Professional Authors

မော်ဒန်သင်းကွဲ၏မနက်စာများ

သက်ပြင်းခိုးချတဲ့ 
မနက်စာလို
ပုံမှန်နေထိုင်ခွင့် ကိုမျော်လင့် ရင်း
လူ့ မှု့ ဟောင်းလောင်းပေါက်တွေကို
ဖတ်လှဲတကင်းနှာခေါင်းရှုံ့ ခွင့် 
တစ်ကယ်ဆို
ကျနော်လဲလိုချင်မိတယ်မေမေ………..
ဘ၀အဆီချနည်းသင်တန်းတွေ
တက်ရောက်ဖို့ 
နွေရာသီကျောင်းပိတ်ရက်လိုအပ်လို့ လား
သူဖြစ်ဖြစ်
ငါဖြစ်ဖြစ်ဆိုတဲ့( ကိုယ်ချင်းစာစိတ်)
့စိတ်ကိုခေါင်းပေါ်ရွတ်ရဲလို့ ကတော့ 
ကမ္ဘာလှတယ်
အဆိပ်သင့် စေနိုင်တဲ့ ပန်းကို
ပန်းလို့ မခေါ်ပါနဲ့ 
ရေမြေလိုက်ပြီးနေတက်တာမျိုးတွေပြင်လိုက်တော့ 
ကျနော်နဲ့ လူတစ်ချို့ က
မျက်နှာချင်းဆိုင်ပြီးကျောခိုင်ဖြစ်ကြတယ်………..
ကျနော်မနက်စာတွေကတော့ 
ပုံမှန်အတိုင်း
အနေအထိုင်မမှန်သေးဘူးမေမေ……….

မင်းလူန

In: ကဗျာ Posted By: Date: Mar 3, 2011
Comment #1

ရေမြေလိုက်ပြီးနေတက်တာမျိုးတွေပြင်လိုက်တော့ 
ကျနော်နဲ့ လူတစ်ချို့ က
မျက်နှာချင်းဆိုင်ပြီးကျောခိုင်ဖြစ်ကြတယ်………..

I like it all of ur words
Great!!!

commentinfo By: everstand at Mar 4, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment