိမ်းထားလိုက်ပါတယ်
သိမ်းခွင့်ပြုပါလို့ ခွင့်တောင်းချင်ပါတယ်ရှင့်

commentinfo By: thinzar at Mar 27, 2011
Comment #4

အရမ်းကြိုက်လို့ သိမ်းထားပါရစေ
သိမ်းခွင့်ပြုပါရှင်

commentinfo By: thinzar at Mar 27, 2011
Comment #5

အားပေးသွားပါသည် ၊၊ မမိုးရဲ့ ကဗျာ အားလုံး ဖတ်လို့ ကောင်းပါသည် ၊၊ 🙂

commentinfo By: လမင်းဇော် at Mar 27, 2011
Comment #6

အားပေးတဲ့မောင်နှမများအားလုံးကျေးဇူးတင်ပါတယ်
..thinzar – ရပါတယ် သိမ်းထားပါ သိမ်းထားတဲ့အတွက် အမ ကလည်းကျေးဇူးပါလို့ ..

commentinfo By: အသဲကွဲမိုး at Mar 28, 2011
Comment #7

တကယ်ကောင်းတယ်

commentinfo By: moehtetaung18 at Apr 6, 2011
Comment #8

အကြင်နာဆိုရင်တောင် နာကျင်သူ..
ဒီလူပေးမှာမို့ အကျဉ်းတန်ခံစားချက်တွေ..
သည်းထန်သွားမှာ… ငါ…………….ပူပန်နေမိတယ်။

commentinfo By: အနီရောင်နှင်း at Apr 7, 2011
Comment #9

ငါ့ကို..
………..နိုးထမလာတော့အောင်
နင်စွမ်းသလောက်နဲ့..ပြုစားပါတော့…….
အရမ်းကောင်းတယ် မိုး ရာ……။

commentinfo By: ကေသရီ at May 9, 2011
Comment #10

ဆွေးမြေ့အသည်းနဲ့ လက်တွေ့ဘ၀ထဲ….
နောက်ဆုံးအဖြစ်..
ကြိုဆိုလိုက်ချင်လည်း……
ဘာမှမရှိတဲ့.ဒီရင်ခွင်ထဲ
ရာသီစုံချို့တဲ့မှာ..မမြင်ရက်
နွေနေပူထဲ…..နင် ရင်ပူမှာ…တွေးကြောက်နေလို့
ငါ့ကို..
………..နိုးထမလာတော့အောင်
နင်စွမ်းသလောက်နဲ့..ပြုစားပါတော့

Comment #11

အားပေးတဲ့မောင်နှမများအားလုံးကျေးဇူးအထူးတင်ပါတယ်

commentinfo By: အသဲကွဲမိုး at Jun 26, 2011
Comment #12

ဝင်မလာစေချင်ပေမယ့်
တံခါးပိတ်ထားလို့ မစေ့အောင်
နင့်စကားသံသွက်သွက်က
ငါ့နှလုံးသားအစုတ်အပြတ်ကို …..ပြုစားတယ်။

ရင်ခုန်သံ နဲ့ အသက်ရှုသံ
မကွဲပြားတော့တဲ့ ..
ရင်ခွင်ထဲ
နေ့ညအတွေးခက်..
ရင်ခုန်သံသွက်အောင်…နင်..ဖန်..ဆင်းတယ်။

အပြုံးချိုချိုနားမလည်
သုံးရာသီစိုစွတ်တဲ့..ဒီမျက်ဝန်းဒေသထဲ
စိတ်ကူးယဉ်အိပ်မက်တွေအသက်သွင်း
ရယ်သံတွေဆူညံအောင်….နင်..စွမ်းတယ်။

ပြန်မစချင်ပေမယ့်
ဒါအဖြစ်မှန်…..
အမုန်းတွေသာပိုင်ဆိုင်ဖူးတဲ့..
အသည်းထဲ နာကျဉ်းချက်တွေသာ..
စိုးမိုးလို့… အနာဂတ်မဲ့ဒီဘ၀ထဲ..
အလွမ်းတွေမစဲမှာ..စိုးထိတ်မိတယ်။

ငါ့ရဲ့..မှော်ဆရာလေးရေ
မ၀င်ရ..မလာရ..မနားရ…မလည်ရ
နည်းမျိုးစုံနဲ့ ပိတ်ပင်ထားတာ
ဇကာအသည်း..ကြေမွကွဲမှာ…
စိုးထိတ်လို့မဟုတ်ပါဘူး။

အဖြူထည်နင့်အပြုံးတွေအပေါ်
ငါ့အမုန်းတွေ..ဆေးထင်သွားမှာ…
အပေးသက်သက်..စတေးခံမယ့်
နှလုံးသားထက်..
အကြင်နာဆိုရင်တောင် နာကျင်သူ..
ဒီလူပေးမှာမို့ အကျဉ်းတန်ခံစားချက်တွေ..
သည်းထန်သွားမှာ… ငါ…………….ပူပန်နေမိတယ်။

ဆွေးမြေ့အသည်းနဲ့ လက်တွေ့ဘ၀ထဲ….
နောက်ဆုံးအဖြစ်..
ကြိုဆိုလိုက်ချင်လည်း……
ဘာမှမရှိတဲ့.ဒီရင်ခွင်ထဲ
ရာသီစုံချို့တဲ့မှာ..မမြင်ရက်
နွေနေပူထဲ…..နင် ရင်ပူမှာ…တွေးကြောက်နေလို့
ငါ့ကို..
………..နိုးထမလာတော့အောင်
နင်စွမ်းသလောက်နဲ့..ပြုစားပါတော့

“အိပ်မက်ထဲမှာ ဆုံကြမယ်”

commentinfo By: ဆည်းဆာ(ရဲသူ) at Jul 12, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment