Professional Authors

ချည်တိုင်

နင့်ကို ချစ်သူအဖြစ်
မပိုင်နိုင်တဲ့ ဘ၀မှာ
အရိုးရှင်းဆုံး
သူငယ်ချင်းအဖြစ်
ဆိုင်နေခွင့် နဲ့ တင်
ကျေနပ်နေရတဲ့ ငါ့အပေါ်
နင်ပေးခဲ့ ဝေဒနာတွေ
နာကျင်စေခဲ့ လို့ 
ပုဒ်မအမျိုးမျိုးတပ်
စွဲချက်တင်ကာ
နာကြည်းဖို့ 
ကြိုးစားခဲ့ တာ အခါခါ…..

နင်လှည့်စားလာတဲ့ 
မာယာတွေမှာ
ပျော်ဝင်ကာသာယာမိရင်း
ကစားနေတာလား
သနားနေတာလား
သေချာမစဉ်းစားအားဘဲ
နင့်အနားပဲ
အခါခါ ပြန်လာမိကာ
ဂျာလည်ရိုက်နေတဲ့ ငါ
နင့်ချည်တိုင်က
နွားပမာ……..။

In: ကဗျာ Posted By: Date: Mar 1, 2011
Comment #1

blar.
အားပေးသွားပါတယ်…
နင်လှည့်စားလာတဲ့ 
မာယာတွေမှာ
ပျော်ဝင်ကာသာယာမိရင်း
ကစားနေတာလား
သနားနေတာလား

commentinfo By: genius.jinx28 at Mar 4, 2011
Comment #2

thanks genius

commentinfo By: Blar at Mar 25, 2011
Comment #3

hin,,,
be thu ko pyaw tar le.
be thu ko pyaw tar le.
d hmar de de g ko hti twar p naw.

commentinfo By: ei lay at Aug 7, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment