Professional Authors

မချစ်ထိုက်တဲ့တနင်္ဂနွေ

တနင်္ဂနွေတိုင်းကိုငါမျှော်လင့်ခဲ့ပေမဲ့

တနင်္ဂနွေတိုင်းဟာဒဏ်၇ာတွေသယ်ဆောင်လာတတ်တယ်..

တနင်္ဂနွေတိုင်းကိုငါချစ်ခဲ့ပေမဲ့

တနင်္ဂနွေတိုင်းဟာငါ့ကိုခါးသီးမှုတွေချည်းပေးတတ်တယ်..

အိပ်မ၇တဲ့စနေညတိုင်းမှာ

နင်နဲ့တွေ့ မလားဆိုတဲံ့အတွေးနဲ့ 

တနင်္ဂနွေနံနက်ခင်းတိုင်းကိုဖွင့်လှစ်ခဲ့ပေမဲ့

အဆုးံသတ်ကျတော့  မျက်ရည်သုတ်ရင်း

တခါတလေ နာကြည်း၇င်း

ဝမ်းနည်း၇င်း  တမ်းတ၇င်းနဲ့ပဲ

အဲဒီ့ညခင်းကို  နင့်ကိုမုန်းတီးခြင်းတွေနဲ့ ပဲပိတ်ပစ်၇လေ့၇ှိတယ်…

တခါမှမမြည်လာတဲ့  

တနင်္ဂနွေတယ်လီဖုန်းတိုင်းကို  အမှတ်မ၇ှိငါထိုင်စောင့်၇င်းနဲ့

ညနေ၅နာရီကျော်လာ၇င်တော့

ဒူးပေါ်မျက်နှာအပ်လို့ 

ို့ အသည်းကွဲကဗျာတွေရွတ်နေတတ်တယ်…

အဲဒီလိုမချစ်ထိုက်တဲ့

တနင်္ဂနွေမှာ ……ငါသတိ၇နေတတ်ခဲ့တာ

နင်ပြန်လာမဲ့တနင်္ဂနွေ၊ဆုံခဲ့ဖူးတဲ့တနင်္ဂနွေပါ……………

 

In: ကဗျာ Posted By: Date: Mar 15, 2011
Comment #1

တခါမှမမြည်လာတဲ့ 

တနင်္ဂနွေတယ်လီဖုန်းတိုင်းကို အမှတ်မ၇ှိငါထိုင်စောင့်၇င်းနဲ့

commentinfo By: ခင်ဘုန်းနေ at Mar 15, 2011
Comment #2

အဲဒီလိုမချစ်ထိုက်တဲ့

တနင်္ဂနွေမှာ ……ငါသတိ၇နေတတ်ခဲ့တာ

နင်ပြန်လာမဲ့တနင်္ဂနွေ၊

commentinfo By: အသဲကွဲမိုး at Mar 16, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment