Professional Authors

လမင်းနှင့်အင်တာဗျူး

လမင်းနှင့်အင်တာဗျူး

အိပ်ချိန်နောက်ကျပြီ
မီးခလုပ်ပိတ် အိပ်မယ်ဆိုပြီး အိပ်ယာထက်လှဲလိုက်တော့
မျက်နှာချင်းဆိုင် ကောင်းကင်ပေါ်မှာ ညရဲ့အလင်းအိမ် လ…
ပြုတင်းဘောင်တွေကိုကျော်ပြီး မျက်နှာထက် အလင်းတွေကို ကျဲချ။
ရင်ပူနေသူအပေါ်
အလင်းအေးအေးလောင်းပြီး
အသင်…ကျွန်ုပ်ကို ဘာပြောလိုပါသလဲ။
ညမှာ အလင်းပေးဖို့
နေ့ရဲ့ အပူဒဏ်တွေကို သင်ကြိတ်ခံယူစဉ်က ညည်းတွားခဲ့ပါသလား။
အလင်းအေးအေး ပြန်ပေးလိုသူတိုင်း
အသင့်လို အပူကိုခံယူရမှာလား။

မေးခွန်းတွေထပ်ဆင့်ရင်း လမင်းက တိတ်ဆိတ်ရင်း….။

အသင်ပြုတဲ့အသံကြားဖို့ကျွန်ုပ်ဟာ သိပ်ဝေးလွန်းနေပါသလား။
လမင်းကတိတ်ဆိတ်ရင်း၊ အလင်းအေးအေးကိုဖြန်းဆွတ်ရင်း။

အသင်ခွင့်ရက်ယူမယ့် လကွယ်ညတွေဟာ မှောင်လွန်းတယ်ဆိုရင်
အသင်တမျိုးတဖုံ စဉ်းစားလို့ပေးမလား။
လရောင်ကလင်းရင်း၊ လူအချို့ကအိပ်စက်ရင်း…။

ကျွန်ုပ်အိပ်လည်း မှောင်လွန်းတယ် ဘယ်သူမှမပြောပါဘူး။
မအိပ်လည်း ဒီလိုပဲနေမှာ။
အချိန်တန်ရင်…
အသင်အမြဲသာတယ်။
အချိန်လွန်တဲ့ကျွန်ုပ်ကတော့…မိုးလင်းတော့မယ်
ဘယ်လိုဖြစ်ဖြစ်…
ကောင်းသောညပါ…အသင်လမင်း။

သုည

In: ကဗျာ Posted By: Date: Apr 28, 2010  
Comment #1

“အသင်ခွင့်ရက်ယူမယ့် လကွယ်ညတွေဟာ မှောင်လွန်းတယ်ဆိုရင်
အသင်တမျိုးတဖုံ စဉ်းစားလို့ပေးမလား။“… ဆိုတဲ့ မေးခွန်းကို ဘယ်လိုဖြေလိုက်လဲဆိုတာ ဖြိုးလည်းသိချင်ပါကြောင်း…

commentinfo By: melodyphyO at Apr 28, 2010
Comment #2

သူကပဲ ဝေးလွန်းလို့လား..
ကျွန်တော်တို့ နားပဲပင်းလို့လား….
သူ့ပုံစံက အနေသာကြီးလိုလိုနဲ့။

commentinfo By: Za TaGwel at Apr 29, 2010
Comment #3

သူကပဲ ဝေးလွန်းလို့လား..
ကျွန်တော်တို့ နားပဲပင်းလို့လား….
သူ့ပုံစံက အနေသာကြီးလိုလိုနဲ့။

lol ကဗျာထက် comment ကို ပိုသဘောကျသွားပြီ

commentinfo By: Number1Princess at Apr 29, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment