Professional Authors

ဘယ်သူဖတ်ဖတ် မဖတ်ဖတ်

ငါရေးတာ ရင်ကလာလို့

 

အမြင်တွေလိုလို့မဟုတ်ဘူး

 

ငါတွေးတာ နှလုံးသားကအလို

 

မကြိုဆိုလည်း ဒါငါ့အုပ်ဂူပဲ ဘယ်သူတူးဆွဦးမလဲ

 

ကောင်းတာကိုတော့ကြိုက်တာချည်းပဲ

 

ဒါပေမယ့် ပြောချင်ရင် ဟာကွက်ပဲပြော

 

ငါ ဇောတက တက်ဖို့ ဒီတက်ကိုင်ခဲ့တာမဟုတ်ဘူး

 

လှော်တာကို လူသိစေချင်လို့မဟုတ်ဘူး

 

ခရီးထောက်မှာကြောက်နေလို့

 

ဝေဖန်ချင် အဆိုးကိုတား(ဖော်ပြပေးသွားပါး မျဉ်းတားပေးသွားပါ လိုအပ်တာပဲ ပြောပေးသွားပါ)

 

ဒါဆိုငါ ပျော်မိမှာပဲ…

 

ငါလှော်နေတယ့် တက်ကိုက

 

ဒီအတိုင်းပဲ…

 

ဘယ်သူနဲ့ တူချင်လို့

 

ဘယ်တက်နဲ့လှော်ချင်လို့

 

ငါ မတောင့်တဖူးဘူး

 

ငါ့လက်ထဲရောက်တာနဲ့ လှော်ရမှာပဲ…

 

ငါတွေးတာ ဆရာ တာယာမဟုတ်ဘူး

 

ကိုမင်းခိုက်မဟုတ်ဘူး

 

ငါတွေးတာ ဆားတစ်မှုန်ပဲ…

 

ငါရေးတာ မော်ဒန်မဟုတ်ဘူး

 

ပို့စာသားတွေမဟုတ်ဘူး

 

ငါ့တက်ကထွက်လာတယ့် ရေလှိုင်းတွေပဲ…

 

ဒါပေမယ့် မင်းထင်သလိုတော့

 

အောင်မြင်ချင်လို့မဟုတ်ဘူး

 

မော်ကြွားချင်လို့ မဟုတ်ဘူး

 

ငါကိုက လှော်ခပ်ချင်လို့

 

ဘယ်သူဖတ်ဖတ် မဖတ်ဖတ်

 

ငါလှော်တက်က ဒီဇာတ်ပဲထွက်မှာ

 

ဒါပေမယ့် ငါခင်းတယ့် ရေကြောမှာ

 

ကိုတာယာ လမ်းမပါဘူး

 

ကို မင်းခိုက် လမ်းမလိုက်ဘူး

 

မော်ဒန်ဆိုတာ ငါမသိဘူး

 

ပိုစ့်ဆိုတာ မခံစားတတ်ဘူး

 

တခုတော့တက်တယ်

 

ဆားတစ်ယောက် တက်တစ်ခု နဲ့ လှော်ခပ်နေတယ်…

 

 

 

 

 

ကျေးဇူးပြု၍ သင့်ချီးမွမ်းခြင်းနှင့် မရပ်တန့်ပါရစေနှင့်

 

ဆား

 

 

In: ဝတ္ထု Posted By: Date: May 10, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment