Professional Authors

ကျွန်တော်တို့ကျောင်းတော်

ပာိုတလောက ကျွန်တော်တို့ကျောင်းမှာ ဘွဲ့ နှင်းသဘင် အခမ်းအနားကျင်းပခဲ့တယ်ဗျ။ငါးနှစ်တိုင်တိုင် ကံ၊ဥာဏ်၊၀ိရိယ စတဲ့ ခိုင်မာတဲ့စိတ်ဓာတ်တွေနဲ့ ကြိုးစားလာခဲ့လိုက်ကြတာ..ပောာကြည့် အခုဆိုရင် သူတို့လိုချင်တဲ့ပန်းတိုင်ကိုရောက်လို့ ပျော်နေလိုက်ကြတာများဗျာ ဘေးနားကရပ်ကြည့်နေတဲ့ ကျွန်တော်တို့လို လူငယ်တွေတောင် ၀မ်းသာပီတိဖြစ်ရတယ်…။ကျွန်တော်တို့ နည်းပညာတက္ကသိုလ်ကြီင်္းကနေ မွေးထုတ်ပေးလိုက်တဲ့ အင်ဂျင်နီယာတွေပာာ ကျွန်တော်တို့ နိုင်ငံအတွက် တိုးတက်ရာပြယုဂ်တစ်ခုပဲဖြစ်တယ်ဗျ။အခုပွဲကိုတက်ရောက်လာကြတဲ့ အကိုတွေအမတွေရဲ့ မျက်နှာတိုင်းမှာ အပြုံးပန်းတွေဝေလို့ ဘ၀သစ်တခုအတွက် ရှေ့ ဆက်လျောက်လှမ်းဖို့အတွက် ခြေလှမ်းတစ်လှမ်းစလှမ်းပြီဆိုတဲ့ အသိနဲ့ ပြည့်စုံနေလိုက်ကြတာ ကြည်နှုးစရာပါပဲ။သူငယ်ချင်းအချင်းချင်းတွေ နှုတ်ဆက်..တစ်ချို့စိတ်မခိုင်တဲ့အမတွေဆိုရင် တစ်ယောက်နဲ့တစ်ယောက်ဖက်ပြီး ငိုနေကြတာကလဲ အရမ်းသနားဖို့ကောင်းတယ်…အကိုတွေဆိုရင်လဲ တစ်ယောက်နဲ့ တစ်ယောက်စနောက်နေကြပြီး နှုတ်ဆက်စကားတွေပြောနေကြတယ်။အဲမှာ ကျွန်တော်တစ်ခုကို သတိထားမိတယ်ဗျ။အကြောင်းကြောင်းကြောင့် နောက်ဆုံးစာမေးပွဲကြီးကို မအောင်မြင်တဲ့လူအချို့ ကိုလဲံတွေ့ ရတယ်ဗျ။သူတို့ တွေကတော့ အောင်မြင်သွားတဲ့သူတို့သူငယ်ချင်းတွေအတွက် မုဒိတာ ပွားနေတာလဲ ပျော်စရာ မြင်ကွင်းတစ်ခုပါ။ကျောင်းက ဆရာတွေဆရာမတွေကလဲ အောင်မြင်သွားတဲ့ သူတို့တပည့်တွေအတွက်ေ၇ှ့ ဆက်လျောက်လှမ်းမဲ့ ဘ၀ခရီးအတွက် တန်ဖို့းရှိတဲ့ စကားတွေကို မိန့်ခွန်းခြွေရင်..ပီတိမျက်ရည်တွေနဲ့ပေါ့ဗျာ။

အဖေ၊အမေ၊ညီအကိုမောင်နှမတွေနဲ့ ဓာတ်ပုံတွေစုရိုက်..သူငယ်ချင်းတွေသက်သက်ရိုက်လိုက်နဲ့ များပြားလှတဲ့ လူအုပ်ထဲမှာ ပျော်ရွှင်နေကြတဲ့ သူတို့ရဲ့ ရယ်သံတွေက ကျွန်တော်တို့လို့ နောက်ပေါက်ကျောင်းသားလေးတွေအတွက် တစ်နေ့သူတို့လို့ ရယ်နိုင်ရမယ်ဆိုတဲ့ စိတ်တော့ဝင်မိမှာပါ။နောက်ဆုံး ကျွန်တော်ပြောချင်တာက အခုခေတ်လူတော်တော်များများက နည်းပညာတက္ကသိုလ်ကကျောင်းသားတွေပာာ မကောင်းဘူး.ပျက်စီးလွယ်ကြတယ်..စည်းမရှိကမ်းမရှိနဲ့လို့ထင်နေကြတယ်။မရှိဘူးလို့မဆိုချင်ပေမယ့် ကျောင်းသားကောင်းတွေလဲ အများကြီးရှိတယ်ဆိုတာ ဒီပွဲလေးက သက်သေပြလိုက်ချင်းဖြစ်တယ်။လူတစ်ယောက်နဲ့တစ်ယောက်မတူတဲ့ဘ၀တွေမှာ ကံမကောင်းအကြောင်းမလှလို့ မအောင်မြင်တဲ့လူတွေရှိသလို အောင်မြင်သွားတဲ့သူတွေသည်လည်း ထိုက်ထိုက်တန်တန်အောင်မြင်သွားကြသူတွေဖြစ်တာကို သိစေချင်တာပါ။အရည်အချင်းမရှိဘဲနဲ့ မဖြစ်နိုင်တဲ့အရာကို လုပ်ဆောင်နိုင်တာပာာ တစ်ချို့ လူတွေအထင်အမြင်သေးနေတာကို ဖျောက်ဖျက်နိုင်ပါစေလို့ ဆုတောင်းရင်း ကျွန်တော်အဆုံးသတ်လိုက်ပါတော့မယ်။

In: ဆောင်းပါး Posted By: Date: Jan 23, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment