Professional Authors
လကွယ်ည
ခါးရတဲ့ အတိတ်တွေအတွက်
နာကျင်မှုကိုလက်ဆောင်အဖြစ်ထပ်မံရရှိခဲ့ တရ်…
ပျံ့ ပျံ့ လေးသင်းတဲ့ ဆောင်းရနံ့ ရဲ့
ယခင်နိုဝင်ဘာလမှာငါမလွမ်းပါရစေနဲ့ တော့..
အထူးတလည်ပြောစရာမလိုအောင်….
လကွယ်ညတွေနဲ့ ရင်းနှီးနေခဲ့တရ်…
ဂီတာသံတွေနဲ့ အတူ..
နှလုံးသားကွဲအက်သံတွေကလည်း
ဆူညံနေခဲ့ရပြီ…..
အိမ်ပြန်ချိန်ကိုမသိတဲ့ ငှက်တစ်အုပ်နဲ့ ရုတ်တရက်
နင်လွင့်ပျံသွားချိန်မှာ..
ယမကာဆိုတဲ့ သူငယ်ချင်းတစ်ယောက်ကို
ပခုံးဖက်ခဲ့ မိတရ်…
ခုချိန်ထိတော့..လူတွေနှုတ်ဖျားမှာ..
အစွန့် ပစ်ခံအရက်သမားတစ်ယောက်အဖြစ်..
ရူးမိုက်နေဆဲပါ…..
In: ကဗျာ Posted By: Date: Mar 24, 2011
Comment #1
ကဗျာလေးက ကောင်းတယ် ဒါပေမဲ့ယောကျားလေးဘက်က ခံစားမှုမျိုးဖြစ်နေတယ် ။ မိန်းကလေးဘက်ကခံစားမှုမျိုးနဲ့ တပုဒ်လောက်ရေးပြပါလား။
commentinfo By: မေဦး at Jun 11, 2012
Comment #2
ခါးရတဲ့ အတိတ်တွေအတွက်
နာကျင်မှုကိုလက်ဆောင်အဖြစ်ထပ်မံရရှိခဲ့ တရ်…
commentinfo By: ***** at Nov 9, 2012
Leave Comments
Name*
Email*
Website
Email me whenever there is new comment