Professional Authors

လိမ်ဖို့လိုသလား

လိမ်တာမကောင်းဘူးဆိုတာ လူတိုင်းသိကြပါတယ်။ဒါပေမဲ့လူတွေဟာအနည်းနဲ့ အများတော့လိမ်နေကြတာ ပါဘဲ။ကိုယ်အဆင်ပြေဖို့၊ ကိုယ့်ဘ၀တိုးတက်ဖို့၊ ကိုယ်ပျော်ရွှင်ဖို့အတွက်ဘာမှမကြောက်ဘဲ လိမ်နေကြတာပါ။ လိမ်နေတဲ့အချိန်မှာတော့ဘာမှ စဉ်းစားမိမှာမဟုတ်ပါဘူး။ အမှန်တော့သေချာစဉ်းစားစေချင်ပါတယ်။ငါ့ကိုသူများလိမ်ရင် ငါလက်ခံနိုင်မလား။ ငါအလိမ်ခံရရင်ရော ဘယ်လိုနေမလဲ။ ကိုယ်တိုင်တောင်လိမ်တာမကြိုက်ဘူး၊ လက်မခံနိုင်ဘူး ဆိုရင်
်တဖက်သားကိုရောဘာကြောင့်လိမ်နေတာလဲ။ကိုယ်ရဲ့လိမ်ညာမှုကြောင့် တဖက်သားမှာ
နစ်နာမှုမရှိရင်တော့ဘာမှမဖြစ်ပေမဲ့၊တဖက်သားအတွက်တခုခု နစ်နာမယ်ဆိုရင်တော့လိမ်သင့်သလား။
လိမ်လို့ရမဲ့အရာကရော မြဲနိုင်ပါ့မလား။ကိုယ်လိမ်တာကိုတဖက်သားသိချင်မှသိနိုင်ပေမဲ့ ကိုယ်ရဲ့စိတ်ကတော့
သိနေမှာပါ။ကိုယ့်စိတ်ကိုယ်လိမ်တာတော့အဆိုးဆုံးပါဘဲ။တစ်ခါလိမ်ပြီးရင်နောက်တစ်ခါဆိုတာမခက်ခဲတော့ပါဘူး။အကျင့်သီလထဲမှာလိမ်တာလဲပါပါတယ်။လိမ်တဲ့လူဟာအကျင့်ကောင်းတဲ့လူမဟုတ်ပါဘူး။
အကျင့်သီလမကောင်းရင်အဲ့ဒီလူရဲ့စိတ်ဟာလဲကောင်းတဲ့စိတ်မဖြစ်နိုင်တော့ပါဘူး။စိတ်ထားမှမကောင်းရင်
သူရဲ့လုပ်ရပ်တွေဟာလဲကောင်းနိုင်မယ်မထင်ပါဘူး။လုပ်ရပ်မကောင်းမှတော့ကံလဲကောင်းနိုင်မယ်မထင်ပါဘူး။ကံမကောင်းမှတော့လူဘ၀မှာနေပျော်မှာမဟုတ်တော့ပါဘူး။လူတိုင်းကံကောင်းချင်ကြမှာပါ။ ချမ်းချမ်းသာသာလဲနေချင်ကြမှာပါ။ဒါပေမဲ့လုပ်ရပ်တွေကနည်းလမ်းမကျသလိုဖြစ်နေပါတယ်။ စိတ်ကောင်းလဲထားမယ်၊မတရားတာကိုမလုပ်ဘဲ တရားတဲ့နည်းနဲ့ လုပ်ကိုင်ကြမယ်၊ ရိုးသားဖြူစင်ကြမယ်ဆိုရင်မချမ်းသာရင်တောင်စိတ်ချမ်းသာပြီးဘ၀မှာနေပျော်တဲ့လူတယောက်
်ဖြစ်နေတော့မှာပါ။အမှန်တော့ဘ၀ဆိုတာနေတတ်ရင်ကျေနပ်စရာတွေပါဘဲ။

In: ဆောင်းပါး Posted By: Date: Jan 5, 2011
Comment #1

အားလုံးကိုတောင်းပန်ပါတယ်။စာတွေလိုနေလို့ ပါ။ဖြူနောက်တခါထပ်တင်ထားပါတယ်။

commentinfo By: phyuphyu at Jan 5, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment