Professional Authors

ချန်ထားရက်ခဲ့သူအတွက်

အချစ်တဲ့…..သူပြောခဲ့ဖူးတဲ့အကြောင်းပေါ့…..ဒါပေမယ့် အချစ်စစ်တော့မဟုတ်ခဲ့ပါ…….။

“နင်သူ့ကို တကယ်ချစ်နေပြီလား……”   တဲ့   တအံတသြမေးလာကြတဲ့စကားတွေကိုလေ ….ဂုဏ်ယူတဲ့အပြုံးတစ်ချက်နဲ့ ပြန်လည်ဖြေဆိုခဲ့တယ်…..။ ကျွန်မသူ့ကို သိပ်ချစ်ပါတယ်……။

သူ့ဘ၀က အားငယ်စရာတွေနဲ့ ပြည့်နှပ်နေတယ်….။ကျွန်မဘ၀ကလည်း ပြည့်စုံမှုတွေတော့ သိပ်မရှိပါဘူး…
ဒါပေမယ့် ကျွန်မလေ…..သူ့ဝမ်းနည်းမှုတွေတိုင်း ရင်ဘက်ချင်းထပ်တူ မျှဝေပေးခဲ့သူပေါ့။

ငါနင့် ကို အရမ်းမြတ်နိုးတာပဲ ” တဲ့
ကျွန်မကျေနပ်ခဲ့ပါတယ်……ပေးဆပ်ထားသမျှအရာရာကိုလေ ဒီတစ်ခုနဲ့ လဲနိုင်တယ်။
တဆိတ်နော်
ကျွန်မတို့နှစ်ယောက်က ……တရားဝင်ချစ်သူမဟုတ်ခဲ့ဘူးလေ (သူ့သတ်မှတ်ချက်ပေါ့)
အပြည့်အ၀နားလည်ပေးတက်တဲ့ ကျွန်မကို သူမစွန့်လွတ်ရက်ပေမယ့်……
ပိုင်ဆိုင်ခွင့်ရှိဖို့လည်း သူ စိတ်မကူးခဲ့ပါဘူး…….။
ကျွန်မရဲ့အတိတ်က ရှုပ်ထွေးမှုတွေကြောင့်…..သူမ၀ံ့မရဲ မတွဲရဲခဲ့တာလား……?
သူခင်မင်ခဲ့ဖူးတဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ ချစ်သူမိန်းကလေးဖြစ်ခဲ့ဖူးလို့လား…..?
သူ့ချစ်သူတစ်ယောက်ဖြစ်ဖို့ အရည်အချင်းတွေ ကျွန်မမှာမရှိလို့လား……?
တခါတလေ စဉ်းစားရင်းနဲ့ မြူမှုန်အဖြစ်နဲ့တောင် ပျောက်ပျက်သွားချင်မိတယ်….တကယ်ဆို ကျွန်မအတွက် သူ့ရက်စက်မှုတွေက ခါးလွန်းခဲ့တယ်……။ သူ့စိတ်သာတဲ့ဘက်မှာ သူဟာအမြဲတမ်းနေပျော်ခဲ့သူပေါ့…….။

“ငါသူ့ ကို လမ်းမခွဲနိုင်ဘူး……နင်ငါ့ဘေးမှာအမြဲရှိပေးပါဟာ……နင်ငါ့ကို ဘယ်တော့မှ မထားခဲ့နဲ့နော်…..
ဒီစကားတွေနဲ့ ကျွန်မဘ၀ရဲ့ပျော်ရွှင်ခြင်းတွေ သူ….အသေသတ်ခဲ့တာပေါ့…..။
အချိန်တွေကြာလာခဲ့ပါတယ် ……
မျှော်လင့်ခဲ့တဲ့ သူ့ဆီက ချစ်တယ်ဆိုတဲ့စကား မကြားခဲ့ရဖူးပါ……။ကျွန်မကလည်း သူ့ဘေးနားနေမြဲအတိုင်းနေခဲ့တယ်…….
သူကလည်း သူ့ပျော်ရွှင်မှုတွေကို ဘာအတွက်မှမငဲ့ဘဲ လိုသလို ဖန်တီးယူခဲ့တယ်…..။
နာကျင်ရပါတယ် ကြေကွဲရပါတယ် ခံစားနေမိတယ်…..။
ဒါပေမယ့် သူ့ဘေးနားက ကျွန်မကို မနှင်မခြင်း……သူကျွန်မကို ရက်ရက်စက်စက် မပစ်ခွာမခြင်း …….
ရှိနေခွင့်တွေနဲ့ နေသားကျနေခဲ့တာ ကျွန်မပေါ့……။

“နင့်ရဲ့ဘေးမှာ ငါ့ထက်သာတဲ့သူတွေရှိနေတာပဲဟာ…..တစ်ချိန်ချိန် နင်မေ့သွားမှာပါ”
“ပြီးတော့ နင်ငါ့ကို တကယ်ချစ်တာ ငါမယုံနိုင်ဘူး“တဲ့လေ
ဒါသူ့ခံယူချက်ပေါ့….ကျွန်မက သူ့အတွက် ပိုနေမြဲ ကျားနေမြဲ လို……
ဘာအနှောက်အယှက်မှလည်း မပေးခဲ့သလို အလိုက်သိမှုတွေကို သူက အလိုရှိခဲ့တယ်……။
ကံတရားက မတရားဘူးလို့ မစွပ်စွဲရက်ပေမယ့်………
အချစ်စစ်ဆိုတာ တန်ရာတန်ကြေး မမျှော်လင့်ရမှန်းသိလာတယ်
ကျွန်မဘက်ကနေ သည်းမခံနိုင်တဲ့ သူငယ်ချင်းတွေရှေ့မျက်ရည်ကျမိတာကလွဲလို့…….သူ့ရှေ့ရောက်တိုင်း အပျော်ရွှင်ဆုံးလူသား….
ကျွန်မဆိုတာ သူ….နားလည်ခဲ့တယ်…….။
“နင်နဲ့မတွေ့ရတာလေ ၁၄ ရက်ကျော်ပြီ……ငါနင့်ကိုတွေ့ချင်တယ်
“sorry ဟာ သူငယ်ချင်းတစ်ယောက်လာမှာ မို့လို့ ငါ…….”
            “………………………….”
             “………………………….”
အကြောင်းပြချက်တွေလေ အမျိုးမျိုးပေါ့…….မရိုးနိုင်ဘူး…..။ သူပြောခဲ့တဲ့ စကားတွေတိုင်းကို နာကျင်ရက်နဲ့ ကျိတ်မှိတ်ယုံခဲ့ပေးရတယ်…….။ မလိုအပ်တော့တဲ့ အရိပ်အမွတ်တွေ သူပြနေတာတောင်….မျက်စိဆုံမှိတ်ပြီး….တခါက ရင်ခုန်ခြင်းတွေကို …မငြိုမငြင်နဲ့ ခုံမင်ဆဲပေါ့…..။

သူနင့်ကို အရူးလုပ်နေတာ သူ့ကို ကောင်မလေးတစ်ယောက်နဲ့တွေ့လိုက်တယ်…..
နင့်အတွက် သူ ဘယ်အချိန်ပေးမလည်း…..သူအားတဲ့အချိန်တိုင်း အချိန်ပေးရမယ့်သူက နင်မှမဟုတ်တာ

ပြောကြပါတယ် ဒီလိုတွေ….ကြားခဲ့ပါတယ် ဒီအကြောင်းတွေ…….မေ့မရနိုင်သရွေ့…..ကျွန်မ ဆိုတဲ့ နာမ်စားဟာ သူ့အတွက်….ရှိနေဦးမှာပါ….။
 ပေးဆပ်မှုတွေကို သူရိုးအီသွားပြီ………။ အချစ်တွေကိုလည်း အလိုမရှိတော့ဘူး……။
သူထားရစ်ခဲ့တဲ့ ကျွန်မအတွက် ကိုယ်ချင်းစာစိတ်ဆိုတာ……သူ့မှာမရှိပါဘူး…..။
တစ်ခြားသူအတွက် သစ္စာရှိချင်လို့……။ကျွန်မကို…သူမေတ္တာ မပေးနိုင်တော့ပါဘူး…..။
ငိုနေရုံကလွဲ ဘာများတက်နိုင်ပါ့မလဲနော်…..။
တကယ်တော့ အချစ်ဆိုတာ……
ပေးဆပ်မှုတွေအရာမထင်လည်း ငိုကြွေးမှုတွေက အဖော်ပြုပေးတဲ့ ဒဏ်ရာတစ်ခုပေါ့
အချစ်ဆိုတာ……
မျှော်လင့်ခြင်းများများထားလေ ရှုံးနိမ့်မှုတွေ နဲ့ နီးစပ်လေပေါ့…….။
အချစ်ဆိုတာ……
သူနဲ့ချစ်ခွင့်ရစဉ်က အတိုင်းမသိပျော်ရွှင်ခွင့်တွေရခဲ့ပြီး………ကျန်ရစ်ခဲ့တဲ့အခါ အထီးကျန်ခြင်းတွေကို အဓိပ္ပါယ်ရှိစေတဲ့အရာပေါ့……။
ကျွန်မ သိနေပါတယ်…….
ကျွန်မရှိနေပါ့မယ်……။
ကျွန်မ ရှင်သန်နေမှာပါ……သူ့ကိုချစ်တဲ့ ကျွန်မရဲ့ဘ၀တစ်ခုနဲ့ပေါ့……။
အနာဂတ်အတွက် ကြိုးစားနေရင်း ဘယ်မှာမှန်းမသိတော့တဲ့ သူ့ကို လွမ်းနေမိဦးမှာပါ……။
ဘ၀အတွက် ရပ်တည်နေရင်း တစ်ချိန်တခါက ချစ်တက်မှုတွေနဲ့ အဖော်ပြုနေဦးမှာပါ……။
ပြီးတော့လေ…….အရာရာကို ရင့်ကျက်အောင်ကြိုးစားနေရင်း……ငိုနေဆဲဖြစ်တဲ့နှလုံးသားအတွက် ဖြေသိမ့်မှုပေးဖို့……သူ့ရဲ့အရိပ်တစ်စုံတစ်ရာကို ရှာဖွေမိအုံးမှာပါ……..။
 
အချစ်တဲ့ သူပြောဖူးတဲ့အကြောင်း နောက်ဆုံးတော့ သူ့ကိုချစ်တဲ့စိတ်နဲ့…..ကျွန်မ တစ်ယောက်တည်း……………
နေရစ်ခဲ့ရုံကလွဲ….ဘာများတက်နိုင်ဦးမှာလဲနော်………။
                          
                                                                                                                                
                                                                                                                                 4:35 PM (19 Oct 2010)

In: ဝတ္ထု Posted By: Date: Oct 19, 2010
Comment #1

ကြိုက်တယ်

commentinfo By: Zar Ni at Oct 24, 2010
Comment #2

နေ၇စ်ခဲ့၇ုံကလွဲ ဘာတတ်နိုင်အုံးမှာလဲ မကေသ၇ီ ကြိုက်တယ်ဗျာ… အမ နဲ့အတူတူ ကျွန်တော်လည်း ကျန်ခဲ့၇တာပါ

commentinfo By: genius.jinx28 at Dec 20, 2010
Comment #3

အရမ်းကောင်းပါတယ်မကေသရီ။တကယ်ပါတို့ နဲ့တူလွန်းလို့ ပါ။ဒါပေမယ့် တို့ ကတော့ သူ့ အနားမှာရှိနေတုန်းပါပဲ။
ဘယ်နေ့ ထားခဲ့ မယ်ဆိုတာကိုစောင့် နေရတဲ့ သူပေါ့။

commentinfo By: arryone at Dec 28, 2010
Comment #4

သူချစ်သူတစ်ယောက်ဖြစ်ဖို့ အရည်အချင်းတွေ ကျွန်မ မှာမရှိလို့လားဆိုတဲ့အတွေးနဲ့ သူထားခဲ့မဲ့ရက်ကိုစောင့်နေရ ကျွန်မအတွက်တော့ ( အရမ်းကောင်းပါတယ်လို့ ပြောပါစေ မကေသရီ)။

commentinfo By: moonlight at Mar 20, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment