Professional Authors

မျှော်လင့် စိတ်

ဂိမာန်ဥတု   ၊ရောက်ခဲ့ ခုပေါ့ 
ပိတောက်နဲ့ ငု၊ပေါင်းစပ်စုဖွဲ့ 
ရာသီဘွဲ့ တွင်၊ပိုးပိုးပေါက်ပေါက်
မိုးစက်ပြောက်တို့ ၊ဟိုသည်ကျလို့ 
ပွင့် ချေပြီ…………………..

.
……………………………
တန်ခူးရဲ့ ဟန်၊ပိတောက်မာန်နှင့် 
သင်္ကြန်လေးရက်၊အပျော်ဆက်မိ
တူးပို့ တေးသံ၊ရင်ထဲညံလို့ 
စိတ်မှာမရိုး၊ဘ၀င်ဖိုအောင်
လှုပ်ရှားမိ………………..
…………………………
စဉ်ဆက်သမိုင်း၊သင်္ကြန်တိုင်းတွင်
လူငယ်လူကြီး၊ပျော်မငြီးခဲ့ 
ရိုးရာပွဲမို့     ၊တွဲလို့ ပျော်ပျော်
နွှဲလို့ ဖော်ပြု၊ယဉ်ကျေးမှု့ ၏
ပြယုဂ်များ………………
…………………………
သပြေခတ်နှင့် ၊ရေတွေပတ်ကာ
ငွေဖလားကိုင်၊ပျိုများပြိုင်လှ
သည်လိုလမှာ၊ခေါင်းဆေးငါးလွှတ်
ညစ်ကြေးစွန့် ကာ၊ခြေသည်းလက်သည်း
ညှပ်သည့် ပွဲ………………
……………………………
ဓလေ့ ရိုးရာ၊ပျောက်လို့ လာပေါ့ 
ခေတ်သစ်သကြီန်၊ပျော်သည့် ဟန်က
ဝုန်းဒိုင်းအုံးဂွမ်း၊စည်းချက်ကြမ်းနှင့် 
သောက်စားမူးယစ်၊ရန်တွေဖြစ်လျှက်
အလှပျက်……………………….
…………………………………
မျှော်ရည်မှန်းဆ၊လွမ်းရပါသည်
ယဉ်ကျေးမှု့ ညီ၊အလှသီသည့် 
ရှေးကသင်္ကြန်၊ဓလေ့ မှန်ကို
ခေတ်နှင့် စီးမျော၊ပေါင်းစပ်ရောလျှက်
ပျော်ပွဲဆက်………………..
………………………………မင်းလူန
In: ကဗျာ Posted By: Date: Mar 17, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment