Professional Authors

သူ မပြောဖြစ်ခဲ့သော….

   သူကထုံးစံအတိုင်း သူမရှေ့ က coffee ခွက်ကိုသူ့ ဘက်ဆွဲယူလိုက်ရင်း ဇွန်းနဲ့ မွှေနေလိုက်တယ်…..
သူမကတော့ စားပွဲပေါ်လက်နှစ်ဖက်ထောက်ပြီး ချစ်သူရဲ့ ကရုစိုက်မှုကိုကျေနပ်မှုနဲ့ ပြုံးမြနေတယ်…
 ဇော်ကအဲလိုအလိုက်သိချစ်ဖို့ ကောင်းတာ ..
သူမ မနေနိုင်ပဲလှမ်းပြောတော့မလို့ လုပ်ပီးမှ တစ်စုံတစ်ရာက အလောတကြီးဟန့် တားလိုက်သလိုပဲ စကားလုံးတွေလည်ချောင်းဝမှာတင် ရပ်တန့် ကုန်တယ်…. ချက်ချင်းပဲသူမအမူအယာပြောင်းလဲသွားပီးခုန ကြည်နူးလက်စလေးတွေ
ပျောက်ကွယ်ကုန်တယ်…. သူမတိတ်တဆိတ်ပဲ သူမွှေပေးထားတဲ့ကော်ဖီိကို သောက်နေလိုက်တယ်…သူကတော့ သူမကိုသတိထားမိပုံမရပါဘူး… ဘေးကရှမ်းခေါက်ဆွဲပန်းကန်ကို သူမစားဖို့ အသင့်အနေထားဖြစ်အောင်ပြင်ဆင်နေလေရဲ့ ……
သက်ပြင်းချသံတိုးတိုးလေးတစ်ခုက ကော်ဖီရနံ့ တွေသင်းပျံ့ လို့ သူတို့ စားပွဲလေးတ၀ိုက်လွင့်ထွက်သွားလေတယ်…..
               +++++++++++++++
ဇော်နဲ့ သူမက  အထက်တန်းကတည်းက အခင်ဆုံးအတွဲဆုံး သူငယ်ချင်းတွေ…..  အတူစားအတူသွား စိတ်တူကိုယ်တူလည်းရှိတာမို့ တခြားသူငယ်ချင်းတွေထက် ဇော့်ကိုသူမပိုခင်တွယ်ခဲ့တယ်…
 ဇော်ကလည်း သူမဆိုးသမျှအနွံအတာခံရတဲ့ သူငယ်ချင်း…
 တစစပြောင်းလဲလာတဲ့ဇော့်အကြည့်တွေကို သူမ မသိချင်ယောင်ဆောင်ခဲ့ပေမယ့်
 နွေရာသီကျောင်းတွေပိတ်လို့  သူငယ်ချင်းတွေစုပြီးအပန်းဖြေခရီးထွက်တဲ့တစ်နေ့ မှာတော့…..

           ++++++++++++++
အုန်းလက်တွေလေတိုက်သံ…. ပင်လယ်လှိုင်းပုတ်သံတွေကြားက ဇော့်ဂီတာသံတွေသူမပြန်ကြားယောင်လာတယ်….
သူငယ်ချင်းတွေဆိုကြကကြလို့ ပီးသွားတော့ မီးပုံလေးဘေးမှာ ဇော်နဲ့ သူမပဲကျန်ခဲ့တယ်…. သူမဆီကမရွေ့ လျားတဲ့အကြည့်နဲ့ 
ဇော်ဂီတာတီးပြီးဆိုနေတဲ့သီချင်းက တလောကခေတ်စားနေတဲ့ သူငယ်ချင်းချစ်သူဆိုတဲ့သီချင်း…. သူမဇော့်ကိုသံယောဇဉ်ရှိတာ ဇော်လည်းရိပ်စားမိနေပုံရတယ်….. အတွေးနဲ့ သူမရှက်ပြုံးတစ်ခုအမြန်ဝှက်သိမ်းလိုက်ပေမယ့်
နှစ်လုံးသားနှစ်ခုက ထုတ်ဖော်ပြောစရာမလိုလောက်အောက် မျက်ဝန်းတွေမှာထင်ရှားနေတဲ့အချစ်ရိပ်တွေကနေတဆင့်… သူငယ်ချင်းဆိုတဲ့စည်းလေးကျော်ဖြတ်ဖြစ်ခဲ့ကြတယ်……

ချစ်သူတွေဖြစ်ကြလည်း အရင်ကလို ရုပ်ရှင်ကားသစ်တင်တယ်ဆို ဇော်ကလက်မှတ်အဆင်သင့်ဝယ်ထားပြီးသားပါပဲ…
တလမ်းကျော်ကရှမ်းခေါက်ဆွဲဆိုင်မှာ နှစ်ယောက်အတူတူစားကြမြဲပါပဲ….. ညနေဘက် ကမ်းနားဘက်လမ်းအတူလျှောက်ကြတယ်…. ဇော်ကအရင်အတိုင်းမပြောင်းမလဲပါပဲ…
ဒါပေမယ့် သူမအခုချိန်ထိစိတ်ထဲတနုံ့ နုံ့ ဖြစ်နေတာတစ်ခုကတော့ တစ်နေ့ တခြားပီပြင်လို့ လာတယ်…. အဲဒီတုန်းက ဇော်သူမကိုချစ်တယ်လို့ မပြောခဲ့ဘူး… ဇော်ရောသူမရောရှက်နေကြလို့ မပြောဖြစ်ခဲ့တာ တစ်နေ့ နေ့ တော့ဇော်ဖွင့်ပြောလာလိမ့်မယ်လို့ သူမထင်ထားခဲ့တယ်….ဇော်သူမကိုချစ်တာ သိနေပေမယ့် တခြားချစ်သူတွေလို  ဇော်ဖွင့်ပြောတာလေးတော့ သူမကြားချင်နေမိတယ်… ဇော်နဲ့ တွေ့ တဲ့အချိန်တိုင်း သူမမျှော်လင့်နေခဲ့တယ်….
ဇော်ကတော့ မသိသလိုနေနိုင်လွန်းတယ်….. တစ်ခါတစ်လေ ကိုးရီးယားဇာတ်လမ်းတွေထဲလို ကိုယ်ကြားချင်တာကို ရဲရဲတင်းတင်းတောင်းဆိုပြစ်လိုက်ချင်မိတယ်….

အခုလည်းကြည့်လေ…. အိမ်ပြန်ခါနီး သူ့ အိပ်ထဲကနေ မျက်လှည့်ဆရာပုံစံနဲ့  လက်ကိုထုတ်ယူပြီး ၀က်ဝံရုပ်ကလေးလက်ထဲထည့်ပေးတယ်…
ဒါကသူနဲ့ ချစ်သူစပြီးဖြစ်တဲ့ညလေးကတည်းက မပျက်မကွက်ပေးလာတာ အခုဆိုသူမကုတင်ပေါ်မှာ ၀က်ဝံသေးသေးလေးတွေပွစာတက်နေကြပြီ…. ၀က်ဝံရုပ်လေးတွေက အမွေးပွပွအရောင်စုံလေးတွေ တော်တော်လည်းချစ်ဖို့ ကောင်းတယ်….၀က်ဝံလေးတွေကိုကြည့်ပြီးသူမရင်ခုန်ပျော်ရွှင်ခဲ့ရတယ်….

+++++++++++++++++++++++++++

လက်ဖက်သုပ်ဗူးလေးကိုင်ရင်း ဇော်တို့ ခြံဝင်းထဲလှမ်းဝင်လိုက်တယ်..အိမ်ရှေ့ တခါးဖွင့်ထားရာကနေ တံခါးဘက်ကျောပေးပြီးဖုန်းပြောနေတဲ့ဇော့်ကိုမြင်တော့ နောက်ဖို့ အကြံရသွားတာနဲ့ သူမအသာလေးခြေဖော့လှမ်းဝင်လိုက်တယ်.
ဇော်ဖုန်းပြောနေပုံကထူးခြားနေသလိုပဲ…သူမအသာလေးတိုးကပ်ပြီးလှမ်းနောက်ဖို့ စိတ်ကူးတွေ တစ်စွန်းတစ်စကြားလိုက်ရတဲ့ဇော့်စကားသံအောက်မှာ….. သေချာကြားလိုက်ရတဲ့ကိုယ့်နားကိုကိုယ်မယုံနိုင်အောင်ဖြစ်ခဲ့တယ်….
ချစ်တယ် ……..ဆိုတဲ့စကားကိုဘယ်သူ့ ကိုများဇော်ပြောထွက်ပါလိမ့်…

သူမအိမ်ရောက်တဲ့အထိစိတ်တိုနေတုန်း…ဇော့်ကိုစိတ်ဆိုးတယ်ဆိုပီးချိန်းထားတဲ့နေရာ
ကိုမသွားပဲနေလိုက်တယ်…. ညနေကျတော့ဇော်အိမ်ရောက်လာတယ်….
 နင်ဒီနေ့ ဘာလို့ မလာတာလဲ…. ရော့ ငါဒါလေးလာပေးတာ….
 နေ့ လည်ကတည်းကစိတ်ဆိုးနေတာတွေချက်ချင်းခေါင်းထောင်လာတယ်….
နင်ဘာလို့ ငါ့ကိုဒါတွေပဲလာပေးနေရတာလဲ  ………. ဇော့်ကိုစိတ်ဆိုးဆိုးနဲ့ အော်ပြစ်လိုက်တယ်…ဇော်ကဘာမှပြန်မပြောပဲနဲ့ သူမလက်ထဲကို ၀က်ဝံလေးအတင်းထိုးပေးပြီးလှည့်ထွက်
သွားတော့ သူမဒေါသတွေက ၀က်ဝံလေးအပေါ်ရောက်သွားပြီး အခန်းထောင့်ကိုအားကုန်လွှင့်ပစ်လိုက်မိတော့တယ်…..
              +++++++++++++++++++++++++++

နောက်တစ်နေ့ မနက်ဇော့်ဆီက အပြင်သွားဖို့ လှမ်းခေါ်တာနဲ့ သူမအပြင်ထွက်လာခဲ့တယ်…. သူလက်ထဲမှာ ၀က်ဝံရုပ်အကြီးကြီးတစ်ရုပ်နဲ့ သူမကိုဆီးကြိုနေတယ်…. ၀က်ဝံရုပ်မြင်တော့ မနေ့ ညကစိတ်ဆိုးနေတာတွေအသစ်ပြန်ဖြစ်လာတယ်…သူပြုံးပြီးလှမ်းပေးတဲ့ဝက်ဝံကြီးကို စိတ်တိုတိုနဲ့ လမ်းပေါ်ပြစ်ပလိုက်တယ်…
သူကနားမလည်သလိုတချက်ကြည့်ပြီး သူမပြစ်လိုက်တဲ့ဝက်ဝံကြီးကိုသွားပြန်ကောက်တဲ့အချိန်လေး…လမ်းသွယ်ကနေအရှိန်နဲ့ ထွက်လာတဲ့ကားတစ်စင်းးးးးးး
   ဇော်…….မကောက်နဲ့ တော့…. နောက်မှာကားးးး ….. သူမအော်ဟစ်လိုက်သံကြောင့်ဇော်လှည့်ကြည့်လိုက်ပေမယ့်
သူမစကားတွေကို သူဆုံးအောင်မကြားလိုက်နိုင်တော့ပါဘူး…
        ဇော် !!!!   မျက်လုံးတွေပြာသွားပီး သူမအားကုန်အော်ဟစ်လိုက်သံက တစ်စုံတစ်ခုတိုက်ခိုက်မိတဲ့အသံနဲ့ ပြိုင်တူနီးပါးကျယ်လောင်သွားတဲ့နောက်….
သွေးအိုင်ထဲမှာ လဲကျနေတဲ့ ဇော့်ကို ဆေးရုံအမြန်ဆုံးပို့ လိုက်နိုင်ပေမယ့်….အရာရာနောက်ကျသွားခဲ့ပါတယ်…..

        အချိန်ခဏလေးတွင်းမှာ ဇော်ပျောက်ကွယ်သွားလိမ့်မယ်လို့ သူမဘယ်တုန်းကမှ မျှော်လင့်မထားခဲ့ဖူးဘူး…..
ဝမ်းနည်းစိတ်နဲ့ လျှံတက်လာတဲမျက်ရည်တွေနဲ့ အတူသူမခြေတောက်တွေပျော့ခွေကျလို့  ဇော်ပေးခဲ့တဲ့ဝက်ဝံရုပ်လေးတွေအားလုံးကိုဖက်ထား
လိုက်မိတယ်…. ပြီးတော့ တစ်ခါမှရေတွက်ဖို့ မကြိုးစားဖြစ်ခဲ့တဲ့ဝက်ဝံလေးတွေကို စပြီးရေကြည့်နေမိတယ်…..
 1…2….3…101…230….300..364.… အခန်းထဲမှာဝက်ဝံလေးတွေရုတ်ချည်းစုပုံသွားပြီး …
သူနောက်ဆုံးပေးခဲ့တဲ့ သူ့ သွေးတွေစွန်းပေနေတဲ့အနီရောင်ဝက်ဝံကြီးဆီလက်လှမ်းမိတယ်….
ဒါဆို သူနောက်ဆုံးပေးခဲ့တာနဲ့ ဆို 365 ပေါ့နော်….တစ်စုံတစ်ရာတွေးမိပြီးတော့သူမ ပိုဝမ်းနည်းလာမိတယ်…..
ရှေ့ မှာရှိနေတဲ့ ၀က်ဝံလေးတွေကို ခပ်တင်းတင်းပွေ့ ဖက်မိတယ်ဆိုရင်ပဲ….
           *I love you~*
    *I love you~*
သူမအရမ်းအံ့သြသွားပြီးတော့

ဝက်ဝံလေးတစ်ကောင်ကိုယူပီး ဗိုက်ကိုခပ်တင်းတင်းဖိကြည့်လိုက်တယ်….*I love you~*
        သူမတုန်ရီနေတဲ့လက်တွေနဲ့ ဝက်ဝံလေးတွေကိုတစ်ကောင်စီရူးသွပ်နေသူတစ်ယောက်လို လိုက်ပြီးဖိနေမိပါတော့တယ်….
*I love you~*
*I love you~*
*I love you~*
*I love you~*
*I love you~*
*I love you~*………………….
နောက်ဆုံးကျန်တဲ့ သွေးစွန်းနေတဲ့ဝက်ဝံရုပ်ကြီးကို မ၀ံ့ မရဲနဲ့ ဖိကြည့်လိုက်မိတဲ့အခါမှာတော့  သူမတစ်ဒင်္ဂအသက်ရှူဖို့ မေ့သွားခဲ့တယ်ထင်ပါတယ်….

         Happy Anniversary
       I always LOVE you ,
       yesterday , today and forever  ………..
      I LOVE YOU
……...…* 
 

         လက်ထဲက၀က်ဝံရုပ်ကြီးကို ရင်ခွင်ထဲ ခပ်တင်းတင်းပြန်ဖက်ထားလိုက်ရင်း……. 
    ဇော့်ကိုလည်းအရမ်းချစ်ပါတယ်....   ၀က်ဝံလေးရဲ့ နားရွက်နားကိုကပ်ပြီးအခါခါပြောနေမိပါတော့တယ်………..
 
ဇော်ကြားနိုင်လိမ့်မယ်ထင်ပါတယ်…. သူမအလွန်ကြားခွင့်ရချင်ခဲ့သော သူ မပြောဖြစ်ခဲ့သောစကားသံတွေက သူမထံပါးမှာထာဝရပျံဝဲနေတော့မှာပါ……..

          ဒါပေမယ့်……… သူ မ  သူ့ ကို လွ မ်း သ ည် …………………….

In: ဝတ္ထု Posted By: Date: Nov 15, 2012
Comment #1

သူမအလွန်ကြားခွင့်ရချင်ခဲ့သော သူ မပြောဖြစ်ခဲ့သောစကားသံတွေက သူမထံပါးမှာထာဝရပျံဝဲနေတော့မှာပါ……..

commentinfo By: mayviolet at Nov 15, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment