Professional Authors

မေတ္တာစွမ်းအင် ပေးဝေစေချင်

နေ့တစ်နေ့မှာပေါ့လေ ….အမျိုးသမီးတစ်ယောက်ဟာအ၀တ်လှန်းဖို့အိမ်ရှေ့ကိုအထွက်သူ့ခြံထဲမှာ
မုတ်ဆိတ်ဖားဖားကြီးနဲ့ အဘိုးကြီးသုံးယောက် ထိုင်နေတာကိုတွေ့လိုက်ရပါသတဲ့။
အမျိုးသမီးက ဘယ်သူဘယ်ဝါမှန်းမသိပေမယ့် သက်ကြီးရွယ်အိုတွေဖြစ်နေတာမို့လို့ဂါရ၀တရားလေးနဲ့
`အဘတို့ကို ဘယ်သူဘယ်ဝါတွေမှန်း အတိအကျမသိပေမယ့် မြင်ဖူးသလိုပါပဲ။ အမောပြေ ၀င်နားနေကြတယ်
ထင်ပါရဲ့။ အိမ်ထဲဝင်ပြီး အကြမ်းလေးသောက်၊ လက်ဖက်လေး မြုံ့ကြပါဦးလားရှင်လို့လောကွတ်ပြုရှာပါသတဲ့။
အဘိုးတွေက ချက်ချင်းဆိုသလို သူမကိုပြန်မေးပါတယ်။ `ကလေးမရဲ့အိမ်သား မရှိဘူးလားကွယ့်….´
`သူအပြင်ကိုသွားနေပါတယ်ရှင်´လို့အမျိုးသမီးကဖြေလိုက်တဲ့အခါ`ဒါဆိုရင်တော့တို့များဝင်လို့ဘယ်တင့် တယ်မလဲကွယ်´လို့ အဘိုးသုံးဦးစလုံးကပြိုင်တူပြန်ဖြေကြပါသတဲ့လေ။
သဘာဝကျနေတာမို့စောဒကမတက်ပဲအမျိုးသမီးကသူ့အလုပ်သူလုပ်နေပါတော့သတဲ့။ဒီလိုနဲ့နေစောင်း
လို့ခင်ပွန်းသည်ရောက်လာတော့ အမျိုးသမီးက အကျိုးအကြောင်း ပြန်လည်ပြောပြတဲ့အခါ `သွားပြီး ဖိတ်ခေါ်
လိုက်ချေကွာ။ အဘိုးတွေသနားပါတယ်။ အိမ်ထဲကိုကြွကြပါ´လို့ ခင်ပွန်းပြောခိုင်းသတဲ့။
အမျိုးသမီးလည်းချက်ချင်းဆိုသလို အပြင်မှာရှိနေဆဲဖြစ်တဲ့ အဘိုးအိုသုံးဦးကို အိမ်ထဲကြွဖို့ဖိတ်ခေါ်ပါသ
တဲ့။ အဲဒီအခါမှာ `တို့သုံးယောက်လုံးတော့ ၀င်လို့မရဘူး ကလေးမရဲ့။ တစ်ဦးပဲရမယ်ကွဲ့။ တစ်ဦးအမည်က
ဘဓန တဲ့၊ ဟိုတစ်ဦးက ဘအောင်လံ၊ ဟောတစ်ယောက်ကတော့ ဘမေတ္တာ တဲ့။ ဘယ်သူ့ကိုဖိတ်ခေါ်ချင်လဲ
ကလေးမရဲ့ခင်ပွန်းနဲ့ သွားပြီးတိုင်ပင်ချေဦးလေကွယ်´လို့ ပြောလိုက်ပါတယ်။
အဲတော့ အမျိုးသမီးဟာ ခင်ပွန်းသည် ကိုတိုင်ပင်တော့ သူက ` ဟာ လိုနေတာ တို့အမြဲတမ်းတမ်းတနေ
တာဓနဥစ္စာမလား။ အဲတော့ ဘဓန ပဲဖိတ်ခေါ်ချေကွာ´လို့ပြောတော့ ဇနီးသည်က `ရှင်ကလဲ အောင်မြင်မှုတွေ
သာ ပိုလိုအပ်တာမလား။ အဲတော့ ဘအောင်လံကိုပဲ ဦးစားပေး ဖိတ်ခေါ်သင့်လှတယ်လေ´လို့ ပြန်ပြောကြရင်း
စကားအချေအတင်ဖြစ်နေခိုက်မှာ အိမ်ခန်းထောင့်မှာ နေနေတဲ့ ချွေးမချောက` အဖေနဲ့အမေတို့ရယ် တကယ်
တော့ ဘမေတ္တာ ကိုသာပိုဖိတ်ခေါ်သင့်တာပေါ့။ အိမ်မှာ အေးချမ်းမှုရစေအောင်ပေါ့´လို့ ပြောပြရှာပါသတဲ့။
အဲဒီအချိန်မှာပဲ ယောက္ခထီးလုပ်သူခင်ပွန်းသည်က `အေး ငါ့သမီးပြောတာလည်းဟုတ်တုတ်တုတ်ပဲ
ရှင်မရ။ အဲတော့ ဘမေတ္တာကိုပဲ ဖိတ်ချေတော့ကွာ´လို့အတည်ပြုပြောလိုက်ပါသတဲ့လေ။
ချက်ချင်းဆိုသလိုပဲ အမျိုးသမီးဟာ ဘဘိုးအိုသုံးဦးဆီ အရောက်သွားပြီး `အဘိုးတို့ထဲက ဘမေတ္တာဆို
တဲ့ အဘကဘယ်သူများပါလဲရှင်။ သူ့ကိုပဲဖိတ်ခေါ်ပါတော့မယ်´လို့လည်းပြောလိုက်ရော ဘမေတ္တာ ဘိုးဘိုးက
အိမ်အ၀၀င်ဖို့ခြေလှမ်းပြင်ခိုက်မှာ ကျန်အဘိုးနှစ်ဦးလဲ တစ်ပါတည်းလိုက်ဖို့ ဟန်ပြင်ကြပါတော့တယ်တဲ့လေ။
အမျိုးသမီးက `ကျွန်မက ဘမေတ္တာတစ်ဦးတည်းကိုပဲ ဖိတ်တာပါရှင်။ စောစောကဘိုးဘိုးတို့ပြောတော့
သုံးဦးလုံး ၀င်ဖို့မဖြစ်နိုင်ဘူးဆို´ လို့အံ့အားသင့်စွာနဲ့ပြောလိုက်ပါတယ်။
အဲဒီအခါမှာ အဘိုးသုံးဦးလုံးကသံပြိုင်ဆိုသလိုပါပဲ အခုလိုပြောလိုက်ပါတော့တယ်။
`အေး …. ခလေးမက ဘဓနပဲဖြစ်ဖြစ်၊ ဘအောင်လံပဲဖြစ်ဖြစ်၊ ဖိတ်မယ်ဆိုရင်တော့ ကျန်နှစ်ယောက်က
အပြင်မှာနေခဲ့မလို့ပဲကွဲ့။ ခုတော့ … ခလေးမတို့မိသားစုက ဘမေတ္တာကိုဖိတ်တော့ သုံးဦးစလုံးလိုက်ရတာပေါ့
ကွယ်။ မှတ်ထား ကလေးမ … ဘယ်တော့မဆို မေတ္တာသာရှိနေမယ်ဆို ဓနရော၊ အောင်လံပါ ရှိနေမယ်ဆိုတာ
တစ်သက်စာ မှတ်သားကြပေတော့ကွယ်´တဲ့။ ။
ကဲ … ပုံပြင်လေးထဲကအတိုင်း ကျွန်တော်တို့တွေလဲ
တစ်ဦးပေါ်တစ်ဦး မေတ္တာထားကာ၊ သတ္တ၀ါ အားလုံး
အပေါ်လဲ မေတ္တာပွားကာ အေးချမ်းလှသောဘ၀ကို
တည်ထောက်ကြပါစို့လား။ ။ လင်းလက်အာကာ
(၂၈ ၊ ၂ ၊ ၂၀၀၀ နေ့ထုတ် အလင်းတန်းဂျာနယ်ကို မှီငြမ်းကိုးကားကာ တင်ပြပါသည်)
………. လုံးစုံများစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ်မြဲပါစေ။
………. လုံးစုံများစွာ ပုဂ္ဂလာ ချမ်းသာကိုယ်စိတ်မြဲပါစေ။
………. လုံးစုံများစွာ မနုဿာချမ်းသာကိုယ်စိတ်မြဲပါစေ။
………. လုံးစုံများစွာ နတ်ဒေ၀ါချမ်းသာကိုယ်စိတ်မြဲပါစေ။
………. လုံးစုံများစွာ နတ်ဗြဟ္မာချမ်းသာကိုယ်စိတ်မြဲပါစေ။
(သတ္တ၀ါမှန်သရွေ့ ၊ မေတ္တာတွေ့ ၊ စိတ်ချမ်းမြေ့ပါစေ။)

In: ဝတ္ထု Posted By: Date: May 21, 2010
Comment #1

မေတ္တာ သက်လုံပျက်သောသူ ဒေါသအမြုပ်ထွက်လွယ်သည်တဲ့
ဝတ္ထုကောင်းတစ်ပုဒ်ပါ

commentinfo By: ယမုံ at May 23, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment