Professional Authors

သရဏံဂုဏ်အကျိုး

ခုတစ်လော ကျွန်တော် အရမ်းစိတ်တွေရှုပ်ရတယ် အလုပ်ကိစ္စတွေကြောင့်ပေါ့ဗျာ။ စိတ်ငြိမ်အောင် ဆိုပြီး တရားတွေထိုင် တရားတွေ နားထောင်ဖြစ်တယ်ဗျာ။ ဒီမှာ ကျွန်တော်မသိတာလေးတစ်ခုကို တရားထဲကနေ တဆင့်သိလိုက်ရလို့ သူငယ်ချင်းတွေကို မျှဝေပေးချင်တယ်။ သိတဲ့သူတွေလည်း ရှိမယ်ထင်တယ်။ ကျွန်တော့်လို မသိတဲ့သူအနည်းစုလည်း ရှိမယ်၊ ဘာပဲ ပြောပြော မသိတဲ့လူတစ်ယောက်ပဲ ဖြစ်ပါစေ သိသွားရင်ပဲ ကျေနပ်တယ်ဗျာ။
ခုပြောချင်တာက သရဏံဂုဏ်အကြောင်းဗျ။ လူတစ်ယောက်က သရဏံဂုဏ်တည်ဖို့လိုတယ်တဲ့ ဆရာတော်က အဲလို ပြောတော့ ဒါတော့ ငါလည်း တည်သားပဲ ဗုဒံသရဏံဂစ္ဆာမိ၊ ဓမ္မံသရဏံဂစ္ဆာမိ၊ သံဃံသရဏံဂစ္ဆာမိ ဒါလောက်ကတော့ ရတာပေါ့ဗျာ။ ကျွန်တော်လည်း သတိရတိုင်းဆိုနေတာပဲလို့ တွေးမိတယ်။ ဒါပေမယ့် ဆရာတော် ဟောတာနဲ့ တက်တက်စင်အောင် လွဲတာပဲဗျာ။ ဘာလို့လဲဆိုတော့ သရဏံဂုဏ်တည်တယ်ဆိုတာ ဆိုရုံနဲ့ မပြီးဘူးတဲ့ဗျ။ ကိုယ့်ရဲ့ စိတ်ထဲမှာ ကိုးကွယ်ရာ ယုံကြည်ရာ အားထားရာ အစစ်က ဘုရား၊ တရား၊ သံဃာဆိုတဲ့ ရတနာသုံးပါးပဲ ရှိရမယ်။ တခြား ဘယ်ဘိုးတော်၊ ဘယ်မယ်တော်မှ စိတ်လေးနဲ့တောင် ညွှတ်လို့မရဘူးတဲ့ဗျ။ ဒီမှာ အထူးပြောချင်တာက မိန်းကလေးတွေကိုပါ။ မိန်းကလေးတွေ အများစုက သူများအားကိုးချင်စိတ်တွေ များတတ်ကြတော့။ လက်ဆုပ်လက်ကိုင်ရှိတာရော မရှိတာရော အကောင်အထည်မရှိတာရော ရှိတာရော မျက်စိမှိတ်အားကိုး တတ်ကြလွန်းလို့ပါ။
ဘိုးတော်တွေ မယ်တော်တွေကို အလွန်အမင်းယုံကြည်အားကိုးစိတ်ဝင်သွားပြီဆိုရင်ပဲ သရဏံဂုဏ်လည်း ကျိုးရောပဲဗျ။ ဘုရားထက် အားကိုးလို့ရတယ်ဆိုတာကို အော်တိုမတ်တစ် လက်ခံလိုက်သလို ဖြစ်သွားလို့ပေါ့ဗျာ။
ဒီမှာ ကျွန်တော်တို့ ပြောစရာရှိတာက ခု ကျွန်တော်တို့က လောကီမှာ ကျက်စားနေကြတယ့် လူတွေဖြစ်တဲ့အတွက် စီးပွားရေးကောင်းဖို့၊ အနေအထားတွေ မတိမ်းစောင်းစေဖို့ ဗေဒင်တို့ ယတြာယာတို့ဆိုတာ လူအများစုအတွက် မသိချင်ယောင် ဆောင်နေလို့ မရတဲ့ အရာတွေ မဟုတ်လားဗျာ။ လုပ်တော့ လုပ်ပါ ဒါပေမယ့် စိတ်ထားတတ်ဖို့ အရေးကြီးပါတယ်။ စိတ်ထဲမှာ အလွန်အမင်းအားကိုး ယုံကြည်စိတ် မဖြစ်မိပါစေနဲ့။ ဦးချကန်တော့တာကအစ လူကြီးသူမတစ်ယောက်ကို ကန်တော့တဲ့ စိတ်ကလေးနဲ့သာ ကန်တော့ပါ။ ကိုယ်လုပ်ခဲ့တဲ့ ကုသိုလ်တွေကို အမျှဝေပေးပါ။ ကိုယ့်ကို ဘာမှ မလုပ်နိုင်ပါဘူး။ တချို့တွေကလည်း ရိုးရာတွေဘာတွေ ရှိနေလို့ မစွန့်ရဲတဲ့သူတွေ ရှိချင်လည်း ရှိမယ်။ ဆရာတော်ပြောသလိုသာ စိတ်ကလေးကို ပြင်ကြည့်စေချင်ပါတယ်။
အပါယ်မလားတဲ့ နည်း(၇)နည်းရှိတယ်တဲ့။ ကျွန်တော် ဝေမျှလိုက်ပါတယ်ဗျာ။
(1) သရဏံဂုဏ်တည်တဲ့ သူ
(2) ငါးပါးသီလမြဲတဲ့သူ
(3) ၀ါဆိုသင်္ကန်းကပ်တဲ့သူ
(4) စာရေးတံမဲလှူတဲ့သူ
(5) ကျောင်းသင်္ခမ်းလှူတဲ့သူ
(6) အာရုဏ်ဆွမ်း နေ့ဆွမ်း နေ့စဉ်မပြတ်ကပ်တဲ့သူ
(7) ရေတွင်း၊ ရေကန်လှူတဲ့သူတဲ့
အားလုံး လုပ်စရာမလိုပါဘူး၊ ကိုယ်နိုင်တဲ့နည်းလေး တစ်နည်းပဲဖြစ်ဖြစ် လုပ်နိုင်ရင် ရပါတယ်ဗျာ။ သရဏံဂုဏ်တည်ရင်တော့ အကောင်းဆုံးပေါ့ဗျာ။

သရဏံဂုဏ်အကျိုးကို ပြောပြမယ်၊ ရှေးဇာတ်လမ်းပေါ့ဗျာ ………… အရင်တုန်းက တိုင်းပြည်တစ်ပြည်မှာ မင်းတစ်ပါးအုပ်စိုးတယ် အဲဒီမင်းဟာ မိရိုးဖာလာ ဗုဒဖာသာပေါ့ဗျာ။ တိုင်းပြည်မှာ ရှိတဲ့ ပြည်သူတွေအားလုံးဟာလည်း ဗုဒဘာသာတွေချည်းပဲတဲ့။ တစ်ခုထူးဆန်းတာကတော့ ဘုရင့်အနားမှာရှိတဲ့ မူးမတ်အများစုကတော့ ဘာသာခြားတွေ ဖြစ်နေတယ်တဲ့။ ဒါကြောင့် မူးမတ်တွေက ဘုရင်ကို အမျိုးမျိုးစည်းရုံးသွေးဆောင်ကြတယ်၊ အရှင်မင်းကြီး ဘာလို့ သေပြီးသွားတဲ့ သူကို ရုပ်တုထု ကိုးကွယ်ရတာတုံး၊ အဲဒီ သူက သေလို့ လူပြည်မှာတောင် မရှိတော့ဘူး။ ဒီ ရုပ်တုကြီးက ကျက်သရေမရှိဘူး မကိုးကွယ်ပါနဲ့။ ကျွန်တော်တို့ ကိုးကွယ်တဲ့ ဘုရားကတော့ ဘယ်တော့မှ မသေဘူး။ သက်ရှိထင်ရှားလည်းရှိတယ်ဆိုပြီး အမျိုးမျိုး သွေးဆောင်ကြတယ်တဲ့။ ကြာတော့ ဘုရင်လည်း နဂိုကမှ ဗုဒဖာသာဆိုတော့ ဘာသာပြောင်းလိုက်ရောတဲ့။

ဘုရင်လည်း ဘာသာပြောင်းရော တိုင်းသူပြည်သားတွေလည်း ဒုက္ခပွားရောပဲတဲ့။ ရှိသမျှ လူတွေအားလုံး ဘာသာပြောင်းရမယ်၊ ဆင်းတုတော်တွေ အားလုံးလွှတ်ပစ်ရမယ်၊ တကယ်လို့ ဆင်းတုတော်လက်ဝယ်တွေ့ရင် သေဒဏ်ပဲတဲ့။ (ခုထက် ဆိုးတယ်နော်) သူက အဲလိုလဲ ရာဇဒဏ် ပေးလိုက်ရော တိုင်းသူပြည်သားတွေ အားလုံးလည်း ကြောက်အားလန့်အားနဲ့ လွှတ်ပစ်ကြတာပေါ့ဗျာ။ ဒါပေမယ့် တိုင်းပြည်တစ်ပြည်လုံးမှာ ဘုရားကို တကယ်ယုံကြည်အားထားတဲ့သူ တစ်ယောက်တော့ ရှိသတဲ့။ အဲဒီမိန်းကလေးဟာ သရဏံဂုဏ်လည်း ဆောက်တည်သူဖြစ်တယ်တဲ့။ ဒါကြောင့် သူမဟာ ဘုရားဆင်းတုတော်ကို လုံးဝ လွှတ်မပစ်ဘူးတဲ့။ တခြားသူတွေ ပစ်ထားတဲ့ ဆင်းတုတော်တွေတောင် ကောက်ယူပူဇော်လိုက်သေးတယ်တဲ့။ သူ့မိဘတွေက လွှတ်ပစ်ဖို့ ပြောလည်း မရဘူးတဲ့။ သူ အသေခံမယ် ဒါကြောင့် မပစ်ဘူးလို့ပဲပြောတယ်။ နောက်တော့ ဘုရင်က သိသွားတယ်ဆိုပါတော့။ သူ့ကို ဆင်နင်းသတ်ခိုင်းတယ်။

ဗဟုသုတအဖြစ် ပြောပြမယ် အရင်ခေတ်က ဆင်နင်းသတ်တယ်ဆိုတာ အရက်စက်ဆုံး သတ်နည်းပဲတဲ့ဗျာ။ ဆင်ကို လူသတ်နည်း သင်ပေးထားတယ်တဲ့။ ရင်ဝကို တစ်ခါတည်း ခြေထောက်နဲ့ နင်းသတ်တာ မဟုတ်ဘူးတဲ့ ခြေထောက် လက်တစ်ဖက်စီကို နှာမောင်းနဲ့ လိမ်ချိုး ပြီးတော့မှ နင်းသတ်တာတဲ့ ဝေဒနာခံစားရအောင်လို့ အဲလို သတ်တာတဲ့ဗျာ။ အဲဒီ မိန်းကလေးကို အဲလို သတ်မယ်ပေါ့ဗျာ။ ဒါပေမယ့် ဆင်ဟာ မိန်းကလေးနားရောက်တာနဲ့ လှည့်ပြေးတော့တာပဲတဲ့။ နောက် လူသတ်ဆင်တွေ တစ်ကောင်ပြီးတစ်ကောင်သာ ပြောင်းသွားတယ် မိန်းကလေးနားကိုတောင် မရောက်ဘူးတဲ့။ မူးမတ်တွေကလည်း အချင်းချင်း တိုင်ပင်ကြတယ် ဒီကောင်မ မသေလို့မဖြစ်ဘူး သေမှ ဖြစ်မယ် မသေရင် ငါတို့ ဒုက္ခရောက်မယ်ဆိုပြီး ဘုရင်ကို လှည့်ပတ် လျှောက်တင်ကြတယ်။ ဒီကောင်မဟာ စုန်းမဖြစ်တာကြောင့် သတ်လို့မရတာပါဘုရား။ စုန်းဆိုတာ မီးကို ကြောက်ပါတယ်။ မီးနဲ့ သတ်ပါလို့ ပြောတယ်တဲ့။ ဘုရင်ကလည်း ဒါဆိုလည်း သတ်စေပေါ့  (ခေါင်းဆောင်တွေ ဦးနှောက်မရှိတာက အဲဒီက စမယ်ထင်တယ်)။
ဒါကြောင့် မိန်းကလေးကို ထင်းမီးတွေနဲ့ ရှို့သတ်ပြန်တယ် ဒါလည်း မရဘူးတဲ့ အမွေးတစ်ပင်တောင် မီးမဟပ်ဘူးတဲ့။ နေသာ စောင်းသွားတယ် ထင်းတွေလည်း ကုန်လှပြီ။ မသေဘူးဖြစ်နေတယ်။ (မီးသဂြိုဟ်စက်ထဲ ထည့်ကြည့်ရင် ဘယ်လို နေမလဲ မသိဘူးနော်)။ နောက်ဆုံးမှာ ဘုရင်က မထူးပါဘူး အရှင်လတ်လတ် မြေမြုပ်သတ်ဆိုပြီး အမိန့်ချလိုက်တယ်။ အဲလိုနဲ့ မြေမြုပ်ဖို့ လုပ်နေတုန်းမှာ ဘုရင်က အတွေးတစ်ချက်ပြောင်းသွားတယ် ကောင်မလေးနားကပ်ပြီး နင် ဘာလို့ သေချင်ရတာလဲ။ နင် အဲလောက်သတ္တိရှိနေတာ ဘာကို အားကိုးနေလို့လဲ။ နင် ဘာသာပြောင်းရင် ငါ နင့်ကို လွှတ်ပေးမယ်လို့ပြောတယ်။ မိန်းကလေးကလည်း မပြောင်းဘူးပဲ ဇွတ်ငြင်းတယ်။ ဘုရင်က စိတ်အချဉ်ပေါက်ပြီး မင်းရဲ့ အိမ်မှာ ဆင်းတုတော်တွေရှိတယ်လို့ ငါကြားတယ် မင်းဒီနေရာကနေ ပင့်ပေးနိုင်ရင် မင်းကိုလည်း သေဒဏ်ကလွှတ်မယ် ငါလည်း ဘာသာပြန်ပြောင်းမယ်ဆိုပြီး ပြောတယ်တဲ့။ မိန်းကလေးကလည်း အရှင်မင်းကြီး တကယ်လားလို့ မေးတယ်။ ဘုရင်ကလည်း မင်းမိန့်လို့ ပြောတော့။ (ကတိတော့ တည်သားနော်၊ ဒီခေတ်မှာတော့ မှန်မှန်ကြီး သိသော်လည်း မှားမှားကြီး ဆက်လုပ်နေတာပဲနော်) မိန်းကလေးက ကြိုးဖြည်ခိုင်းပြီး သစ္စာဆိုပင့်တယ်တဲ့ သူ့အိမ်မှာ ရှိတဲ့ ဆင်းတုတော်တွေဟာ ကောင်းကင်ကနေ ဘုရင့်ရှေ့မှောက် ကြွလာကြတယ်တဲ့။  နောက်ဆုံး ဘုရင်က နောင်တရ ဘာသာပြန်ပြောင်းဆိုပါတော့ဗျာ။

ခု ကျွန်တော် ပြောချင်တာက သရဏံဂုဏ်အစွမ်း ဘယ်လောက်ကြီးတယ်ဆိုတာကိုပါ။ သေခြင်းတရားတွေထဲကတောင် ကယ်ထုတ်နိုင်ရင် ဘာမဟုတ်တဲ့ လောကီအရှုပ်ထုပ်တွေကိုလည်း ဖယ်ရှားပေးနိုင်မယ်လို့ ကျွန်တော် ယူဆတယ်ဗျာ။ ဒါကြောင့် လောကီအတွက်ရော လောကုတ္တရာအတွက်ရော ကျွန်တော်တို့တွေ မျိုးစေ့လေးချထားကြရအောင်လားဗျာ။

ခု လို သည်းခံပြီး ဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ။

(28-12-2010)
လိပ်ပြာ

Comment #1

Nice post! ဟုတ်ပါတယ်။ ကိုယ့်စိတ်ထဲကနေ သရဏဂုံတင်ကြည့်လိုက်ရင်တောင် စိတ်လေးက တော်တော်လေး အေးချမ်းသွားတယ်။ ကိုလိပ်ပြာ ကိုယ်ပိုင် website မရှိဘူးလား။ သီးသန့် ဖတ်ကြည့်ချင်လို့ပါ။
Yours Reader,
Htoke Htoke.

commentinfo By: Htoke Htoke at Dec 28, 2010
Comment #2

အားပေးသွားတဲ့ ထုပ်ထုပ်ကို ကျေးဇူးတင်ပါတယ်ဗျာ။ ကျွန်တော် ကိုယ်ပိုင် webpage တင်ရလောက်အောင် အရည်အချင်း မရှိသေးပါဘူးဗျာ…. ခုမှ ကြိုးစားဆဲပါ… ကျွန်တော်ရေးထားတာတွေကို လွယ်လွယ်ကူကူ ရှာချင်တယ်ဆိုရင် ဒီစာမျက်နှာရဲ့ ဘယ်ဘက်မှာရှိတဲ့ poemscorner Authors ဆိုတဲ့ နေရာမှာ ကျွန်တော့် နာမည် ရွေးပြီးတော့ ရှာဖတ်နိုင်ပါတယ်ဗျာ။ ကျေးဇူးအထူးတင်ပါတယ်ဗျာ…………….

Comment #3

ကောင်းလိုက်တာ။အမလဲဒီလိုစာမျိုးတွေတင်ချင်တာ။စိတ်ဝင်စားမယ်ဆိုရင်အရှင်ဆေကိန္ဒတရားစာအုပ်တွေ
ဖတ်ကြည့် ပါလား။အခုရေးတဲ့ပုံပြင်ကအရှင်ဇ၀နစာအုပ်ကလား။အဲဒီမှာလဲဖတ်ရလို့ ပါ။အရှင်ဇ၀နရေးတဲ့
ယုံလို့ ပုံအပ်မိသူများစာအုပ်ကိုလဲဖတ်ကြည် နော်။အဲဒီစာအုပ်လဲကောင်းတယ်။တရားစာအုပ်အားလုံးကောင်းပါတယ်။ဖတ်ရတာစိတ်ချမ်းသာတယ်။အခုလိုစာတွေများများတင်ပေးနော်။အမကmyanmar typing သိပ်မရလို့ ။အားပေးနေပါတယ်လိပ်ပြာလေး။

commentinfo By: phyuphyu at Dec 29, 2010
Comment #4

ဒီလိုစာမျိုးလေးတွေတင်ပေးလို့..ကျေးဇူးပါ…တကယ်ဖတ်သင့်သိသင့်တာတွေပဲ

commentinfo By: အသဲကွဲမိုး at Dec 29, 2010
Comment #5

ကောင်းလိုက်တာ။အမလဲဒီလိုစာမျိုးတွေတင်ချင်တာ။စိတ်ဝင်စားမယ်ဆိုရင်အရှင်ဆေကိန္ဒတရားစာအုပ်တွေ
ဖတ်ကြည့် ပါလား။အခုရေးတဲ့ပုံပြင်ကအရှင်ဇ၀နစာအုပ်ကလား။အဲဒီမှာလဲဖတ်ရလို့ ပါ။အရှင်ဇ၀နရေးတဲ့
ယုံလို့ ပုံအပ်မိသူများစာအုပ်ကိုလဲဖတ်ကြည် နော်။အဲဒီစာအုပ်လဲကောင်းတယ်။တရားစာအုပ်အားလုံးကောင်းပါတယ်။ဖတ်ရတာစိတ်ချမ်းသာတယ်။
အခုလိုစာတွေများများတင်ပေးနော်။အမကmyanmar typing သိပ်မရလို့ ။အားပေးနေပါတယ်လိပ်ပြာလေး။

commentinfo By: phyuphyu at Dec 29, 2010
Comment #6

ကျေးဇူးတင်ပါတယ် မဖြူ ခုလိုအားပေးလို့ ကျွန်တော်က တရားနာတာခင်ဗျ။ စာအုပ်ကတော့ မ၀ယ်ဖြစ်ဘူး။ တရားကတော့ အရှင်ဇ၀နနဲ့ အရှင်သုမင်္ဂလဟောတဲ့ တရားတွေကို နာတာများတယ်။ တခြားဆရာတော်တွေလည်း အလျဉ်းသင့်ရင် သင့်သလို နာဖြစ်ပါတယ်။ အစ်မကို စာအုပ်လေးတစ်ခု ပြန်ညွှန်းပါရစေ . .. အရှင်မဟာဇနကာဘိဝံသရေးတဲ့ ကိုယ်ကျင့်အဘိဓမ္မာဆိုတဲ့ စာအုပ်လေးကို ဖတ်ကြည့်ပါ အရမ်းကောင်းပါတယ်ခင်ဗျာ . . . ဖတ်ဖူးတယ်ဆိုရင်လည်း သူများတွေကို လက်ဆင့်ကမ်း ပေးလိုက်ပါ။ တကယ့် စိတ်နှစ်ပြီးတော့ ဖတ်ပါ အရမ်းကို ကောင်းလွန်းလို့ပါဗျာ။။။

ကျေးဇူးတင်ပါတယ် ခင်ဗျာ…. အားတွေလည်း ရပါတယ်။

Comment #7

လာရောက် အားပေးတဲ့ အသဲကွဲမိုးကိုလည်း ကျေးဇူးတင်ပါတယ်ခင်ဗျာ . . . ကျွန်တော်စာတွေ ဆက်ရေးနိုင်တာက ခုလို အားပေးတဲ့သူတွေ ရှိလို့ပါဗျာ။ ကျေးဇူးတင်ပါတယ်ဗျာ……..

Comment #8

အဲဒီစာအုပ်ဖတ်ဖူးတယ်။အခုနောက်တစ်ခေါက်ထပ်ဖတ်နေပါတယ်။ဖတ်တိုင်အသိတွေတိုးတိုးနေလို့ ပါ။
ဓမ္မဒါနပြုဖို့လဲစဉ်းစားထားပါတယ်။တရားနာတယ်ဆိုရင်ဆိုဒ်တခုပေးမယ်နော်။
http://www.dhammadutaonline.com
ပါရမီဆယ်ပါးတရားကိုနာကြည့် ပါ။နားဖူးတယ်ဆိုရင်လဲထပ်နာကြည့် စေချင်ပါတယ်
။နားတိုင်းအသိတွေတိုးရလို့ ပါ။

commentinfo By: phyuphyu at Dec 29, 2010
Comment #9

ဟုတ်ကဲ့ပါ မဖြူ …. ကျွန်တော် ထပ်ပြီး သေသေချာချာ နာကြည့်ပါ့မယ်။ ကျေးဇူးတင်ပါတယ်ဗျာ ….

Leave Comments

Name*

Email*
Website
Email me whenever there is new comment