Professional Authors

ကျွန်တော်သည် ည/ ည သည် ကျွန်တော်…။

ကျွန်တော်သည် ည/ ည သည် ကျွန်တော်…။

ည(၁၁း၀၀) နာရီဆိုသည် အချိန်သည်….အလုပ်မှ ပြန်သော အလုပ်ပြန်ချိန် မဟုတ်ပေမယ့် ကျွန်တော် နေ့စဉ် ဒီအချိန်မှ

အိမ်ပြန်ရောက်ပါသည်…။

တစ်ခါ တစ်ခါကြလျှင် အိမ်သို့ မပြန်ချင်ပါ….သောကတွေကို တရစပ် ထုတ်လုပ်တတ်တဲ့ ကျွန်တော် အိမ်ကို မုန်းမိသော ရက်များတွင်….ကျွန်တော် ဆူးလေးဘုရားရှေ့မှ လမ်းဘေးလ္ဘက်ရည်ဆိုင်လေးတွင် ထိုင်လျှင်ထိုင် မထိုင်လျှင်…(၆) ထပ်ရုံးနောက်မှ

လ္ဘက်ရည်ဆိုင်တွင် တမေ့တမောနှင့် ညတွေရင့်ရော် ဟောင်းနွမ်းသွားသည့် အချိန်အထိ ထိုင်နေခဲ့ မိပါသည်……။

တစ်ည မဟုတ်ပါ…ယခုဆိုလျှင် ညတိုင်းလိုလိုပင် ဖြစ်လာပါသည်..။ကျွန်တော် အိမ်ကို မုန်းပါသည်….။နွေးထွေးမှု့ မရှိသော

ကျွန်တော်အိမ်တွင် ကျွန်တော် နေ နေရသော အခါများတွင် အလွန်အထီးကျန်ဆန်သော ခံစားမှု့ကို ခံစားရပါသည်… ထိုခံစားမှု့ကို

ကျွန်တော် မနှစ်မြို့ပါ……ထို့ကြောင့် ကျွန်တော် ညအတော်များများတွင် လမ်းတွေပေါ်မှာ အတောင်ပံဖြန့်နေခဲ့ခြင်း ဖြစ်ပါသည်…။

ညတွေကို ကျွန်တော် အလွန်နှစ်ချိုက်ပါသည်…ညများတွင် ဆူညံခြင်းမရှိပါ…..ပကာသန နှင့် ဟန်ဆောင် အပြုံး မရှိပါ…..

ကောက်ကျစ်ခြင်းနှင့် အစွန်းရောက် မုသာဝါဒ တွေလဲ မရှိပါ….ညများတွင်……..ကျွန်တော် အတွက် အမှန်စင်စစ်ရှိသော တန်ဖိုးဖြတ် မရသော အရာများမှာ လောကနှင့် ခံစားမှု့ များအား ပုံဖော်နိုင်သော စကားလုံးများ ဖြစ်ပါသည်….။ညများတွင် ကျွန်တော့်ဘဝ

စာရွက်ပြင်များ ထက်ပေါ် ဖြစ်တည်ခွင့်ပေးနိုင်သော ကာရန်များနှင့် ထုံမွှမ်းထားသော ကဗျာများ ရှိပါသည်…။

ကျွန်တော်၏ ဘ၀ အမောများ ဖြေသိမ့်ရာ နှစ်သိမ့်မှု့များ ရှိပါသည်……။ night sky default moon picture and wallpaper

ညများကို ကျွန်တော် ချစ်ပါသည်…..။ မြင်မြင်သမျှ ရှင်းလင်းနေကာ အရာအားလုံး တိတ်ဆိတ်ငြိမ်သက်နေသော ပုံရိပ်နှင့်

ခံစားမှု့များ ကြားထဲသို့ ကျွန်တော် ရောက်သွားခဲ့သည့် အချိန်အခါတိုင်းတွင် ကျွန်တော့် စိတ်ကို ကျွန်တော် ပိုင်နေပါသည်…။

ထိတွေ့နေရသော အချိန်များသည်…..နေ့ဘက်များက အချိန်များစွာနှင့် ဆန့်ကျင်စွာ တည်ငြိမ်အေးချမ်းနေ ပါသည်…။

တစ်ခါတစ်ရံ ကျွန်တော့်ကို လမ်းထိပ် အုတ်ခုံပေါ်တွင်…..လမ်းမီးတိုင် အလင်းရောင်နှင့် ကဗျာရေးနေပုံကို တွေ့ရပါမည်….။

တစ်ခါတစ်လေ ညလုံးပေါက် ဖွင့်သော လ္ဘက်ရည်ဆိုင်တွင် ထိုင်နေသော ကျွန်တော်ကို တွေ့နိုင်ပါသည်…..(သို့မဟုတ်က) လူသူရှင်းနေသော လမ်းမကြီး အလယ်ခေါင်တွင်….ခေါင်းငိုက်စိုက် ချကာ ပြုံးနေသော(သို့) မျက်ရည်များ စီးကျနေသော အဆွေးမျက်နှာ ပိုင်ရှင် ကျွန်တော်ကို တွေ့ရပါလိမ့်မည်…..။

ရံဖန်ရံခါ တွင် ညစာ ဟုခေါ်ဆိုသော အရာအား…..မေ့လျော့ ထားခဲ့မိပါသည်….။ ည၏ တာထွက်မှ ပန်းဝင်ဖြစ်သော

အာရုဏ်အလင်း မိုးသောက်ဝန်းကျင် အထိ အိပ်စက်ခြင်း ကင်းမဲ့စွာနှင့် ညများ အပေါ်တွင် ကျွန်တော် နေခဲ့ မိပါသည်…။

အိပ်စက်ခြင်း အားလည်း ကျွန်တော် မတပ်မက်တော့ သလို ……နေ့အခါများတွင်….စားဝတ်နေရေး ရပ်တည် မှု့ အတွက်…တွေ့လာသမျှ မျက်နှာနှင့် စကားလုံးများကို ခါးသီးစွာ မြိုချခဲ့ရခြင်း များ ကို လည်း ကျွန်တော် မသိတော့ပါ….။

ကျွန်တော် အသိစိတ်တွင် သိနေရသော သိနေရခြင်းသည်……ညများတွင်…ကျွန်တော် နှင့် ကျွန်တော်ဘဲ ရှိနေခြင်း ဖြစ်ပါသည်..။

ည များကို နှစ်ချိုက်နေခြင်းသည်….ဟိုး အရွယ် ငယ်ငယ် ကစလို့ ယခု အချိန်အထိ ဖြစ်ပါသည်….နောင်လည်း ကျွန်တော် ညတွေ အပေါ်မှာ လွင့်မျော နေပါလိမ့်ဦး မည်…ရှိနေပါလိမ့် ဦးမည်…။

ကျွန်တော်သည် “”ည “” ဖြစ်၍ .””… ည”” သည် ကျွန်တော် ဖြစ်ပါသည်…..။ည သည် ရိုးရှင်းပါသည်….။ ည သည် ဟန်ဆောင်မှု့ ကင်းပါ သည်….။ညတွင် တပ်မက်ခြင်း မရှိပါ…။ ရမ္မက် မရှိပါ….။

ည သည် ရင့်ရော်လာကောင်း …ရင့်ရော်လာနိုင် ပါသည်…..အိုမင်း ကောင်း အိုမင်း လာနိုင်ပါသည်…..သို့သော်… ကျွန်တော် အတွက်တော့ ညများသည်…မအိုမင်း ပါ…မရင့်ရော်ပါ…အမြဲ လတ်ဆတ် သစ်လွင်နေပါသည်…..။

ထိုကြောင့်…….ည အခါများတွင်…ကျွန်တော် ရင်ဘတ်နှင့် ဦးခေါင်းသည်….ဟင်းလင်း ပွင့်နေ၍…….ဘ၀ရပ်တည်မှု့   အတွက်  …..ရုန်းကန်နေရသော နေ့အခါများတွင်…..ကျွန်တော့်စိတ်နှင့် အသိတရားသည်……….။ ။ native american lovers sky graphic

!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!

နတာဝ သုပိတုံ ဟောတိ၊

ရတ္တိ နက္ခတ္တ မာလိနီ။

ပဋိဇဂ္ဂိတု မေဝေသာ၊

ရတ္တိ ဟောတိ ၀ိဇာနတံ..။

ပါဠိ အဓိပ္ပါယ်…။

“” ကောင်းကင်တစ်ခွင် နက္ခတ် ပန်းတို့ဖြင့် ဆန်းကျယ်လှစွာ ဖြူဖွေးတောက်ပနေသော

ည သည်…တမှိန်မှိန်း တဖိန်းဖိန်း ဖြင့် ဘယ်ယိမ်း-ညာတွန့် လူးလွန့်ကာ အိပ်နေဖို့ မဟုတ်…။

ဤ ကဲ့သို့ သာယာအေးမြ ကြည်နူးဖွယ် ကောင်းလှသော ညသည် ရှေ့ရေး နောက်ရေး

ထောက်တွေး သိတတ် ပုဂ္ဂိုလ်မြတ်တို့ အတွက်…နိုးနိုးကြားကြားနှင့် တရားအလုပ် အားထုတ်ဖို့

အတွက်သာ ဖြစ်သည်..။””
night sky starry twinkle graphic
ကကြီး။(၁၇.၇.၂၀၁၁)[email protected]

In: ဝတ္ထု Posted By: Date: Aug 21, 2011
Comment #1

ဝတ္ထုကရှည်ပေမယ့် ဘယ်လိုဖတ်လို့ပြီးသွားမှန်းမသိအောင်ကို ဖတ်လို့ကောင်းလွန်းတယ် ။ ညဆိုတာအေးချမ်းတယ် တိတ်ဆိတ်တယ် ဆိုတာမှန်ပါတယ် သို့သော် ညအခါမှသာထွက်တဲ့တစ်ချို့အရာတွေက ပုံမှန်လူတွေအဖို့တော့သိပ်မကောင်းလှပါဘူး ထိုအရာတွေနဲ့ငြိသွားလျှင်လည်း သားကောင်းဖြစ်သွားတတ်ပါတယ် အန္တရာယ်များလွန်းပါတယ် ကျွန်ုပ်ဘာကိုဆိုလိုတယ်ဆိုတာ အသင် ကကြီးသိမှာပါ ဒါကြောင့် ညဘက်တိုင်းလိုလို အပြင်ကိုတစ်ယောက်တည်းသွားတာတော့ မကောင်းဘူးလို့မြင်ပါတယ် ကဗျာမောင်နှမတစ်ယောက်အနေနဲ့ အကြံပေးခြင်းသာဖြစ်ပါတယ် တစ်ခြားဘာရည်ရွယ်ချက်မှ မပါပါ ။

commentinfo By: X - ray at Aug 22, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment