Professional Authors

farm ville ချစ်သူ ..

ဟေ့ကောင် ..မင်းက on lineမှာအမြဲရှိတယ်ဆိုတော့မင်းကို Game တစ်ခုပေးမယ်မင်းဆော့ကြည့်ပါလားတဲ့သူငယ်ချင်းတစ်ယောက်ကပြောတယ် ..ဘာရယ်မဟုတ်ဘူး ကျွန်တော်လဲပျင်းနေတာနဲ့ဆော့ကြည့်လိုက်တယ် ..ကျွန်တော်ဆော့တဲ့Game က www.facebook.com ထဲက farm ville ပါ ..အပင်တွေစိုက်ရတယ် ရိတ်တဲ့အချိန်မှာရိတ်ရတယ် ..အကောင်လေးတွေမွေးရတယ် ..ဒီလိုနဲ့ဆော့လာခဲ့တာ level တွေလဲတစ်ခုပြီးတစ်ခုတတ်လာလိုက်တာ..ပြီးတော့အဲ့ဒီ့Game က Neighbors တွေကို လိုက်ပြီး Add ရတယ်လေ..အပေါင်းအသင်းရှာရတာပေါ့ ..။
ဒီလိုနဲ့ပဲဆော့ရင်းဆော့ရင်းနဲ့ကောင်မလေးတစ်ယောက်နဲ့တွေ့ ပါလေရော သူနာမည်က (သဲ) တဲ့ ..ဖြစ်ချင်တော့ သူတို့ဆော့တဲ့Game က ကျွန်တော်နဲ့ကောင်မလေးကLevel လဲအတူတူပဲ တစ်ယောက်နဲ့တစ်ယောက်လက်ဆောင်တွေအပြန်အလှန်ပေးကြတာပေါ့ ..ပြီးတော့သိပ်မကြာဘူးကျွန်တော်သူ့ ကိုချစ်ရေးဆိုခဲ့တယ် ..သူကစဉ်းစားမယ်ဆိုပြီးအချိန်တစ်နှစ်စောင့်ခိုင်းတယ် ဒါနဲ့ပဲကျွန်တော်စောင့်ခဲ့ရတာပေါ့…Game ကိုတော့ဆက်ဆော့နေကြတုန်းပဲလေ.. တစ်နှစ်ပြည့်တော့သူကျွန်တော်ကိုအဖြေပေးခဲ့တယ် ရိုးရိုးလေးပဲပြောလိုက်တယ် ..ချစ်ပါတယ်တဲ့ ၊၊
ကျွန်တော်တို့ ချစ်လာခဲ့ကြတာ သုံးလလောက်မှာ သူသုံးတဲ့ pass word ပေးတယ် သူ ဆော့တဲ့Game ကို သူမအားတဲ့အခါကျွန်တော်ဝင်ပြီးဆော့ရတယ်လေ..ကျွန်တော်မအားရင်လဲသူဆော့ပေးပါတယ် ဒီလိုနဲ့ ကျွန်တော်ခရီးသွားစရာရှိလို့ အထက်မြန်မာပြည်ဘက်ကိုခရီးထွက်ခဲ့ရတယ် ..အဲ့ဒီ့ နယ်မြို့လေးကခေါင်တယ် Inter net ဆိုင်မရှသလို ဖုန်းတောင်ဆက်လို့ မရတော့ သဲ နဲ့ကျွန်တော်အဆက်အသွယ်ပြတ်ခဲ့ရတယ်လေ..
ကျွန်တော်အဲ့ဒီ့ မြို့ လေးမှာ နေရင်းနဲ့ ငှက်ဖြားရောဂါရပြီး အပြင်းဖျားပြီးသတိမေ့ မျောခဲ့ရတယ် ..
ကွ်ျတော်သတိရတော့ ကျွန်တော့် အိမ်မှာပဲကျွန်တော်ပြန်ရောက်နေတယ်.. တစ်ခုထူးခြားတာက ကျွန်တော်နေလို့ ထိုင်လို့ အရမ်းကောင်းနေတာပဲ ..ခန္ဒာကိုယ်ကလဲတော်တော်လေးကိုပေါ့ပါးနေတယ် ….
ဒါနဲ့ကျွန်တော်ကွန်ပျူတာရှေ့ ထိုင်ပြီ ကျွန်တော်ချစ်ရတဲ့သဲ ရဲ့ မပြီးနိုင်တဲ့ Game ကို ဆော့ပေးလိုက်တယ် ..ကျွန်တော်ဆော့တဲ့ညမှာပဲ သူ Level တစ်ခုတတ်သွားတယ်
ကျွန်တော်သူ့ ကို ညတိုင်းဆော့ပေးတယ် ဖုန်းတော့မဆက်ဖြစ်ဘူး …ဖုန်းဆက်တော့ကိုင်မဲ့သူမရှိလို့  သူလဲခရီးသွားနေတယ်လို့ ထင်ခဲ့တယ် သူလဲအလုပ်ကိစ္စနဲ့ခဏခဏခရီးထွက်ရတော့ ကျွန်တော်ကသာမာန်လိုပဲထင်တာပေါ့ …

တစ်ညမှာကျွန်တော်အိပ်လို့ မပျော်လို့ Mail ဖွင့်စစ်လိုက်တော့ကျွန်တော်ချစ်ရတဲ့ သဲ ရဲ့ နေစသ်လိုလိုပိုထားတဲ့မေးလ်တွေတော်တော်များများတွေ့ လိုက်ရတယ် ..
သူရေးပြီးပို့ ထားတဲ့မေလ်းက ကျွန်တော်ဘယ်လိုမှနားမလည်နိုင်ခဲ့ဘူးသူနဲ့ကျွန်တော်ဘာပြသနာမှလဲမတတ်ခဲ့ပါဘူး သူ့ ကိုလဲကျွန်တော်မဖြတ်ခဲ့ပါဘူး ကျွန်တော်ခရီးမသွားခင်ထဲကအထိပြေပြေလည်လည်ပါပဲ သဲဘာတွေဖြစ်နေပါလိမ့်ပေါ့ ..ကျွန်တော်စဉ်းစားလို့ ကိုလုံးဝမရဘူးဖြစ်နေတယ်
မောင် ရယ် သဲကိုထားခဲ့ရက်ပြီပေါ့နော်တဲ့ …
မောင်ထားခဲ့ပေမယ့်သဲလေမောင့်ကိုတစ်ရက်မှမေ့ လို့ မရပါဘူးမောင် …မောင်ရောက်ရာဘ၀မှာ အခုလိုအဖြစ်မျိုးမကြုံပါစေနဲ့ မောင်…တဲ့

ကျွန်တော်မှတ်မိလိုက်ပါပြီ..ကျွန်တော်ခရီးထွက်တုန်းက ငှက်ဖျားရောဂါနဲကျွန်တော်……………….၊၊ ၊၊

ကျေးဇူးတင်ပါတယ်

YAMAKASI

In: ဝတ္ထု Posted By: Date: May 24, 2010
Comment #1

very good idea..

commentinfo By: thinzar at May 28, 2010
Comment #2

can u check mail after u pass away?

commentinfo By: gg at May 28, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment