Professional Authors

သတိရပေးပါ

တိုးတက်တယ်  ဆိုတဲ့စကား

ငါ့အတွက်တော့ေ၀၀ါးဝါးပဲ

ရုပ်ပိုင်းဆိုင်ရာတွေတိုးတက်ပြီး

စိတ်တွေအငွေ့ပျံတက်နေတာက

တိုးတက်မှုရဲ့ပြယုဂ်လား

သိက္ခာ တရားနဲ့အရှက်တရား

မြန်မာမလေးတွေ နားမှလည်ပါ့မလား

ဟူး………………..

တွေးတွေးပြီးမောတယ်

ယဉ်ကျေးမှုဆိုတာက

ပြတိုက်ထဲမှာသိမ်းဆည်းဖို့ချည်းမဟုတ်တာ

သူတို့တွေတွေးမိရဲ့လား

ခေတ်နဲ့အမီလိုက်ဖို့က

အရှက်တရားကိုခြုံပြီး ဆို

ပိုမကောင်းပေဘူးလား…

အရာရာမှာခေတ်ရှေ့ပြေးပေမယ့်

ကိုယ့်လူမျိုးနဲ့ယဉ်ကျေးမှုအတွက်

နည်းနည်းပဲဖြစ်ဖြစ်တွေးပေးပါ

ရဲဝင့်တာနဲ့ရဲတင်းတာ

သူတို့တွေရှင်းကြရဲ့လား

အမျိုးပျက်ဖို့ဆိုတာ

အတွင်းလှိုက်စားမှုတွေကစတာပဲ။

ကိုယ့်နိုင်ငံမဟုတ်လို့မထိန်းသိမ်းတဲ့

လူမျိုးခြားတွေကိုအားကျလို့

မျက်စိမှိတ်လို့သိက္ခာမချလိုက်ပါနဲ့

အမြဲတမ်းသတိရပေးကြပါ…..

ဲမြန်မာဆိုတာက 

လူတကာငေးရမယ့် ယဉ်ကျေးတဲ့လူမျိုးဆိုတာလေးကို။                 ။

 

 

In: ကဗျာ Posted By: Date: Feb 12, 2011
Comment #1

ကိုယ့်နိုင်ငံမဟုတ်လို့မထိန်းသိမ်းတဲ့

လူမျိုးခြားတွေကိုအားကျလို့

မျက်စိမှိတ်လို့သိက္ခာမချလိုက်ပါနဲ့

အမြဲတမ်းသတိရပေးကြပါ…..
သတိတော့ရသား တကယ်ပဲ

commentinfo By: gadounlay at Feb 12, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment