Professional Authors

အသုဘစကား

ကျွန်တော်ဟာ တစ်ခုပြီးတစ်ခုကောက်ရခဲ့ပါတယ်
ဦးထုတ်တစ်လုံး၊ မတ်လ ရဲ့ နေ့ခင်းတစ်ခုနဲ့ တူတဲ့ ဘ၀ရယ်၊ အမြဲတမ်းနောင်တရ ရ တယ်ဆိုတဲ့ စကားရယ်ပေါ့
ဂီတကို နားမလည်တဲ့ ကျွန်တော့်အတွက် ဘုရားသခင်ဟာ မိုးစက်တွေနဲ့ သူငယ်ချင်းကောင်းတွေကို ဖန်ဆင်းပေးခဲ့တယ်လို့ ယုံကြည်မိတာပါပဲ
ဂျွန်ဟာ ကျွန်တော့်ရဲ့ သူငယ်ချင်းကောင်းတစ်ယောက်ပါ၊ ခင်ဗျားတို့အတွက်လည်း ထို့အတူပဲ ဖြစ်ပါလိမ့်မယ်
ချစ်လှစွာသော မိတ်ဆွေများ၊ ဂျွန်ဟာ ကျွန်တော်တို့ကို ခွဲခွာသွားခဲ့ပါပြီ
သစ္စာရှိခွေးလေးတစ်ကောင်နဲ့တူတဲ့ ရိုကျိုးနှိမ်ချတတ်တဲ့ ဂျွန်ဟာ အားလုံးကို အသက်ထက်ချစ်မြတ်နိုးခဲ့ပါတယ်
ပြီးပြည့်စုံတဲ့ အားကောင်းမောင်းသန်အလေအလွင့်လေးတစ်စ ဆုံးရှုံးသွားရသလို ကျွန်တော်တို့ ဘုရားရဲ့ရှေ့မှောက်မှာ ပူဆွေးနေကြတယ်
ဂျွန်နဲ့ရင်းနှီးဖူးသူတွေက ဂျွန်ဟာ ကင်ဆာဆေးတွေမသောက်ရဘဲ ကင်ဆာဖြစ်သွားတယ်လို့ ပြောကြတယ်
ဒီနေရာမှာ ဂျွန်ရဲ့ စကားတစ်ခွန်းကို ပြောပြချင်ပါတယ်၊ ဂျွန်က လောက မှာ အမှားမရှိဘူး၊ ရွေးချယ်မှုပဲရှိတယ်လို့ ပြောခဲ့တယ်
သူဘာကိုရွေးချယ်ခဲ့သလဲ၊ ဂျွန်ဟာ ပူပြင်းတဲ့ နေကို ကျောခိုင်းလိုက်ဖို့၊ ဘယ်တာ့မှပြန်ရှင်မလာဖို့၊ အမာရွတ်တွေအထပ်ထပ်နဲ့ နာကျင်မှုကို
ပိုးမွေးသလို မမွေးမြူတော့ဖို့ ရွေးချယ်ခဲ့ပါတယ်၊ ဂျွန်ဟာ ဗုံးခိုကျင်းထဲကနေ ခုန်ထွက်လိုက်ဖို့၊ မရှိတဲ့ကြိုးတွေမှာ မြဲမြံနေတဲ့လက်ကို လျော့ရဲလိုက်ဖို့၊ ပျော်ရွှင်ဖို့
ရွေးချယ်ခဲ့ပါတယ်၊ ဂျွန်ရဲ့ နောက်ဆုံးမိနစ်တွေဟာ ခမ်းနားနေလိမ့်မယ်၊ အတိုင်းမသိတဲ့ ၀မ်းသာပီတိကြောင့် တွေးခေါ်ဖို့ မေ့သွားတဲ့အထိ ဖြစ်ကောင်းဖြစ်နေလိမ့်မယ်၊
ဒါမှမဟုတ် သူ့မိသားစုဟာ ဘိုဟီးမီးယန်းဝတ်စုံကို ၀တ်ဆင်ပြီး သူ့ကို ထောပနာပြုကြတယ်လို့ အိပ်မက်မက် ရင် မက်နေလိမ့်မယ်၊ ဘာပဲဖြစ်ဖြစ် ခင်ဗျားတို့ဟာ
ဂျွန်ရဲ့ ရွေးချယ်မှုအတွက် ခက်ခဲ ခဲ့ကြပါတယ်။ ခင်ဗျားတို့ သိနေတဲ့ ခြေထောက်ဟာ လမ်းတွေပေါ်မလျှောက်တော့တဲ့အခါ၊ ခင်ဗျားတို့ လည်ပတ်နေတဲ့ကမ္ဘာတစ်ခုဟာ
မြေမှုန်မြေဆွေးဖြစ်သွားတဲ့အခါ အသုဘ စကားဟာ ခင်ဗျားတို့ကို အကျိုးသက်ရောက်မှုတစ်စုံတစ်ရာဆောင်ကြဉ်းပေးနိုင်ပါ့မလား
ကျွန်တော့်အတွက်ကတော့ ဂျွန့်အပေါ် ဂုဏ်ယူဝမ်းမြောက်မှုဟာ လောကအပေါ် စက်ဆုပ်မှုနဲ့ ထပ်တူ စစ်မှန်ပါတယ်
ကျွန်တော်သိတဲ့ ဂျွန်ဟာ ခေါင်းကနေခြေဖျားအထိအမှားပါ၊ ဘယ်သူဘယ်ဝါကိုမှ အကျိုးမြ့ပုပေမဲ့ သူဟာ သူ့ကိုယ်သူ ရိုးသားခဲ့တယ်၊
သူလိုချင်တာကို သိပြီး သူလုပ်ချင်တာကို လုပ်ခဲ့တယ်၊ ဂျွန်ဟာ အရှိတရားပါ၊ အသက်ကလွဲရင် အားလုံးကိုချစ်မြတ်နိုးခဲ့တယ်

In: စကားပြေ Posted By: Date: Jun 23, 2017

Leave Comments

Name*

Email*
Website
Email me whenever there is new comment