Professional Authors

ချစ်လို့…

ချစ်လို့…

 

 

ချစ်သူ… မင်းနဲ့ငါက

ကမ်းတဖက်စီမှာ မဟုတ်ပါဘူး…

 

မြစ်ဆုံတခုမှာ ရပ်နေကြတာပါ

ဘယ်တော့ ဧရာဝတီ ဖြစ်မလဲ အတွေးနဲ့ပေါ့…

 

မင်းဖက်ကဟထားတဲ့ တံခါးတချပ်ကို တွန်းဖွင့်ဖို့

အားအင်က ဘုရားသခင်ဆီမှာပဲ ရှိပါတယ်…

 

ကောင်းကင်ထက်က တပွင့်တည်းပန်းကို မျှော်ကြည့်ရတာ

တခါတခါ မှန်ပြောင်းနဲ့တောင် ၀ါးတားတားပါပဲ…

 

အန်တရာယ်များတဲ့ ငါ့..ခယောင်းတောလမ်းမှာ

ကမ်းလင့်မယ့်လက်ဆိုတောင် မလှမ်းဝံ့ပါဘူး…

 

Negative Sign တွေနဲ့ ငါ့ကို လှည့်မကြည့်ချင်တော့ဘူး ဆိုလဲ

နေပါစေ ချစ်လို့ပဲ ဖြေပါရစေ…

In: ကဗျာ Posted By: Date: Mar 7, 2011
Comment #1

ဘုန်းလက်၇ုံး အားပေးသွားပါတယ်
Negative Sign တွေနဲ့ ငါ့ကို လှည့်မကြည့်ချင်တော့ဘူး ဆိုလဲ

နေပါစေ ချစ်လို့ပဲ ဖြေပါရစေ…

commentinfo By: genius.jinx28 at Mar 8, 2011
Comment #2

မိုက်တယ်..အားပေးသွားတယ်….

commentinfo By: အသဲကွဲမိုး at Mar 8, 2011
Comment #3

ကျေးဇူးတင်ပါတယ်…
အခုလို အားပေးတဲ့ အတွက်…

Comment #4

အတွေးဆိုတာ အတွေးမှာပဲ ရပ်သွားတက်တာ

ဒါလက်တွေ့လား

commentinfo By: ထိုက် at Mar 11, 2011
Comment #5

လက်တွေ့ မဟုတ်ပါဘူး…
ကိုယ်တွေ့ပါ…
လက်ရှိ ခံစားနေရတာကို ရေးထားတာပါ…
အားပေးမှုကို ကျေးဇူးတင်ပါတယ်… ထိုက်

Comment #6

မိန်းကလေး ဘက်က မင်းပြောတဲ့တံခါးတစ်ချပ်ကိုတွန်းဖွင့်လာခဲ့ရင်တောင်
မလှမ်းဝံ့ဘူးဆိုတော့ အဲဒိ့မိန်းကလေးက ဘာဆက်လုပ်လို့ရမှာလဲ

သူတောင်လာခဲ့မယ်ဆိုရင် မင်းက နေပါစေချစ်လို့ဆိုပြီးအဝေးမှာပဲ နေပါ့မယ်လို့
ပြောလိုက်မှာလား
ဒါက ချစ်တာလား ………….

တစ်မျိုးပဲနော်

commentinfo By: ထိုက် at Mar 12, 2011
Comment #7

မခေါ်ရက်တာပါ…
ချစ်မှန်း သူသိရင် ကျေနပ်နေတာပါ…
ပေါင်းတော့ ပေါင်းချင်တာပေါ့…
အလှမ်းဝေးလွန်း အားကြီးတာပါ…

Comment #8

a le,,
mike de.

commentinfo By: ei lay at Jul 18, 2011
Comment #9

ကောင်းကင်ထက်က တပွင့်တည်းပန်းကို မျှော်ကြည့်ရတာ

တခါတခါ မှန်ပြောင်းနဲ့တောင် ၀ါးတားတားပါပဲ…

commentinfo By: May Kha at Jul 18, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment