Professional Authors

ပညာသင်ဆု

ဒီခေတ်ဒီအခါမှာ “ပညာသင်ဆု”ဆိုတာကလူတိုင်းနဲ့မစိမ်းတဲ့ဝေါဟာရတခုပါ။ပညာလိုချင်သော်လည်း ငွေကြေးအရအခက်အခဲရှိသောကျောင်းသားကျောင်းသူတိုင်းအတွက်” ပညာသင်ဆု”ဆိုတာကကြီးမားတဲ့အထောက်အပံ့တခုပါပဲ။အစိုးရကပေးသော ပညာသင်ဆုနဲ့တခြားသော foundationတွေကပေးသောပညာသင်ဆု၊တက္ကသိုလ်ကပေးသောပညာသင်ဆုစသဖြင့်အခွင့်အလမ်းတွေ များလှပါရဲ့။

နိုင်ငံတကာမှာလည်း scholarshipဆိုတဲ့ ပညာသင်ဆုနဲ့ ပညာတတ်တွေ အသိပညာရှင်၊အတတ်ပညာရှင်တွေအဖြစ် ကျော်ကြားသွားတဲ့သူတွေလည်းများစွာပါပဲ။နယ်ပယ်အသီးသီးကပညာရှင်အမျိုးမျိုးကို ထိုက်သင့်တဲ့ပညာသင်ဆုပေးပြီးမွေးထုတ်ပေးခဲ့တဲ့ foundationတွေ၊အဖွဲ့အစည်းတွေကလည်းအားရစရာပါပဲ။

ကျွန်မတို့နိုင်ငံမှာလည်း ပညာသင်ဆု ဆိုတဲ့အရာကို အဖွဲ့အစည်းအချို့ကပေးအပ်လျက်ရှိပါတယ်။ပေါ်ပြူလာဖြစ်ဖို့ရည်ရွယ်ပြီးထူထောင်လာတဲ့ အချို့သော foundationများအပါအ၀င်ပေါ့။ဒါပေမယ့် တခုရှိတာက မြန်မာနိုင်ငံရဲ့ပညာသင်ဆုတော်တော်များများဟာ ကျောင်းသားအချင်းချင်းကို အတန်းအစားခွဲခြားထားသလိုမူဝါဒတွေကိုကျင့်သုံးကြပါတယ်။ဆေးကျောင်းကိုတက်ရောက်ပညာသင်ယူမယ့်ကျောင်းသားကျောင်းသူကိုသာလျှင် ပညာသင်ဆုပေးချင်ကြပါတယ်။ကျွန်မတွေ့၇သလောက်ဆိုရင်တော့ ထွန်း ဖောင်ဒေးရှင်းကပေးတဲ့ အခြားသော ပညာရပ်နယ်ပယ်တွေအတွက်ပညာသင်ဆု အချို့ကလွဲလို့ ဆေးကျောင်းကမဟုတ်တဲ့ပညာသင်သားတွေအတွက် ပညာသင်ဆုခံစားခွင့်ရှိတာမျိုးမတွေ့ရပါဘူး

လောကကြီးကို ဆရာဝန်ဆိုတဲ့ ပညာရှင်တွေကပဲကောင်းကျိုးထမ်းရွက်နိုင်တယ်လို့များ ယူဆထားကြလေသလားမသိပါဘူး။မြန်မာနိုင်ငံမှာကျင့်သုံးတဲ့မူဝါဒအ၇ ဆေးကျောင်းကိုတက်ရောက်သင်ယူ၇တဲ့ကျောင်းသားကျောင်းသူတွေက ထက်မြက်တဲ့သူတွေလို့ယူဆထားကြပါတယ်။ဆေးကျောင်းကိုတက်ခွင့်မရတာနဲ့ပဲ လူညံ့တွေဆိုပြီးသတ်မှတ်လိုက်ဖို့

အဆင်သင့်ရှိတဲ့သူတော်တော်များများကိုကျွန်မကိုယ်တိုင်လည်းပါတ်ဝန်းကျင်မှာတွေ့နေရပါ၇ဲ့။တခုတော့သိစေချင်ပါတယ် ။အခြားသောနယ်ပယ်၊ပညာရပ်အသီးသီးမှာလည်း

သူ့နေရာနဲ့သူလောကကိုကောင်းကျိုးပြုနိုင်တဲ့ လူတော်တွေရှိနေကြတယ်ဆိုတာကိုပါ၊

ရူပဗေဒပညာရှင်တွေကကော နိုင်ငံအတွက်အကျိုးပြုနိုင်တယ်လို့မတွေးမိကြဘူးလား……။သစ်တောပညာရှင်တွေကကောသူတို့ဆက်လက်သင်ယူမယ့်ပညာရေးအတွက် ပညာသင်ဆု ဆိုတာကိုခံစားခွင့်ရှိတယ်လို့မထင်မိကြဘူးလား…..။ပညာသင်ဆု ဆိုတဲ့အရာဟာ နယ်ပယ်အသီးသီးက ပညာရပ်အသီးသီးကိုသင်ယူမယ့် အနာဂါတ်ကျောင်းသားလူငယ်တိုင်းရယူခွင့်ရှိတဲ့အ၇ာတခုဖြစ်သင့်ပါတယ်။သူ့ရဲ့နယ်ပယ် ပညာရပ်မှာ ထူးချွန်နိုင်ဖို့ အထောက်အပံ့တခုအနေနဲ့ ရပိုင်ခွင့်ရှိသင့်ပါတယ်။အယူအဆအဟောင်းတွေကိုမစွန့်လွှတ်နိုင်လို့ ဆရာဝန်တွေကိုပဲလူတော်တွေလို့ထင်ခဲ့၇င်တောင် အခြားသောနယ်ပယ်အသီးသီးရဲ့ဖွံဖြိုးမှုကိုရှေးရှုပြီး ပညာသင်ဆု(၁၀)ဆုပေးမယ်ဆိုရင် (၃)ဆုလောက်ကိုတော့အခြားသောပညာရပ်နယ်ပယ်ကကျောင်းသားတွေကိုအခွင့်အရေးပေးသင့်ပါတယ်။ဒါမှသာ ကျွန်မတို့နိုင်ငံမှာအဘက်ဘက်ကထူးချွန်သောပညာရှင်တွေပေါ်ပေါက်လာမှာပါ။ပညာသင်ဆုရမှပဲ ဒီလိုပညာရှင်တွေပေါ်ပေါက်တော့မှာလားလို့စောဒကတက်စရာတော့ရှိပါရဲ့။ပြောရမယ်ဆိုရင်ပညာသင်ဆုဆိုတာက ငွေဆိုတာတခုတည်းမဟုတ်ပါဘူး။အားပေးချီးမြှောက်မှုဆိုတာလည်းပါဝင်တာဖြစ်တဲ့အတွက် ကျောင်းသားကျောင်းသူတွေအဖို့ အား တရပ်ဖြစ်စေလို့ပါ။ကျွန်မတို့နိုင်ငံ အဘက်ဘက်ကတိုးတက်ဖို့ဆိုတာက ပါးစပ်ကနေပြီးအော်နေယုံနဲ့တော့ဖြစ်လာမှာမဟုတ်ပါဘူး။အနာဂါတ်မျိုးစေ့တွေဖြစ်တဲ့ လူငယ်တွေကို ပညာရပ်အသီးသီးမှာ အသုံးချနိုင်လောက်အောင်တတ်မြောက်ကျွမ်းကျင်သူတွေဖြစ်အောင်မြေတောင်မြှောက်ပေးဖို့ကအဓိကလိုအပ်တာပါ။စင်္ကာပူလို ဘာသယံဇာတမှမရှိတဲ့ ကျွန်းနိုင်ငံလေးကတောင် ပညာရှင်လူငယ်တွေနဲ့ ကမ္ဘာ့အလယ်မှာ ဘယ်လောက်ဂုဏ်တက်နေလဲဆိုတာအားလုံးအမြင်ပါပဲ။ဒါကြောင့် ပညာရပ်နယ်ပယ်အသီးသီးကလူငယ်တွေကို ချီးမြှင့်မယ့် ပညာသင်ဆုဆိုတာတွေကလည်း ဒီအနာဂါတ်စီမံကိန်းအတွက် တထောင့်တနေရာကနေအရေးပါမှာပါ။

မှတ်ချက်။ ။ဒီအကြောင်းအရာကတော့အခုတလောမှာ ဂျာနယ်တွေMagazineတွေထဲမှာတွေ့တွေ့နေရတဲ့ ဘာဖောင်ဒေး၇ှင်း ညာဖောင်ဒေး၇ှင်းတွေရဲ့ပညာသင်ဆုအစီအစဉ်တွေကိုကြည့်မိ ဖတ်မိရာကရလာတဲ့အတွေးလေးကိုရိုးရိုးသားသားတင်ပြကြည့်ခြင်းသာဖြစ်ပါတယ်။ဆရာဝန်တွေကိုတိုက်ခိုက်တာမျိုးမဟုတ်ဘူးဆိုတာကိုတော့ နားလည်မယ်လို့ထင်မိပါတယ်။ကျေးဇူးပါ။

In: စကားပြေ Posted By: Date: Jun 18, 2011
Comment #1

သိပ်ကောင်း..။

Leave Comments

Name*

Email*
Website
Email me whenever there is new comment