Professional Authors

လွမ်းမောဖွယ်ရာအချိန်များ

အချိန်တွေက တစ်ရွေ့ ရွေ့ နဲ့ ကုန်ဆုံးလာလိုက်တာ ခုဆို ၇နှစ်တောင် ရှိခဲ့ ပြီ။ ဘ၀မှာ လွမ်းစရာတွေ အမှတ်ရစရာတွေ ထင်ကျန်ရစ်စေခဲ့ တာ ပြီးခဲ့ တဲ့  ၇နှစ်ဆိုတဲ့  အချိန်ရဲ့ ရှေ့ ကနေ့ ရက်တွေဆီမှာပေါ့။ အဲဒီအချိန်တုန်းက တစ်ကယ်ကို ကလေးဆန်ပြီး တက်ကြွနေတယ်ဆို့ရင် မမှား နိင်ပါဘူး။ အရာရာကို နှလုံးသားနဲ့ ဆုံးဖြတ်တတ်ခဲ့ တဲ့  အချစ်သူရဲကောင်းတစ်ယောက်ပုံစံပေါ့။ ဒါပေမဲ့  အဆင်ပြေမှုဆိုတာ ဘာလဲလို့ မေးယူရလောက်အောင် လုံးဝ အဆင်မပြေခဲ့ တဲ့ ပုံပြင်လေးတစ်ပုဒ်ပဲ  မှတ်တမ်းတင်ကျန်နိုင်ခဲ့ တယ်။ ဒါပေမဲ့  ပျော်ပါတယ် ပုံပြင်ထဲမှာ မင်းသားမဖြစ်လိုက်ရပေမဲ့  ငါကလူဆိုးကြီးလည်း မဖြစ်ခဲ့ ရတော့ ကံကေင်းခဲ့ ပါပေါ့။ ဒါပေမဲ့ သေချာတာကတော့ အဲဒီအချိန်က တော်တော်လေးကို ကလေးဆန်ပြီး မရင့် ကျက်ခဲ့ တာကို တွေးမိရင် ရှက်ရမယ်ဆိုတာထက်  ၀မ်းနည်းမိတယ်။ ခုရော ငါတော်တော် ရင့်ကျက်နေပြီလားဆိုတာ အချိန်တိုင်းဆန်းစစ်ပြီး မေးခွန်းပြန်ထုတ်နေရတယ်။ ဘာလို့ လဲဆို ငါဆိုတဲ့ ကျွန်တော်ဟာ ပျင်းတဲ့ နေရာမှာ နှစ်ယောက်မရှိလို့ လေ။ ၂၄ နှစ်ဆိုတဲ့ အသက်အပိုင်းအခြားဟာ တစ်ကယ်ကို လူကြီးပေါက်စဖြစ်နေပြီဆိုရမှာပေါ့။ ဒါပေမဲ့ ခုထိ အမေ့ရင်ခွင်ကို တမ်းတနေဆဲပါပဲ။ အဝေးရောက်နေတဲ့  အချိန်မှာ လုပ်စရာတွေ တော်တော် များတယ်ဆိုတာ သိလာရသလို ဘ၀ရဲ့ လက်တွေ့ ဆန်တဲ့  အမေးအဖြေတွေကို ကိုယ်တိုင်ကိုယ်ကျ ပါဝင်ပက်သက် နေရတော့ ခုဆို ဒေါင်ကျကျ ပြားကျကျ မဟုတ်တောင် အလိုက်အထိုက်တော့ နေတတ်နေပြီဆိုရမယ်။  အင်းဘာပဲဖြစ်ဖြစ်သေချာတာကတော့ ညတိုင်းအမေနဲ့ အဖေကိုတော့ သတိရမိတယ်။ ကျွန်တော့ဘ၀မှာ အချိုမြိန်ဆုံး နေ့ တွေကိုအများဆုံး ပေးခဲ တ့ာအဖေနဲ့ အမေဆိုတာ စဉ်းစားစရာတောင် မလိုပါဘူး။ အမေ့ ရဲ့  ထမင်းစားလေသား၊ စောစောအိပ်၊ ရေချိုး  ဆိုတဲ့ ဒီရိုးရှင်းတဲ့  စကားစုလေးတွေက ကျွန်တော့ အတွက်တော့ တန်ဖိုးမဖြတ်နိုင်တဲ့ ကဗျာတိုလေးတွေအဖြစ် နှလုံးသားနဲ့ မှတ်ညဏ်ထဲမှာ ရှင်သန်နေလျက်ပါ။ လွမ်းလိုကိတာ အမေနဲ့ အဖေရယ်….

In: စကားပြေ Posted By: Date: Jan 16, 2012
Comment #1

ofcourse,,u r

commentinfo By: ei lay at Jan 17, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment