နို့
သူတို့တွေ သိပ်ရက်စက်တယ်လေ
မိခင်မေတ္တာကို သိပါသတဲ့ဆိုပြီး
ကျွန်မတို့ သားအမိကို။
နို့တစ်ပေါက်တန်ဖိုးတဲ့လား လူသားတို့ရယ်
ကျွန်မသားလေးကို အဝတိုက်ပါရစေ
သားအမိတွေမို့လေ။
အဟာရကောင်းသတဲ့လား လူသားတို့ရယ်
ကျွန်မသားလေးတောင် ပိန်ချည့်ရောပေါ့
ခိုင်းနွားမဖြစ်ခင်လေးလေ။
သိပ်ကောင်းသတဲ့လား လူသားတို့ရယ်
ကျွန်မသားလေးအမှတ်နဲ့ သဒ္ဓါခဲ့တာ
မသဒ္ဓါရေစာ ဖြစ်သွားတယ်လေ။
နို့စာနေတဲ့ ကျွန်မသားလေး
နို့နာနေတဲ့ ကျွန်မကိုယ်တိုင်။
သံပုံးကြီးတွေနဲ့သယ်ကြ
စားကောင်းသလိုလုပ်စားကြ။
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
အဟာရကောင်းသတဲ့လား လူသားတို့ရယ်
ကျွန်မသားလေးတောင် ပိန်ချည့်ရောပေါ့
ခိုင်းနွားမဖြစ်ခင်လေးလေ။
သိပ်ကောင်းသတဲ့လား လူသားတို့ရယ်
ကျွန်မသားလေးအမှတ်နဲ့ သဒ္ဓါခဲ့တာ
မသဒ္ဓါရေစာ ဖြစ်သွားတယ်လေ။
နို့စာနေတဲ့ ကျွန်မသားလေး
နို့နာနေတဲ့ ကျွန်မကိုယ်တိုင်။
သံပုံးကြီးတွေနဲ့သယ်ကြ
စားကောင်းသလိုလုပ်စားကြ။