Professional Authors

မှန်

ကျွတ်ကျွတ်ကျွတ်……………………

ဟင်.ငါဘယ်ရောက်နေပါလိမ့်ခေါင်းတွေလဲမူးနောက်နေပါလား…သြော် . . အခန်းထဲမှာ..ဒီအခန်းကိုမြင်ဖူးနေသလိုပဲ…
ဇဝေဇ၀ါနဲ့မှတ်လဲမမှတ်မိပါလား…..ငါဘာတွေဖြစ်နေပါလိမ့်…

ဟယ်…………အခန်းထောင့်မှာကောင်လေးတစ်ယောက် ..
လက်မှာလဲစာလေးတစ်စောင်ကိုင်လို့တော်တော်ဝမ်းနဲနေပုံပဲ ….ဒီကောင်လေးကိုငါ
ကောင်းကောင်းသိပါတယ်…ဘယ်သူပါလိမ့်………
ငါ့သူငယ်ချင်းလား….သြော်ဒီဦးနှောက်ကလဲဘာမှစဉ်းစားလို.မရပါလားနော်.
..နေစမ်းပါဦး..အဲဒီစာကဘာစာမို.လို.သူကဒီလောက်တောင်ကြေကွဲနေရတာလဲ………..
အယ်…ဒီလက်ရေး…ကောင်မလေးတစ်ယောက်ရဲ့လက်ရေး..
ငါကောင်းကောင်းမြင်ဖူးတယ်…နေပါဦး..ဒီစာကသူ.ကိုအသဲခွဲတဲ့စာလဲမဟုတ်ပဲနဲ့ဘာလို.သူက………….
ကြည်.စမ်း..ကြည်.စမ်း…သူမျက်ရည်တွေကျလာပြီ…
သူ.မျက်ဝန်းတွေကအရမ်းကြေကွဲနေတဲ့ပုံပဲ…ဟော…သူတစ်ယောက်ထဲရေရွတ်နေပြန်ပြီ…..ဘာတဲ့…………
“ကောင်မလေးရယ်….ဘာလို.နင်အဲလောက်ရက်စက်ရတာလဲ”……တဲ့ဟောပြောရင်းဆိုရင်း…
သူဘာယူမလို.ပါလိမ့်…….သြော်…ဓာတ်ပုံ…ကောင်မလေးရဲ့ပုံ…..အလဲ့..သူ.ကောင်မလေးကအချောလေးပါလား
အန်………သူ.ကိုလဲငါသိနေသလိုပဲ..ငါဘယ်သူလဲ……ငါဘယ်ကလဲ………

ဟင်သူပြုံးနေပြန်ပြီ…ရေရွတ်နေပြန်ပြီ………”ကောင်မလေးရယ်….နင့်ကြောင့်အရမ်းပျော်ခဲ့ရပါတယ်…
အခုတော့အဲဒါတွေကဘယ်မှာလဲ….
“သူ သူမျက်ရည်ကျလာပြန်ပြီ….ဒီကောင်လေးတော့ရူးနေပြီထင်တယ်…….
အင်ငါ့မျက်လုံးကဘာတွေပါလိမ့်…ဟိုက်! မျက်ရည်တွေ.. မျက်ရည်တွေ ငါပါငိုမိနေလား..
ဘာလို့လဲ ..ဘာမဆိုင်ညာမဆိုင်နဲ့ငါဘာလို့မျက်ရည်ကျရတာလဲ….
ဟာ ဒီကောင်လေးနှယ်..တစ်ယောက်ထဲပြောနေပြန်ပြီ…”ကောင်မလေးရယ်ငါနင့်ကို
အရမ်းချစ်ခဲ့တာပါနင်ဘာလုပ်လုပ်ငါခွင့်လွှတ်ခဲ့တာပဲငါဘာမှားတာရှိလို.လ…
နင်နဲ့ပတ်သက်ရင်ငါ့မှာ ဘာအတ္တ ဘာမာန မှရှိခဲ့တာမဟုတ်ပါဘူး…
ငါဘာလုပ်မိလို့နင်ငါ့ကိုအကြောင်းပြချက်မရှိ ဖြတ်လိုက်ရတာလဲ…
နင်မရှိတောရင်လေငါ့ဘ၀ကိုငါဘယ်လိုလုပ်ပြီး…………..”

ဟယ်..ကောင်လေးအသံတောင်မထွက်တော့ဘူး..မျက်ရည်တွေကလဲပါးပေါ်မှာ..
အင်း….ကောင်လေးငိုနေတယ်…ငါလဲငိုနေတယ်….
ကောင်လေးငိုတာကထားပါတော့….ငါကဘာလို့……..
ဟယ် ကောင်လေးထသွားပြီ…..ဘယ်သွားမလို့ပါလိမ့်…လမ်းဘက်ကို…ဟုတ်တယ် ..လမ်းဘက်ကို….
သူဘာလုပ်မလို.လဲ…သြော် …ပလက်ဖောင်း…ပလက်ဖောင်းမှာထိုင်မလို့…

လမ်းဘေးကပလက်ဖောင်းမှာ……….ကောင်လေးရယ်…….ငါရယ်………………….
ကောင်လေး….ဓာတ်ပုံကြည့်………………..ငို…
ငါလဲ…..ကောင်လေးကိုကြည့်……………….ငို…

ကောင်လေးရယ်ငါလေ…နင့်ကိုလွတ်သနားတာပဲ…
နင်အဲဒီကောင်မလေးကိုမေ့လိုက်လို့မရဘူးလား……….နင့်ကိုအဲဒီလောက်တောင်ရက်စက်တာ…..
နဲနဲလေးတောင်မမုန်းမိဘူးလား…ကောင်မလေးတွေပေါပါတယ်ကောင်လေးရယ်….
ငါသာဆိုရင်…..ဟင်…ငါဆိုရင်ဘာလုပ်မှာပါလိမ့်………..

ဟယ်ကောင်လေးထသွားပြီ…အင်ဟိုဘက်မှာ…
ကုန်တင်ကားကြီးမောင်းလာတာမှလွတ်ကြမ်း…ဟင်ကောင်လေးဘာလုပ်မလို့ပါလိမ့်…
ဟိုက်! သွားပြီ…………………”ကောင်လေး ကောင်လေး”…………..အယ်ငါ့အသံတွေလဲမထွက်တော့ဘူး…………
ကောင်လေးကပြေး…….ငါကအော်………….ကုန်တင်ကားကြီးကလဲ တရကြမ်း…ငါ ငါ …..မျက်လုံးတွေစုံမှိတ်……
အသံ…အသံ….ဒီအသံ….

မျက်လုံးတွေပြန်ဖွင့်….ဒူးတွေညွှတ်ခွေကျ….
ကောင်လေးရယ်..နင်ဘာလို့မိုက်ရတာလဲ…..
အချစ်တစ်ခုအတွက်နဲ့ နင် ဒီလောက်တောင်ဘာလို့….
နင်သူရဲကောင်းလုပ်တာလား…မိုက်ရူးရဲတာလား………ငါကလဲငါ…ဘာလို့ကောင်လေးကိုမတားနိုင်ရတာလဲ…..
ငါကိုယ်ငါလဲအပြစ်တင်…….သွေးအိုင်ထဲကကောင်လေးကိုကြည့်…..ငါ…ရှိသမျှအားနဲ့ကုန်းရုန်းထ……

ကောင်လေး ရုပ်တောင်သဲသဲကွဲကွဲမမြင်ရတော့ဘူး….
တစ်ကိုယ်လုံးလဲသွေးအလိမ်းလိမ်းနဲ့..ကားမောင်းတဲ့ကောင်ကလဲနဲနဲမှလူစိတ်မရှိဘူး
တိုက်ပြီးမောင်းပြေးတာပဲ…ကောင်လေးခမျာ…သေရှာပြီလားမသိဘူး…
ငါ…လျှောက်တွေးနေလို့မဖြစ်သေးဘူးကောင်လေးကိုဆေးရုံပို့ရမယ်
“ကောင်လေး ကောင်လေး”ငါခေါ်တယ် ကောင်လေးပြန်မထူးတော့ဘူး..
ကောင်လေးကိုမရမယ်…ပိုးသွားရမယ်….ဒုက္ခပဲ..ငါ့မှာအားကလဲမရှိ..
ကားတွေကလဲအခုမှတစ်စီးမှမလာ……..”ကောင်လေး ကောင်လေး”ဟင်!…
ဘာလို့ပါလိမ့်…ငါခေါင်းတွေမူးမိုက်ပြာဝေကုန်တယ်…….တစ်ခုခုကိုလဲ
အကြီးအကျယ်ကြောက်လန့်သွားတယ်….
ကောင်လေး ကောင်လေးကိုငါကိုင်လို.မရဘူး…ရေကိုကိုင်သလိုပဲ….သွားပြီ….ငါကောင်လေးအတွက်
ဘာမှမလုပ်ပေးနိုင်တော့ဘူး…ငါဘာကောင်လဲ….
ငါ ငါ နဲနဲတော့သိလာသလိုပဲ…အခုသွေးအိုင်ထဲကကောင်လေးရယ်…ငါရယ်….လမ်းပေါ်မှာ..
ငါဘာလုပ်ရမလဲ ငါ ငါ ဟော…လူတစ်ယောက်လာပြီ….
ကောင်လေးကိုကြည့်နေတယ်….ပတ်ဝန်းကျင်ကိုကြည်.နေပြန်ပြီ..ငါ့ကိုမတွေ့ဘူးထင်ရဲ့
သူ….ဖုန်းဆက်နေပြီ….သူလဲကြောက်နေတယ်ထင်တယ်ဖုန်းဆက်ပြီး
သုတ်သုတ်သုတ်သုတ်နဲ့ထွက်သွားပြီ….ငါ..ကောင်လေးဘေးမှာပြန်ထိုင်…….

ကောင်လေးရယ်ငါလေ…..အချစ်မရှိရင် အသက်မရှင်ချင်တဲ့နင့်ကို လေးစားရမလား…
အပြစ်ပဲတင်ရမလား…အခု….ငါတစ်ယောက်ထဲ…
ငိုနေတယ်….နင်မရှိတော့လေ……ငါ့မှာငိုဖို့တောင်အဖေါ်မရှိတော့ဘူး….ကောင်လေးရယ် ကောင်လေး….
ကောင်လေးကသွေးတွေနဲ့ငို……ငါကမျက်ရည်တွေနဲ့ငို………

ဟောရဲတွေရောက်လာပြီ…သတင်းပို့တဲ့သူကပို့…
ကောင်လေးရဲ့အိပ်ကပ်တွေနှိုက်သူကနှိုက်….
အလုပ်ရှုပ်နေကြတယ်…ငါကိုလဲမမြင်ကြဘူး…
ထုတ်လိုက်ပြီ…ကောင်မလေးရဲ့ပုံ…….နောက်တစ်ခု……
ကောင်လေးဖတ်နေတဲ့စာ……..နောက်တစ်ခု……မှတ်ပုံတင်..ကောင်လေးရဲ့ဟာထင်တယ်..
ငါ..ကြည့်..ကြည့်..ကြည့်….နာမည်…….ငါ့နာမည်…….
မှတ်ပုံတင်ပေါ်မှာ…ဓာတ်ပုံ…..ငါ့ဓာတ်ပုံ……ငါ….ငါ……အကုန်လုံးမှတ်မိပြီ……ဟင်…
ဒါဆို ….ကောင်လေးကဟင်………ငါ…..ဒူးတွေညွှတ်ကျသွားပြန်တယ်……..
သူတို့…..သူတို့ကောင်လေးကိုကားပေါ်တင်…..ကားမောင်းထွက်…..
ငါကအော်……’နေကြပါဦး နေကြပါဦး’…..အသံတွေလဲမထွက်…………ငါ….ငါ…….ငါ………………

လမ်းမကြီးပေါ်မှာဝိဥာဉ်တစ်ကောင်ငိုနေပါတယ်။

Thaw2244 ခံစားရေးသားသည်။

In: ဝတ္ထု Posted By: Date: May 26, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment