Professional Authors

တနေ့တာ

နေမင်းကြီး အိမ်ထဲဝင်ရောက်လာတဲ့ အချိန်မှာ
မြင်းတစ်ကောင်ရဲ့ အားအင်တွေနဲ့
နိုးထခဲ့တယ် . . .
အကောင်းဆုံးတွေ စွမ်းဆောင်နိုင်မယ်ဆိုတဲ့
ယုံကြည်ချက်တွေနဲ့ပေါ့ . ..
နေမင်းကြီး နေ့လည်စာ စားသုံးနေချိန်မှာတော့
ကျွန်တော် မွန်းကျပ်ပူလောင်စ ပြုနေပြီ
ဖြစ်နိုင်ရင် အဝေးဆုံးကို ထွက်ပြေးလိုက်ချင်တယ်
ဒါပေမယ့် နေမင်းကြီးပြန်ဖို့ နီးနေပြီဆိုတာ
သိနေတော့ မျှော်လင့်ချက်လေးနဲ့
စောင့်နေမိတယ် . . .
ဒါပေမယ့် အရမ်းကို ကြာလွန်းပါတယ်
နာရီလက်တံတွေက လိပ်တစ်ကောင်
အကြောဆိုင်းလှုပ်ရှားသလိုများ ရွေ့လျားနေသလား..

နေမင်းကြီးမှ မပြန်တော့ရင် ကျွန်တော် ဒီနေရာမှာတင်
တစ်ခုခုဖြစ်သွားနိုင်တယ်။

ပြန်ပါတော့ နေမင်းကြီးရယ် . . .
မင်းရဲ့ နွေးထွေးမှု့ကို အသိအမှတ်ပြုပါတယ် . .
မင်းရဲ့ တန်ဖိုးကိုလည်း လိုအပ်ပါတယ် . . .
ဒါပေမယ့်ကွာ . .
မင်းသာ ငါ့အနားမှာ အချိန်တိုင်း ရှိနေမယ်ဆိုရင်
ငါလေ …
ငါလေ..

Comment #1

တစ်နေ့ တာ…ကောင်းပါတယ်လိပ်ပြာလေးရေ……..

commentinfo By: moehtetaung18 at Dec 7, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment