Professional Authors

ဒိုင်ယာရီဟောင်းလေး

ရာသီဥတုသာယာတဲ့ နေ့ လေးတစ်နေ့ ပါပဲ..။

 

ဒီနေ့ ဂျွန်တစ်ယောက်…. စာကြည့် တိုက်ဘက်လမ်းလျောက်ထွက်ခဲ့ တယ်

ရုတ်တရက်တံခါးပေါက်နားရောက်တော့ …အခန်းထဲကပြေးထွက်လာတဲ့ လူတစ်ယောက်နဲ့ တိုက်မိသွားတယ်။

တိုက်မိသွားတဲ့ လူတစ်ယောက်…ပွေ့ သယ်လာတဲ့ စာအုပ်တွေက..လမ်းပေါ်ပြန့် ကျဲကုန်တယ်.။

 

ချက်ချင်းပင်..ဂျွန်လည်း..စာအုပ်များကိုကောက်ပေးလိုက်ရင်း..

 

မိမိနဲ့ ရွယ်တူ..ကောင်လေးတစ်ယောက်ဖြစ်ကြောင်းသိလိုက်ပြီး..တောင်းပန်စကားဆိုလိုက်တယ်.။

 

“ဆော်ရီးဗျာ..ကျနော်မမြင်လိုက်ဘူး….”

 

“ရပါတယ်ဗျာ.. “

 

စိတ်မရှိဘူးဆိုရင်.မိတ်ဖြစ်ဆွေဖြစ်ကော်ဖီသွားသောက်ရအောင်ဗျာ..”

 

ထိုလူငယ်မှာ.ဂျွန့် ကို..ခဏမျှကြောင်ကြည့်နေမိတယ်..။ပြီးနောက်..ဂျွန်နဲ့ အတူကော်ဖီဆိုင်လိုက်သွားတယ်။

……………………။…………………………………………………….

ထိုကမှစ၍…ဂျွန်လည်း..ထိုလူငယ်နှင့် မိတ်တွေဖြစ်သွားတယ်။

ထိုလူငယ်၏အမည်မှာ..အဲရစ်ဟုသိရပြီး…ခင်မင်တက်သောဂျွန်နှင့် ရက်အတော်ကြာ…

တွေ့ ဆုံဖြစ်ပြီး..ဂျွန်ကလည်း..သူသွားတက်သော..နေရာများကိုခေါ်သွားလေ့ ရှိတယ်.။

 

မကြာခင်မှာပင်.. ဂျွန်နဲ့ အဲရစ်ဟာ..သွားအတူစားအတူ..သူငယ်ချင်းတွေဖြစ်လာခဲ့ တယ်.။

 

အသက်တွေကြီးလာတော့.. အိမ်ထောင်တွေကျသွားရင်း…

နှစ်ဘက်..မိသားစုကလည်း..အေးအေးချမ်းချမ်း..အပေါင်းအသင်းမပျက်ဆက်ဆံခဲ့ကြတယ်.။

 

 

…..

 

ဂျွန်လည်း..အသက်ကြီးလာပါပြီ..

ဒါပေမဲ့ .. ဂျွန်ထက်အိုဇာတာမကောင်းတဲ့ ..အဲရစ်ကတော့..

စောစောဆုံးသွားတယ်..။

 

တစ်နေ့ အဲရစ်ရဲ့ ဇနီးဖြစ်သူက..အဘိုးကြီးဂျွန်ဆီကို…

 

စာအုပ်တစ်အုပ်လာပေးရင်း..မျက်ရည်စို့ နေသောမျက်နှာဖြင့်…

 

ဂျွန်ရေ..ဒါက..အဲရစ်မသေခင်ရေးသွားတဲ့ ..ဒိုင်ယာရီလေးပဲ..

ရှင့်ကို..ဖတ်စေချင်တယ်..ရှင့်အတွက်ပါ..

 

ဟောင်းနွမ်းနေသော..ဒိုင်ယာရီလေးကတော့..ဂျွန့် ကို..

စိတ်ဝင်စားသွားစေတယ်..။

 

 

 

 

 

4.8.1973

 

ဒီနေ့ ..ကျွန်တော်..လူ့ ဘ၀မှာနေရတာ..အထီးကျန်သောကြောင့်..

အိပ်ဆေးသောက်ပြီး..သတ်သေဖို့ ဆုံးဖြတ်ထားပါတယ်.။

 

ကျောင်းမှာ..ကျွန်တော်ကျန်ခဲ့ သမျှ..စာအုပ်မှန်သမျှကို…မီးရှို့ ပစ်ရန်ထွက်အလာ..

ဂျွန် လို့ အမည်ရတဲ့ .. အင်မတန်ဖော်ရွေတဲ့ သူငယ်ချင်းတစ်ယောက်နဲ့ ..

အမှတ်မထင်တွေ့ ဆုံခဲ့ပါတယ်။

 

 

8.9.73

 

ကျွန်တော့်ဘ၀မှာ..ဂျွန်ဆိုတဲ့ ..သူငယ်ချင်းဆိုတာ..မရှိရင်..

လူ့ ဘ၀ကြီးက..ပျော်စရာကောင်းတယ်ဆိုတာ..ဘယ်လိုနည်းနဲ့ မှသိလိုက်ရမှာမဟုတ်ပါဘူး။

ကျွန်တော်..ဂျွန့် ကိုကျေးဇူးတင်တယ်။

 

 

12.7.75

 

ဒီနေ့ ..ဂျွန်က..သူ့ ချစ်သူ..ဘက်တီနဲ့ ..မိတ်ဆက်ပေးတယ်..

ညကတော့..ပျော်စရာကောင်းတဲ့ ပါတီလေးပါပဲ…

ရှန်ပိန်ကောင်းတယ်ဆိုတာ..ဂျွန်မရှိရင်သိလိုက်ရမှာမဟုတ်ဘူး..။

ကျွန်တော်..ဂျွန့် ကိုကျေးဇူးတင်တယ်။

 

5.12.77

 

ကျောင်းမှာတွေတဲ့ ..ပေါ်လီကို..ကျွန်တော်ချစ်နေတယ်ဆိုပေမဲ့ ..

ဖွင့်မပြောရဲခဲ့ ဘူး.။ဒါပေမဲ့ ..အနှေးနဲ့ အမြန်..ပေါ်လီသိသွားခဲ့ တယ်..။

ဒါကလည်း..ဂျွန်အောင်သွယ်မပေးရင်သိမှာမဟုတ်ဘူး..။

ကျွန်တော်..ဂျွန့် ကိုကျေးဇူးတင်တယ်။

 

14.2.80

 

ဒီနေ့ ပေါ်လီကို..ကျွန်တော်လက်ထက်ခွင့်တောင်းတဲ့ နေ့ ပါပဲ..။

ကျွန်တော့်စိတ်တွေလှုပ်ရှားနေခဲ့ တယ်…။

လက်ထက်ခွင့်တောင်းဖို့ အတွက်..

လက်စွပ်လှလှတစ်ကွင်းကို..ဂျွန်ကိုယ်တိုင်..ကျွန်တော့် အတွက်

ရွေးပေးခဲ့ တယ်.။

ဘုရားရေ..ဂျွန်မရှိရင်…ကျွန်တော်ပေါ်လီနဲ့ ..လက်ထက်ဖြစ်မှာမဟုတ်ဘူး..။

 

 

9.8.85

 

ကျွန်တော့်ဘ၀မှ..ဂျွန်ဆိုတဲ့ ..သူငယ်ချင်းက.. အရမ်းအရေးပါတဲ့ ..အစိတ်အပိုင်းမှာပါဝင်တဲ့

မိတ်ဆွေကောင်းတစ်ယောက်ပါ.။

ကျွန်တော်..ဂျွန့် ကိုကျေးဇူးဆပ်ချင်တယ်..။

 

7.6.90

 

ကျွန်တော့် ဘ၀မှာ..ကြာကြာနေချင်သေးပေမဲ့..

ရောဂါတစ်ခုကြောင့်ကြာကြာမနေရတော့ပါဘူး..။

လူ့ ဘ၀ဆိုတာ.. မိတ်ဆွေအပေါင်းအဖော်မရှိရင်..နေလို့ မရဘူးဆိုတာ

ကျွန်တော်လက်တွေ့ သိလိုက်ရပါပြီ..။

ကျွန်တော့် ..မိသားစုကို..ကျွန်တော်ချစ်တယ်.

ချစ်ဇနီးပေါ်လီကိုလည်းချစ်တယ်..

သမီးလေးလိုလီကိုလည်းချစ်တယ်..

ပြီးတော့..ကျွန်တော့် ကိုအသစ်တစ်ဖန်မွေးဖွားပေးခဲ့တဲ့ ..

သူငယ်ချင်း.ဂျွန်ကိုလည်း..မေ့ မရနိုင်အောင်ပါပဲ..။

 

 

 

အဲရစ်

 

ဒိုင်ယာရီလေးကိုဖတ်ပြီး..

အဘိုးကြီး..ဂျွန်တစ်ယောက်..မျက်ရည်တွေကျမိတယ်..။

သူ့ သူငယ်ချင်း..အဲရစ်တစ်ယောက်ကိုလည်း..အောက့်မေ့ သတိရရင်းနဲ့ လေ..။

 

 

 

 

လင်းတန်ဆောင်

 

ref; Chicken Soup for the soul

In: ဝတ္ထု Posted By: Date: Jan 21, 2012
Comment #1

မိတ်ကောင်း ဆွေ ကောင်း ..ဟာ..ဘ၀ကို ပို အဓိပ္ပါယ်ရှိစေတယ်….

commentinfo By: အသဲကွဲမိုး at Jan 21, 2012
Comment #2

nice story

commentinfo By: ei lay at Jan 27, 2012
Comment #3

very nice 🙂

commentinfo By: ST at Nov 25, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment