“စဉ်းစားမိတာတွေ”
“စဉ်းစားမိတာတွေ”
ဆုံတာများတဲ့ မျက်ဝန်းတွေကြောင့်
ခုန်ရလွန်းတဲ့ ငါ့ရင်ခွင်ကို
ပြန်ငုံကြည့်ရင်း တအံ့တသြ
ငါစဉ်းစားတာက အချစ်များလား။
ကြုံလာရတဲ့ တိုက်ဆိုင်မှုတွေ
အမှတ်တမဲ့တွေကို အမှတ်တရအဖြစ်
ကြည်နှုးမိတော့ ငါစဉ်းစားတာက
ဒါဟာ စွဲလမ်းမှုတစ်ခုလား။
ဒါပေမယ့်…
မင်းမျက်နှာညို ညှိုးရိပ်ဆင်ရင်
ရင်ခွင်မှာခို အငိုတိတ်စေဖို့
မင်းလက်ကလေးကိုင် လောကကိုရင်ဆိုင်
မျှဝေဒုက္ခ ငါ့ဆန္ဒဖြစ်တာမို့
ငါစဉ်းစားမိတယ် ဒါတွေကရော ငါ့မေတ္တာလား။
နှလုံးသားက ခံစားချက်ကို
ရင်ဖွင့်ပြချင်လည်း စည်းခြားထားတဲ့
တို့အဖြစ်ကရော ကံကြမ္မာလား…လေ။
စဉ်းစားတာတွေ မရေရာပေမယ့်
ဝေးသွားတဲ့အခါ သေချာတာက
‘ ရူးမတတ် လွမ်းတယ် ‘ သူငယ်ချင်းလေးရယ်။
Comment #2
so nice
                        By: ei lay at Jan 28, 2012
                    Comment #3
read 6 times
                        By: ei lay at Feb 24, 2012
                    Leave Comments
								 Email me whenever there is new comment
								
																
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
                                           	
                                    		
                                        



 
Comment #1
ကောင်းတယ်…. အားပေးသွားတယ်