Professional Authors

ဆောင်းခိုငှက်~~

ငှက်လေး တစ်ကောင်လောက် မြင်ချင်မိလို့
တိမ်တွေကို ငေးနေမိတယ်…
မရေရာမှန်းသိပေမယ့် စောင့်ဆိုင်းခြင်းမှာ ရင်ခုန်နေမိတယ်….
ငှက်တွေ နွေးတဲ့အရပ်ကို ပျံသန်းကြသလို
တိမ်တွေကော နွေးတဲ့အရပ်ဆီ ရွက်ချီတတ်ကြသလား…..
ငါ့ရင်ထဲက ဆောင်းခိုငှက်လေးရေ…
မင်းကတော့ ဆောင်းကိုကြောက်လို့
ငါ့ရင်ကို ခဏ၀င်ခိုတာပါပဲ…
ငါကတော့~~~~
မင်းဝင်ခိုတဲ့ခဏပဲ နွေးခဲ့ရတယ်ဆိုတာ မင်းမှမသိတာ…
နှလုံးသွေးနဲ့ ပြတိုက်တခု ဆောက်လုပ်လို့ရမယ်ဆို
အဲဒိမှာ မင်းရဲ့နွေးထွေးမှုလေးကို ဖန်ပေါင်းချောင်နဲ့ သိမ်းထုပ် ပြသထားချင်တယ်
နေကွယ်ဘ၀ရဲ့ အေးစက်မှုတွေမှာ မင်းရဲ့ အရေးပါမှုတွေ
နှောင်းလူတွေ သိစေ့ချင်တယ်  ငှက်လေးရယ်~~~~   ~~~~

In: ကဗျာ Posted By: Date: Mar 12, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment