Professional Authors

မပျော်ဘူး

မပျော်ဘူး
အကြောင်းပြချက်ကိုမမေးနဲ့၊ မပေးပါရစေနဲ့
လွတ်လပ်စွာစိတ်ညစ်တယ်

မစခဲ့မိရင် ဒီကိုယ်ကောင် ဒီပုံဖြစ်ဖွယ်မရှိ
ငါငုံ့ကြည့်တော့မိုက်တွင်းထဲမှာတွေ့လို့
ငါ့ကိုယ်ငါတောင်အံ့မိ အကျိုးဆက် အဖြစ်အပျက်စဉ်တန်း လှည်းနောက်ကဘီးရာ

ဘာသာကိုးကွယ်ရာမရှိရင်ဘာနဲ့ဖြေဆည်ရလိမ့် အမိုက်တိုက်
ဖြည်းဖြည်းပေါ့ မျက်စိမှိတ် “Let it go !!!!”
အတ္တ ဆိုတာလိုအပ်တဲ့အရာလို့ မထင်စကောင်း

မပျော်ဘူး
ဖွဲနဲ့ဆန်ကွဲ အစားမထိုးလို
အရှိန်မကုန် သမျှ စိတ်ရှိလက်ရှိသွားစေ
အကြောင်းပြချက်ကိုမမေးနဲ့၊ မပေးပါရစေနဲ့
လွတ်လပ်စွာစိတ်ညစ်တယ်…

ဩမြိုင်

In: ကဗျာ Posted By: Date: Mar 21, 2011
Comment #1

မပျော်ဘူး
ဖွဲနဲ့ဆန်ကွဲ အစားမထိုးလို

commentinfo By: အနီရောင်နှင်း at Mar 21, 2011
Comment #2

မပျော်ဘူး
ကျွန်တော်ကတော့ မပျော်တာ စက္ကန့်နဲ့အမျှဘဲ
ကဗျာလေး တယ်ကောင်းသဗျ
ခံစားအားပေးသွားတယ် ။

commentinfo By: X - ray at Feb 8, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment