Professional Authors

Sorrow

 

မမြင်တာကြာပေမယ့် ရင်မှာထာဝစဉ်ရှိတာက

ပြုံးအလှနဲ့ မင်းမျက်နှာလွှာ

လည်နေတဲ့ ရာသီစက်ဝိုင်းထဲ

မပျယ်တာက ငါမေတ္တာ

အကြင်နာရေ ဖော်ကွာဝေးပေမယ့်

မျှော်ကာဆွေးကာ ငါကတော့

နှလုံးသွေးများ ရပ်တန့်သွားပါစေ

ချစ်နေမိဦးမယ်         

 

ဘော်ဒါတွေ မေးနေကြပြီ

“အချိန်ကာလတွေ နှောင်းခဲ့လဲ

မင်းအချစ်က မပြောင်းလဲတော့ဘူးလား”တဲ့

ကာလညောင်းလို့ ပြောင်းရအောင်

နှလုံးသားက ရာသီဥတုလား

ငါ့… အချစ်စာမျက်နှာက မင်းနဲ့’စ’

မင်းနဲ့’ဆုံး’ခဲ့ပြီလေ မင်းကမချစ်လဲ

နှလုံးတစ်ခု စာတစ်ရွက်မို့

ကိုယ့်ဟာကိုယ်ပဲ သိမ်းထားတော့မယ်          

 

ဒီ… နှလုံးအဖြူမှာ

စွန်းထင်ခဲ့တဲ့ မင်းပုံရိပ်

နက်နဲလွန်းလို့ မပျက်ဘူး

မယုံဘူး… မပြောပါနဲ့

မျက်လုံးချင်းဆုံအောင်ကြည့်ပါဦး… Juno ရယ်…                

In: ကဗျာ Posted By: Date: Feb 17, 2011
Comment #1

အချိန်ကာလတွေ နှောင်းခဲ့လဲ

မင်းအချစ်က မပြောင်းလဲတော့ဘူးလား”တဲ့

ကာလညောင်းလို့ ပြောင်းရအောင်

နှလုံးသားက ရာသီဥတုလား

အားပေးသွားတယ်နော်…အရမ်းကြိုက်ပါတယ်…။

commentinfo By: blackmossess at Feb 18, 2011
Comment #2

ငါ့… အချစ်စာမျက်နှာက မင်းနဲ့’စ’

မင်းနဲ့’ဆုံး’ခဲ့ပြီလေ မင်းကမချစ်လဲ

နှလုံးတစ်ခု စာတစ်ရွက်မို့

ကိုယ့်ဟာကိုယ်ပဲ သိမ်းထားတော့မယ် ။ ။

Leave Comments

Name*

Email*
Website
Email me whenever there is new comment