Professional Authors

စိတ်ကူး

………………………………………

အစ မရှိ အဆုံး မရှိ……………..

နေရာ

လမ်းမကြီးရဲ့ ဘေး ကားတစ်စင်းပေါ်မှာ

အသံ

မိုးစကလေး တွေ ခပ်ကျဲကျဲ ကျနေသံ

အမြင်

ကားပြတင်းမှန်က မှုန်ဝါးဝါး ပုံရိပ်များ၊ ကားများ ဇြေးဇြေး လေးလေး အိပဲ့ပဲ့ မောင်းသွား၊ လမ်းသွား သူ မရှိ၊  အပင်ရိပ်များ ညိုတိုတို

အတွေး

ကားပျက်နေတာ ကြာမှာ  ။ ကားပေါ်က လူများ လည်း ကားပြောင်းစီး ပြီး သွားကြတာ ကြာ

ပြီ။ ငါ တစ်ယောက်တည်း။ …………………..

ဇာတ်လမ်း

တရား မျှတ မှုဆိုတာ တောင်း ဆိုစရာ မလိုဘူး ကို။ အချိန်တန်ရင် အလိုလို ………..ပီ စကားမဆုံး၊ ချစ်သူက ထွက်ခွာ။ ခပ်သဲ့သဲ့ စကားက မင်း စိတ်ကူးမယဉ်နဲ့တဲ့။

ဒီ မိုးက လဲကွာ.. …..

အာ… ကို က လဲ မိုး ရွာတာ အဆန်းမှ မဟုတ်တာ။ မိုး တွင်းမိုး ရွာ တာ၊ ဟိုမှာ ရေ စက်လေး တွေ ကြည်နေတာ ပဲ နော်ကို၊ အေး နေ မှာ ဘဲ။ ပီ တို့ မိုး တိတ်အောင် မစောင့် ဘဲ ပြန်ရအောင်လေ။ ပျော်စရာကြီး..

တိတ်နေတဲ့ ချစ်သူက တစ်ယောက်တည်း နေခဲ့။

ပိုက်ဆံ ဆိုတာ ရှာရ ခက်တယ်ကွ၊ စုထား လက်ထပ် ရင် ကုန်အုံးမှာ။ ဒီခေတ်ကြီး ထဲ မှာ ယောက်ကျား တစ်ယောက်ထဲ ရှာ လို့ မလောက်ဘူး.

ဒီမယ်ကို ဘယ်ခေတ်ပဲ ဖြစ်ဖြစ် မိန်းမ တွေ လက်ထပ်ခြင်း က ချစ်ခြင်း နဲ့ ယုံကြည်းကိုးစားခြင်း၊

အမ.. အမ.. ကားက ဒီနေ့ ပြင်လို့ မရတော့ဘူး။ တစ်ခြား ကားပေါ် အမကို တင်ပေး လိုက်မယ်။

တစ်ခြား ကား ကို အမလည်း စီးတတ်တယ်။ ဒီကား က မသွားဘဲ ရပ်နေလို့ အမ ကြိုက်လို..

ပျော်စရာကောင်း တဲ့ ၊ ပီ ရင်ခုန်ရတဲ့ အတိတ်များ ထဲမှာ ရပ် နေ ချင်တာ လား

အတွေး တစ်ချို့ ကို ပြန်ပြောင်း ချင်တာလား…………

ပီ ကို ပီ မသိ။

စိတ်ကူး ဖြစ်ဧ။်။

Comment #1

~ ကားဟွန်းတီးသံမကြားပဲ … လူလည်ခေါင် နင့်အကြောင်းတွေး … ကားသမားဆဲမှ လန့်အော်မိသောအခါ … ရောဂါ ~ 😛

ဘာမှဟုတ်ပါဘူး … ဒီစာကို ဖတ်ပြီးတော့ အဲ့ဒီ့ သီချင်းစာသားကို ပြေးမြင်မိလို့

commentinfo By: nightbird at Jun 22, 2009
Comment #2

တခန်းရပ်ပြဇာတ် ကြည့်ရသလိုပဲ …
ဆက်တင် scene တွေပါ ပါလိုက်သေးတယ်
ဒါပေမဲ့ ကောင်းတယ် …
ပျက်လို့ ရပ်နေတဲ့ကားပေါ်မှာ ထိုင်နေရင်တော့ လိုရာခရီး ဘယ်ရောက်တော့မလဲနော် …
မိန်းမတွေ လက်ထပ်ခြင်းက ချစ်ခြင်းနဲ့ ယုံကြည်ကိုးစားခြင်း – မှန်ပါတယ်၊ အလွန်ကို မှန်လွန်းပါတယ် .. သို့သော် ယောက်ျားတွေ လက်ထပ်ခြင်းက ချစ်ခြင်း နဲ့ အဲဒီ ယုံကြည်ကိုးစားသူကို တသက်လုံး နွားကဲ့သို့ ကုန်းရုန်း ရှာဖွေ ကျွေးမွေးရခြင်းပါခင်ဗျ …

commentinfo By: harry at Jun 22, 2009
Comment #3

ယောက်ကျား တွေ က နွား ဆို မိန်း မ တွေ က လယ်ရှင် ပေါ့……………….

🙂 🙂 🙂
လက်ထပ် ခြင်း ဆိုတာ နှစ်ဖက် လုံးအတွက် ချစ်ခြင်း နဲ့ ယုံ ကြည်ကိုးစားခြင်း
တစ်ဦး ကို တစ်ဦး သက်ဆုံး တိုင် အတူ လက်တွဲ ခြင်လို့၊ လက်တွဲနိုင်မယ်လို့ လည်း ယုံကြည်ကြလို့ လက်ထပ်ကြတယ် ထင်တာပဲရော်..

commentinfo By: Khine Swe Zin Thin at Jun 22, 2009
Comment #4

🙂

commentinfo By: Khine Swe Zin Thin at Jun 23, 2009

Leave Comments

Name*

Email*
Website
Email me whenever there is new comment