Professional Authors

ရောဂါ

နင့်အနားမှာ ကြောင်ဖူးသမျှ ယောကျာင်္းတွေအတိုင်း
ရီပြ၊ ပြုံပြ၊ အရူးလုပ်လို့ရတဲ့ အထဲမှာ
ငါ——– မပါချင်ဘူး။

ဂုဏ်ယူစရာ မှတ်တမ်း နင်ပြုစုဖို့ ကြိုးပမ်းဆဲဆို
အဲလို စာရင်းထဲ ငါ့ကို ဆွဲမသွင်းပါနဲ့။

ရမလားဆိုပြီး အနားကပ်မျှော်နေတာ မဟုတ်ဖူး
ငါ့ရင်ဘတ်ကိုက ချစ်တတ်လွန်းနေတာ။

တကယ်ချစ်၊ မချစ် နင်စမ်းစစ်တယ်ဆိုရင်
ထပ်ပြောမယ် ဆက်မလုပ်နဲ့
နင့်ဘေးမှာထားတာ ကျား၊ နွားမဟုတ်ဘူး။

တန်ဖိုးထားလွန်းလို့ အလှကြည့်ထားတာ
အရသာမသိလို့ တို့မကြည့်တာ မဟုတ်ဘူး။

ငါ့အချစ်တွေ နင့်အတွက် ၀န်ပိနေရင်
ချ     ထား        ခဲ့၊
ကြားကားတော့ ဆွဲမစားနဲ့။

ကောင်းကင်ဝယ်မယ်၊ တိမ်တွေဖယ်မယ်
အောက်တန်းစားစိတ်ဓါတ်နဲ့ လူတတ်ကြီးအသိုင်းအ၀ိုင်း
တားမရလဲ သွား၊ အထဲရောက်မှ နင် မကြောက်နဲ့ပေါ့။

အချစ်ကိုတိုင်းတဲ့ပေတံ စကေးမမှန်တော့ရင်ပြော
ရင်မောတာတွေ ရပ်ချင်လို့။

In: ကဗျာ Posted By: Date: Mar 23, 2011
Comment #1

ကျား.. ကျား.. ဘာကျားလဲ ..ဖွတ်ကျားလား… ဟားဟား

တန်ဖိုးထားလွန်းလို့ အလှကြည့်ထားတာ
အရသာမသိလို့ တို့မကြည့်တာ မဟုတ်ဘူး။ (ကြောက်စရာပါလားနော် 😛 )

commentinfo By: ရှင်မြတ်ညို at Mar 24, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment