Professional Authors

သူ နှင့် သူမ

သူနဲ့သူမကြားမှာ နာမ်စားတွေသာရှိခဲ့တယ်………… Online မှာ ရင်းနှီးခဲ့တဲ့နောက် ညတိုင်းသူမဖုန်းလေးက သံစဉ်ချိုချိုတွေကို ညတိုင်း နားဆင်စေခဲ့တယ်…. တစ်ယောက်နဲ့တစ်ယောက်ဘယ်သူ ဘယ်ဝါရယ်သေချာမသိခဲ့ပေမဲ့…. သူက သူမ ကို သူမလို့ဘဲခေါ်ခဲ့သလို…..သူမအတွက်လည်းသူက သူတစ်ယောက်သာဖြစ်ခဲ့တယ်………သူမက ဘ၀မှာရေရာတဲ့ရည်မှန်းချက်ပျောက်ဆုံးနေခဲ့တဲ့သူ……သူကတော့ သူမအဖို့မျှော်လင့်ချက်တွေနဲ့ရှင်သန်တတ်အောင်သင်ကြားပေးခဲ့တယ်…… သူနဲ့စကားပြောရတဲ့ အချိန်တွေကို မြတ်နိုးလာမိတယ်…… သူမ က လူမှုဆက်ဆံရေးမကျွမ်းကျင်ခဲ့လို့ အပေါင်းအသင်းတွေကြား ထပ်ခါထပ်ခါ ၀မ်းနည်းစရာတွေရှိခဲ့တယ်…….  အားငယ်စွာတစ်ယောက်တည်းရှင်သန်နေခဲ့တဲ့ သူမဘ၀ထဲမှာ သူက နွေးထွေးမှုတွေပေးခဲ့တဲ့သူ ဖြစ်လာခဲ့တယ်……တစ်နေ့ သူမ သူ့ဆီမှာ အားငယ်တဲ့ အကြောင်းတွေရင်ဖွင့်ရင်းနဲ့ င်ုမိခဲ့တယ်………သူဟာ အကြာကြီးတိတ်ဆိတ်မှုတွေနဲ့သူမ အငိုတိတ်မှာကိုစောင့်နေခဲ့တယ်…..ပြီးတောံ့သူက သူမကို ( သူမကျခဲ့ရတဲ့ မျက်ရည်တွေအတွက် သူပျော်ရွှင်စရာတွေနဲ့ပြန်ပြီး ပြောင်းလဲပေးမယ်လို့ပြောခဲ့တယ်…..သူမအတွက် အပြုံးတွေနဲ့ပျော်နေအောင် သူ ဖန်တီးပေးမယ်…) ဆိုတဲ့စကားတွေကိုပြောပြီး သူဖုန်းချသွားခဲ့တယ်……

 

သူမအိပ်ရာကနိုးလာခဲ့တဲ့အချိန်မှာ ခေါင်းလောင်းသံ ကိုကြားလိုက်ရတယ်…… သူသွားကြည့်တော့ ဖြူဖွေးစွတ်နေတဲ့ ၀က်ဝံရုပ်ကြီးဘေးမှာ အနီရောင် နှင်းဆီတစ်ပွင့် ကိုတွေခဲ့ရတယ်….. သူမအရမ်းပျော်ခဲ့ရပါတယ်….

သူမအတွက်စာလေးတစ်စောင်ပါလာခဲ့တယ်…..

စာထဲမှာ ကဗျာလေးတစ်ပုဒ်သာတွေ့ရတယ်….

 

ဘာရယ်ကြောင့်မှန်းမသိ

ကောင်မလေးတစ်ယောက်ရဲ့မျက်ရည်က

ရင်ကိုလှုပ်ခါစေခဲ့တယ်…..

သူမကိုဘယ်တောံ့မှမငိုစေရပါဘူးလို့

ဂတိတွေအထပ်ထပ်ပေးချင်မိခဲ့တယ်….

သူမဟာပျော်ရွှင်မှုတွေနဲ့သာ

ထိုက်တန်တဲ့မိန်းကလေးတစ်ယောက်ပါ…..

သူမအတွက် သူဟာ အပြုံးဖန်တီးပေးနိုင်တဲ့

သက်တန့်ကွေးလေးဖြစ်ချင်မိတယ်…..

 

 

သူမကျောင်းကိုရောက်တဲ့အချိန်မှာ သူ့ဆီကဖုန်းလာခဲ့တယ်…… သူမကိုကျောင်းပေါက်ဝကိုထွက်လာခိုင်းခဲ့တယ်……..အဲဒီမှာသူမ ဖိတ်စာတစ်စောင်ကိုလက်ခံရရှိခဲ့တယ်……

ညနေခင်းတစ်ခုမှာသူနဲ့ဆုံတွေ့ဖို့ကိုပေါ့……

သူမရင်တွေခုန်နေမိခဲ့တယ်….

 

တခါမှမတွေ့ဖူးခဲ့တဲ့သူ့ကို ကြိုတွေးပြီး ပုံဖော်ကြည့်မိသလို……သိပ်မလှတဲ့သူမကိုမြင်ရင်ရှောင်ဖယ်ပြေးသွားမလား စိုးရိမ်စိတ်တို့နဲ့…….ညနေခင်းလေးတခုကိုရောက်လာခဲ့ပြီ…..

မိုးလေးတဖွဲဖွဲကျနေခဲ့တယ်လေ….

ဆိုင်လေးထဲမှာ တိုးညင်းတဲ့ သီချင်းသံလေးနဲ့ စားပွဲတစ်ခုမှာ သူ့ရဲ့အရိပ်ကိုတွေ့လိုက်ရတယ်….

ဘယ်သူဆိုတာမသိခဲ့ပေမဲ့ သူမရင်ထဲကသူဆိုတာသေချာနေခဲ့တယ်…..

သူက သူမကိုမြင်လိုက်တာနဲ့ ထလာခဲ့ပြီး သူ့လက်ထဲမှာတော့ နီရဲရဲ နှင်းဆီပွင့်လေးက သူမအတွက်ဆိုတာသေချာနေခဲ့ပြီ…..

အပြုံးချင်းထပ်တူက သူ ဆိုတဲ့သူမရဲ့ချစ်သူဖန်ဆင်းပေးခဲ့တာပေါ့….

ကောင်းကင်မှာလဲ သက်တန့်တစ်စင်းထွန်းလင်းလို့နေခဲ့တယ်……..

In: ဝတ္ထု Posted By: Date: Apr 5, 2011
Comment #1

နင်ဟာ ငါရဲ့ ထာဝရ ခင်မင်ရဆုံးပါ ဘ၀အတွေ့မှာ ခဏတွေ့ရပေမဲ့ နင်ကို ထာဝရ (……..)ပါ

commentinfo By: နေစိမ့် at Apr 7, 2011
Comment #2

ကောင်းဧ။်

commentinfo By: Pi Pi at Apr 11, 2011
Comment #3

ကောင်းပါတယ် စိတ်ညစ်ဖို့လေ

commentinfo By: ခိုင်မြဲ at Apr 22, 2011
Comment #4

ဇာတ်လမ်းက ဒါပဲလား မဆက်တော့ဝူးလား …:(

commentinfo By: thu lay at Jun 14, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment