Professional Authors

အမေ့ခံသူရဲကောင်း

နှလုံးသားရဲ့အရှင်သခင်

မြင်ချင်တဲ့မင်းရဲ့မျက်နှာ

မာယာမဖုံးတဲ့မင်းအပြုံးတွေကို

မော်ဖူးခွင့်ရချင်ခဲ့တာ…………..

 

ထားရာမှာနေ စေရာကိုသွား

သံသယတွေလုံးဝမထားဘဲ

နှလုံးသားရဲ့အမိန့်တော်အောက်

နူးညံ့စွာကျဆုံးချင်ခဲ့တာ………

 

သစ္စာတရားကိုကိုင်စွဲ

ခိုင်မြဲတဲ့လက်တွေနဲ့အတူ

ကြည်ဖြူစွာတိုက်ပွဲဝင်ရင်း

မင်းရဲ့သူရဲကောင်းဖြစ်ချင်ခဲ့တာ……..

 

မလစ်ဟင်းတဲ့သတိရခြင်း

အကြွင်းမရှိတဲ့ချစ်ခြင်းမေတ္တာ

မင်းရဲ့ဥပေက္ခာအောက်မှာ

ဒူးထောက်ခဲ့ရပြီ………

 

ထားရှိခဲ့တဲ့မျှော်လင့်ခြင်း

ဒဏ်ရာတွေနဲ့ရင်းခဲ့တဲ့ငါ့ချစ်ခြင်းတွေ

ရက်စက်မှုတွေနဲ့အတူ

မင်းငါ့ကိုမေ့သွားခဲ့ပြီ………

 

ကျေနပ်ပါ့မယ်…..

ကြည်ဖြူနေမယ်

အမေ့ခံသူရဲကောင်းအဖြစ်နဲ့

မင်းကိုချစ်ခဲ့ရတာတွေအတွက်

နာကြင်စွာဂုဏ်ယူနေလိုက်ပါ့မယ်……………..

In: ကဗျာ Posted By: Date: Mar 5, 2011
Comment #1

ကျေနပ်ပါ့မယ်…..

ကြည်ဖြူနေမယ်

အမေ့ခံသူရဲကောင်းအဖြစ်နဲ့

မင်းကိုချစ်ခဲ့ရတာတွေအတွက်

နာကြင်စွာဂုဏ်ယူနေလိုက်ပါ့မယ်……………..
ကိုလွမ်းနောင် ခံစားချက်တွေပဲ အားပေးသွားပါတယ်…

commentinfo By: genius.jinx28 at Mar 6, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment