Professional Authors

Loving gas

 Loving gas

 အမေ

အမေမွေးဖွားကတည်းက

ချစ်တက်တဲ့နှလုံးသားအမေရဲ့သားလေးမှာ

ပါမလာခဲ့ရင်သိပ်ကောင်းမှာပဲနော်…

 အခုတော့

ချစ်တက်တဲ့နှလုံးသားအမေ့ရဲ့သားပါလာခဲ့တော့

သားလေသူ့ကိုသိပ်ချစ်ခဲ့တယ်…

ဒါပေမယ့်….မေမေရယ်

ငယ်ငယ်တုန်းကသင်ခဲ့ရတဲ့

“မျဉ်းပြိုင်နှစ်ကြောင်းမဆုံကောင်း”

ဆိုတာကိုသူ့ရင်မှာပိုက်ထာလေရဲ့…

ဒီတော့….မေမေရယ်

သက်ေ၇ာက်မှုတိုင်းမှာ

တူညီသောတန်ပြန်သက်ရောက်မှုရှိသည်

ဆိုတဲ့နယူတန်ရဲ့နိယာမ

သားအတွက်တော့

မမှန်တော့ဘူးပေါ့မေမေ…

O2 နဲ့ H2

ပေါင်းစပ်လိုက်တော့

H2O ဆိုတဲ့ရေဖြစ်လာသတဲ့…

သားအချစ်

သူ့အမုန်းနဲ့

ပေါင်းစပ်လိုက်တော့

ရေဖြစ်လာတယ်လေ

မေမေတို့ခေါ်တာကတော့

“မျက်ရည်”တဲ့………..။      ။

 

                                           လွန်းရနောင်

In: ကဗျာ Posted By: Date: Mar 18, 2011
Comment #1

သက်ေ၇ာက်မှုတိုင်းမှာ

တူညီသောတန်ပြန်သက်ရောက်မှုရှိသည်

ဆိုတဲ့နယူတန်ရဲ့နိယာမ အစား

Law of compensation လို့ သုံးရင်

ပိုကောင်းမယ် ထင်တယ် ။

ကဗျာကို ခံစားရပါတယ် ။

Leave Comments

Name*

Email*
Website
Email me whenever there is new comment