Professional Authors

ငါနဲ့ငါ

သတိမရဘူးဆိုတဲ့

အချိန်မှာတောင်

သတိရနေမိတဲ့

ငါ့နှလုံးသားကို

ငါ့ဦးနှောက်က

သနားတယ်။

ဦးနှောက်ရင်လည်း

အားကောင်းမှ

နှလုံးသားရင်လည်း

အားကောင်းမှ

ဘ၀မှာအဆင်ပြေလိမ့်မယ်

နှစ်ခုစလုံးအားကောင်းရင်တော့

အတိုင်းထက်အလွန်ပေါ့။

ငါ့မှာတော့

နှစ်မျိုးစလုံးက

အားနည်းနေတယ်ထင်ပါရဲ့ကွယ်

ငါကိုယ်တိုင်ရဲ့အမိန့်

ငါကိုယ်တိုင်ကငြင်းဆန်

ငါကိုယ်တိုင်ရဲ့ဆန္ဒ

ငါကိုယ်တိုင်ကပယ်ချ

ငါ့ကမ္ဘာမှာ ငါတစ်ယောက်တည်း

အလဲလဲအပြိုပြိုနဲ့။

သွားပါ…..

ဝေးဝေးကိုသာ ထွက်သွားပေးပါ

ငါ့စိတ်ကလက်လှမ်းမမီတဲ့နေရာအထိ

ထွက်သွားပေးစမ်းပါ ……………… ။

In: ကဗျာ Posted By: Date: Feb 25, 2011
Comment #1

သွားပါ…..

ဝေးဝေးကိုသာ ထွက်သွားပေးပါ

ငါ့စိတ်ကလက်လှမ်းမမီတဲ့နေရာအထိ

ထွက်သွားပေးစမ်းပါ ……………… ။
မေ အားပေးသွားပါတယ်… ကောင်းတယ်ဗျာ… ကဗျာလေးက

commentinfo By: geius.jinx28 at Feb 25, 2011
Comment #2

ဦးနှောက်ရင်လည်း

အားကောင်းမှ

နှလုံးသားရင်လည်း

အားကောင်းမှ

ဘ၀မှာအဆင်ပြေလိမ့်မယ်

နှစ်မျိုးစလုံးက

အားနည်းနေတယ်ထင်ပါရဲ့

ငါ့ကမ္ဘာမှာ ငါတစ်ယောက်တည်း

အလဲလဲအပြိုပြိုနဲ့။

ငါ့စိတ်ကလက်လှမ်းမမီတဲ့နေရာအထိ

ထွက်သွားပေးစမ်းပါ ……………… ။

Comment #3

ငါ့ကမ္ဘာမှာ ငါတစ်ယောက်တည်း

အလဲလဲအပြိုပြိုနဲ့။

ဖြစ်တတ်ပါတယ်

commentinfo By: kaungkinsoe at Nov 20, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment