မှန်မှန်ကန်ကန် ချစ်တတ်ကြဖို.
ချစ်နဲ့ ပတ်သက်ပြီး ဆောင်းပါးလေးတစ်ပုဒ်လောက် ရေးချင်တယ်။ အချစ်ကိုတော့ ကျွန်တော်သိပ်နားလည်လွန်းလို့တော့ မဟုတ်ပါဘူး။ နားလည်သလောက်ပေါ့။
အချစ်ကို ကျွန်တော်တို့ အမျိုးမျိုးဖွင့်ဆိုကြတာ ဟိုးဘိုးတော်ဘုရားလက်ထက်ကတည်းက ကဗျာတစ်မျိုး စာတစ်မျိုးနဲ့ စပ်ဆိုခဲ့ကြတာပါ။ ခုထက်ထိလည်း ဖွဲ့ဆိုနေကြတုန်းပါ မရိုးနိုင် မအီနိုင်အောင်ပါဘဲ။ ဒါပေမယ့် အချစ်ဆိုတာမျိုးကို ဘယ်လိုပဲ အနက်ဖွင့်ဖွင့် ထပ်တူညီတာလေးတွေ ရှိနိုင်သလို ကွဲပြားမှုပေါင်းများစွာလည်း ရှိပါတယ်။ အချစ်ဆိုတာ စိတ်ခံစားမှုတစ်ခုကနေ ဆင်းသက်လာတဲ့ အရာတစ်ခုပါ သဘာဝတရားက ပြုပြင်ဖန်တီးပေးမှု ၃၀% နဲ့ စိတ်ခံစားမှု ၅၀% ပတ်ဝန်းကျင်က သက်ရောက်မှု ၂၀% လောက်လို့ ပြောရင်တော့ မမှားပါဘူး။
အချစ်ဆိုတာ အမြဲတမ်းဖြစ်တည်နေတဲ့အရာမျိုးလို့ပြောရင် ပမာဏအနည်းငယ်လောက်တော့ မှန်ကောင်းမှန်ပေလိမ့်မယ်။ ဒါပေမယ့် လူအများစုအတွက်တော့ မှားလိမ့်မယ်လို့ ကျွန်တော်ထင်တယ်။ ဘာလို့လဲဆိုတော့ အချစ်ဆိုတဲ့ အရာတစ်ခုဟာ ဘ၀တစ်ခုနဲ့ ယှဉ်ရင် သေးငယ်တဲ့ အပိုင်းအစတစ်ခုလောက်ပါဘဲ။ လူရယ်လို့ ဖြစ်လာရင် အချစ်နဲ့ မကင်းနိုင်ပါဘူး။
ကျွန်တော်တို့ အမေခေတ်က ပြောတတ်ကြတဲ့ စကားစုလေးတစ်ခုရှိတယ် အချစ်ဆိုတာ ယောက်ျားတစ်ယောက်အတွက် ဘ၀မှာ တစ်စိတ်တစ်ပိုင်းပဲတဲ့ မိန်းမတစ်ယောက်အတွက်တော့ ဘ၀တစ်ခုလုံးနဲ့ ဆိုင်တယ်တဲ့။ ဟုတ်ပါလိမ့်မယ် သူ့ခေတ်သူ့အခါတုန်းကပေါ့ ခုတော့ မိန်းကလေးတွေက အချစ်တစ်ခုကို အချိန်ပေးကြည်နူးနေဖို့ အချိန်မပေးနိုင်တော့ဘူးလို့ ထင်တယ် ခေတ်က တိုးတက်လာတာနဲ့အမျှ လူတစ်ယောက် လုပ်နိုင်မှုတွေ လုပ်ပိုင်ခွင့်တွေ အခွင့်အလမ်းတွေကလည်း အရင် ကထက် ပိုပြီး ပေါ်ပေါက်လာတော့ အမှန်ပါဘဲ။
ဘယ်လိုဘဲ ခေတ်တွေ တိုးတက်လာပါစေ ကျွန်တော်တို့ မှန်မှန်ကန်ကန် ချစ်တတ်ကြဖို့တော့ အရေးကြီးတယ်၊ တစ်ယောက်နဲ့ တစ်ယောက် အပေးအယူ မျှနေဖို့ အရေးကြီးတယ်။ လူတစ်ယောက်ရဲ့ဘ၀မှာ လျှောက်လှမ်းရမယ့် လမ်းတွေ အများကြီးပါ ဒီလို လမ်းတွေ လျှောက်လှမ်းရမယ့်အခါမှာ ချစ်တယ်ဆိုတာ တစ်ခုတည်းနဲ့ မရတော့ဘူး နားလည်မှုဆိုတာလေးပါ တွဲပါလာတယ်။ အချစ်နဲ့ နားလည်မှု ပေါင်းလိုက်မှ သာယာမှု အေးချမ်းမှုဆိုတာ ဖြစ်တည်လာမှာပါ။
လူတစ်ယောက်အနေနဲ့ စစ်မှန်တဲ့ အချစ်တစ်ခုကို ရလိုက်ပီဆိုရင်တော့ နောက်ထပ် အချစ်တွေကို ဆက်ရှာမနေသင့်တော့ဘူးလို့ ကျွန်တော်ထင်တယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့မှာ လုပ်စရာတွေအများကြီးရှိတယ် အချစ်စစ်တစ်ခု ရထားပီဘဲ ဘာလို့ အချိန်တွေ ထပ်အကုန်ခံတော့မှာလဲ ကိုယ့်ရဲ့စိတ်စွမ်းအားတွေကို ဘာလို့ ပျက်ယွင်းခံတော့မှာလဲ ကျွန်တော်တို့ လူဖြစ်လာတာ အချစ်အတွက်မှ မဟုတ်တာ။ မိမိဘ၀အတွက် မိမိတကယ်ချစ်ရသူအတွက် သစ္စာတည်ဖို့လည်း လိုအပ်တယ်။ သစ္စာဆိုတာကို ဒီခေတ်မှာ ပါးစပ်နဲ့ လွယ်လွယ်ကူကူ ပြောနေကြပေမယ့်။ အဲဒီ စကားလုံးလေးဟာ အရမ်းလေးနက်ပါတယ်။
ဘ၀ တစ်ခုလုံးနဲ့ဆိုင်တယ်၊ သစ္စာမတည်တဲ့သူဟာ ဘယ်တော့မှ ကတိတည်တဲ့သူ တစ်ယောက်ဖြစ်မှာ မဟုတ်ဘူး။ မတည်ငြိမ်သူ တစ်ယောက်ပါဘဲ။
ကျွန်တော်တို့ မြတ်စွာဘုရားဟောထားတာ ရှိတယ်။ အကြောင်းကြောင့် အကျိုးဖြစ်တယ်တဲ့၊ ကျွန်တော်တို့ ဘာလို့ မကောင်းမှုတွေ ထပ်ပြုတော့မလဲ ကျွန်တော်တို့ လက်ရှိရောက်နေတဲ့ လူမှုဘ၀တွေက သေသေချာချာ စဉ်းစားကြည့်လိုက်ရင် ဆင်းရဲမှုအပေါင်း ၀န်းရံနေတာ ဒီကြားထဲမှာ ကျွန်တော်တို့အားလုံး တစ်နေ့ကျရင် သေခြင်းနဲ့ ရင်ဆိုင်ကြရဦးမယ် ဘာလို့ အကြောင်းတွေ ခံနေတော့မှာလဲ။
စိတ်ခံစားမှုတိုင်းက ခဏတဖြုတ်ပါဘဲ သာယာမှုဆိုတာလည်း ခဏတဖြုတ်ပါဘဲ။ အချစ်ဆိုတာလည်း ခဏပါဘဲ။ အိုသွားမှာပဲ။ ဘယ်လောက် အချစ်သစ်တွေ ရှာရှာ တနေ့တော့ အိုမှာပါဘဲ။ ခံစားမှု သာယာမှုက ခဏတာပါဘဲ။ အမိုက်မှောင် အမဲစက်ကတော့ နောက်ကျောမှာ အမြဲကပ်လိုက်ပါနေတာပါ။ သေသိတိုင်အောင်ပေါ့။
သစ္စာဖောက်တော့ ဘာဖြစ်လဲ၊ ဘာမှ မဖြစ်ပါဘူး။ ဒါပေမယ့် အကျိုးဆက်တွေ ဖြစ်လာတော့မယ်။ အဲလိုတွေ ဖြစ်လာရင်သာ ၀မ်းမနည်းမိပါစေနဲ့ ဖြစ်လာသမျှကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်နိုင်ပါစေ။
ချစ်တဲ့အခါမှာလည်း အချစ်မှန်ဖို့ အရေးကြီးတယ်၊ နှစ်ယောက်ဖြစ်သွားတဲ့ဘ၀တစ်ခုမှာ သာရေးနာရေးကို တက်ညီလက်ညီ လုပ်ကိုင်ဖို့လည်း အရေးကြီးတယ်၊ လက်တွဲဖော်ဆိုတာ အရမ်းကို အရေးကြီးတဲ့ သူတစ်ယောက်ပါဘဲ။ ခဏတဖြုတ်အတွက် မဟုတ်ပါဘူး လောကုတ္တရာအတွက်ပါ အဖော်ဖြစ်နိုင်ပါတယ်။ ဘုရားခေတ်ကတည်းက မိန်းမကို အကြောင်းပြုလို့ စစ်မှန်တဲ့ ဘာသာကိုရောက်ပြီး သံသရာမှ လွတ်မြောက်သွားတဲ့ ယောက်ျားတွေ ရှိသလို ယောက်ျားကို အကြောင်းပြုလို့ သံသရာက လွတ်မြောက်သွားတဲ့ မိန်းမတွေ အများကြီးပါဘဲ။
အချစ်ကို ပေါ့ပေါ့လေးတွေးရင်လည်း ရတယ်၊ လေးလေးနက်နက် တွေးရင်တော့လည်း အရမ်းကို လေးနက်တဲ့အရာတစ်ခုပါ။ တန်ဖိုး ထားတတ်သူအတွက်ကတော့ တန်ဖိုးမဖြတ်နိုင်တဲ့ စစ်မှန်မှုပါဘဲ။ သေချာတာတစ်ခုကတော့ သစ္စာတည်တဲ့သူတွေဟာ အနည်းဆုံးတော့ သာယာချမ်းမြေ့တဲ့ အိမ်ထောင်ရေးနဲ့ တည်ငြိမ်တဲ့ မိသားစုပုံစံလေးကို ထုဆစ်လို့ရမယ်လို့ ကျွန်တော် ထင်တယ်။
လူတိုင်း စစ်မှန်သော ချစ်ခြင်းနဲ့ တွေ့ဆုံပြီး သာယာချမ်းမြေ့သော လူ့ဘ၀လေးတစ်ခု ပိုင်ဆိုင်နိုင်ပါစေလို့ ကျွန်တော် ဆုတောင်းပေးပါတယ် ခင်ဗျာ။
Comment #2
ထောက်ခံပါတယ်….
By: kks at Nov 20, 2010
Comment #3
ကောင်းပါတယ်..အဲလိုပဲဖြစ်သင့်ပါတယ်
By: monmm at Nov 20, 2010
Comment #4
သူငယ်ချင်း…..မင်းက copier တစ်ယောက် ဆို၇င်တောင် မူ၇င်းေ၇းတဲ့သူကိုတော့ မင်းက ကိုယ်ချင်းစာသင့်တယ်ထင်တယ်….အခုတော့ မင်းက clip တစ်ချက်လောက် နှိပ်ပြီး ၀တ္ထုကြည်အေး ဆိုပြီး လုပ်ချလိုက်နိုင်တယ်…တော်တော်လေးစားဖွယ် ပဲကွ….။ကြည်အေး ဆိုတာ ဘယ်သူလဲ ဆိုတာေ၇ာ သိ၇ဲ့လားကွာ…
By: moehtat at Nov 21, 2010
Comment #5
Mr.johnkosonyhung, i don’t know why u changed this novel’s title and posted on this novel at our poem corner. we know well who is original author of this novel. He is butterfly who post on it nov 16th. that’s why you should respect all of original authors in here. pleas don’t make to confuse to all readers.
By: phoe kyaw at Nov 26, 2010
Comment #6
i like this novel so much.
By: ei lay at May 12, 2012




Comment #1
ူသူငယ်ချင်း ဒီလိုတော့ မလုပ်သင့်ဘူးလို့ထင်တယ်။ ကိုယ်ချင်းစာတရားလေး ထားပေးပါ ခင်ဗျာ။ ကျေးဇူးတင်ပါတယ်။ ကျွန်တော် လိပ်ပြာပါ။