Professional Authors

အို…ကဗျာ (၀.၀၂)

မှဲ.သည်မိန်းကလေး၏ မျက်လုံးအောက်မျက်ရည်ခံမှဲဖြစ်သောအခါ အလှပျက်ယွင်းစေသော်လည်း ပါးမို.မို.ပေါ်တွင်ရှိသောအခါ စံပါယ်တင်မှဲ.အဖြစ် အလှတိုးစေသည်။ ကဗျာပါစကားလုံးများသည် ကဗျာရသကို အနှောက်အယှက်ပြုလျှင် ဒေါသ သင့်စေပြီး ကဗျာရသကို တိုးတက်စေလျှင် ဂုဏ်မြောက် လေသည်။

 

ရှေးကပညာရှိတို.၏ အဆိုဖြစ်သည်။ ရှေးလူတို.သည် ပြောင်းလွယ်ပြင်လွယ် မြင်ကွင်းကျယ်သူများသာဖြစ်သည်။ ကဗျာဇောစေတနာ အရ ဆဲသော်လည်း ကဗျာရသကို အနှောက်အယှက်မပြုပဲ တိုးတက်စေလျှင် ………..

 

အချုပ်တန်းဆရာဖေ၏ တေးထပ်ကိုပြန်ညွန်းရပါမည်။ ယခုခေတ်ကဗျာတွင် ညစ်ညမ်းအသုံးများ၊ဆဲဆိုစာများပါသည်ကို မဝေဖန်လိုပါ။ သို.သော် ချိန်စက်ရန်တော့လိုပါသည်။ လိုအပ်၍ ထည့်သူများရှိသလို မလို အပ်ပဲ ထည့်သူများရှိပါမည်။အားမပေးသလို မကန်.ကွက်ပါ။ သို.သော် မိမိရေးသားသောစာ၏ ရသကို ၊ဇောစေတနာကို အထောက်အကူပြုမပြု စဉ်းစားကြစေလိုပါသည်။

 

++++++++

 

 

အချို.ကဗျာ တို.သည် ခေတ်အဆက်ဆက် တင်ကျန်ခဲ့ကြပြီး အချို.ကဗျာတို.သည် ခနတွင်းပျောက်ပျက်ကြလေသည်။ ကဗျာကောင်းတို.၏ သဘောသည် ဘာပါနည်း။ အဘယ်ကဗျာစာဆိုသည် ထိုကဗျာမျိုးကို ဖွဲ.နိုင်ပါသနည်း။

 

ဓားတစ်ချက်ထစ်ထားပါမည်။ ကန်.သတ်အမြင်ရှိစာဆိုနှင့် ကန်.သတ်မဲ့အမြင်ရှိစာဆိုဖြစ်ပါသည်။ limited Vision နှင့် absolute Vision ဖြစ်ပါသည်။ (ဆရာဘုန်းနိုင်ဘာသာပြန်မှုကို ယူပါသည်။) အချိန်ကာလ၊ဒေသ တို.ကိုလွန်သောစာဆို သည် ပို၍မွန်သော ကဗျာတို.ကိုဖွဲ.နိုင်ပါမည်။ ယခု ဤမျှသာ ဆိုပါမည်။

 

ယခု ကဗျာကောင်းတို.၌ တွေ.ရသော အမြင့်ဂုဏ် သဘောကို ဆွေးနွေးပါမည်။

 

+++++++

 

တရားစခန်းမှပြန်လာသူအချို. ပြန်လာစတွင် အေးချမ်းနေသည်ကိုတွေ.ဖူးပါမည်။ တရားတော်ကောင်းကောင်းနာပြီးခါစတွင် သံဝေဂရသည်ကိုကြုံဖူးပါမည်။ သာမာန်အားဖြင့် မရောက်နိုင်သောအမြင့်ကို တရားအကူဖြင့် ရောက်သွားခြင်းဖြစ်သည်။

 

အချို.ကဗျာများသည်လည်း ဤသို. အမြင့်သို. အာရုံညွှန်.တက်စေသော သဘောရှိပါသည်။ တရားမှမဟုတ်ပါ။ ကြီးကျယ်ခမ်းနားသောခံစားမှု၊ တည်ငြိမ်စေသော သန္တိသုခစသည်ဖြင့် များစွာရှိပါမည်။

 

အနန္ဒသူရိယ အမတ်ကြီး၏ မျက်ဖြေလင်္ကာကို ပြန်ညွှန်းပါမည်။ သာမာန်အားဖြင့် စိတ်အင်အား လျော့နည်းသူတို. ဤလင်္ကာကိုဖတ်ပြီးချိန်ဝယ် တည်ငြိမ်သော စိတ်အင်အားကို ရနိုင်ပါသည်။ သူတော်ကောင်းတို.၏ သဘောကို (မသိစိတ်နှင့်ဖြစ်စေ၊သိစိတ်နှင့်ဖြစ်စေ) ရလိုက်ပါသည်။ ထိုသို.မဟုတ်လျှင် ထိုလင်္ကာသည် ခေတ်အဆက်ဆက်  ကျန်နေမည်မဟုတ်ပါ။

 

+++++++

 

အတန်ငယ်ချဲ.၍ ဆိုပါမည်။ ထိုလင်္ကာသည် ပုဂ္ဂလိကသဘောကိုပြောသော်လည်း ယေဘုယျအကြောင်းဖြစ်နေပါသည်။ ယေဘုယျ အကြောင်းဟုဆိုသော်လည်း ပုဂ္ဂလိက တိုင်းအတွက် ဖြစ်နေပါသည်။

 

ခေတ်အဆက်ဆက် အနစ်နာခံရသူတိုင်း “သူတည်းတစ်ယောက်၊ကောင်းဖို.ရောက်မူ၊ သူတစ်ယောက်မှာ၊ ပျက်လင့်ကာသာ၊ ဓမ္မတာတည်း”ဟု ရွတ်ဖူးကြပါလိမ့်မည်။

 

ခေတ်တိုင်း၏ အဖြစ်အပျက်များသည် ဤကဗျာအတွင်းသို.ကျုံ.၀င်သွားကြပါသည်။ အရှေ.တိုင်း၊ အနောက်တိုင်း၊ ဒေသအဆက်ဆက်မှ အဖြစ်အပျက်များကိုကြည့်ပါ။  “သမုဒ္ဒရာ၊ ရေမျက်နှာထက်၊ခဏတက်သည့်၊ ရေပွက်ပမာ” မင်းများကို တွေ.ရပါမည်။

 

အချိန်ကိုလွန်သော၊ဒေသကိုလွန်သော ကန်.သတ်မဲ့အမြင်ရှိသည့် ကဗျာစာဆိုဖြစ်ပါသည်။သူတို.ဆီမှာလည်း ထိုသို.စာဆိုမျိုး မများဟုသိရပါသည်။ ရှိတ်စပီးယားနှင့် ဒန်းတီကို ညွှန်းကြပါသည်။

 

+++++++++++

 

အတန်ငယ်မြှင့်ပါရစေ။ ကဗျာ.အမြင့်ဂုဏ် ဖြစ်တည်လာစရာ အကြောင်းရင်းငါးချက်ရှိသည်ဟုဆိုပါသည်။

(၁) ခမ်းနားကြီးကျယ် မြင့်မြတ်သော အသိအမြင်ကိုဖြစ်ပေါ်စေသော စွမ်းရည်

(၂)အင်အားကြီးမားသောဇောစေတနာ

(၃)အလင်္ကာ ၌ နိုင်နင်းမှု

(၄)စကားရွေးချယ်တတ်မှု

(၅) ခမ်းနားသောအရေးအသား

 

သူတို.သတ်မှတ်ချက်ဖြစ်ပါသည်။သိထားရန်ဖြစ်ပါသည်။ လက်ခံရန် မဟုတ်ပါ။ သို.သော် ရှေ.နှစ်ချက်သည် ကဗျာဆရာ၏ပါရမီကိုပြောနေခြင်းလားဟု တွေးဆရပါသည်။

In: စကားပြေ Posted By: Date: Apr 11, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment