Professional Authors

အမျိုးကွဲသော မြန်မာကဗျာများနှင့် ကဗျာ၏ဆိုလိုခြင်းများ

        ယခုရေးသားသော ဆောင်းပါသည် မြန်မာကဗျာများ မှေးမှိန်မည်ကို ဆိုးရိမ်နေသော သံသယ စိတ်ဖြင့်တင်ပြလိုက်ခြင်းဖြစ်ပေသည်။ ကျွန်တော့် ကြားဖူးသမျှ ကိုပြောရမည်ဆိုပါလျှင် မြန်မာ ကဗှာ ၏ အစပုံစံမှာ  လင်္ကာ ပုံစံဖြစ်ပါသည်။
       မြန်မာကဗျာအစ ပုဂံခေတ်က ဟု ဆိုကြပေသည်။ မြန်မာကဗျာသညိ ကျောက်စာများတွင်မှတ်တမ်းတင် ကုသိုလ် စာများရေးထိုးရာမှ အစပြုခဲသည်ဟု ဆိုသည်။ စင်စစ်အားဖြင့်တော့ မြန်မာကဗျာတို့သည် ခေတ် တစ်ခေတ်မှ တစ်ခေတ် ကူးပြောင်းသည်နှင့် တစ်ပြိုင်နက် ဖွဲထုံးပုံစံများတိုးတက်ခဲ့သည်…။ မြန်မာကဗျာ ကို ခွဲထုတ် ကြည့်မည် ဆိုပါလျှင် ကဗျာ ၊ အချင်း ၊ သီချင်း ဟူပြီး သုံးမျိုးခွဲခြားနိုင်ပါသည်…။ အချင်းသည် ချင်းလိုက်သော ကဗျာများကို ဆိုလိုခြင်းဖြစ်သည်။
          မြန်မာကဗျာ အမျိုးပေါင်း ကျွန်တော် လေ့လာသိရှိသမျှပင် အမျိုးပေါင်း ၄၀ ကျော်ပါသည်..။ ယင်းတို့ကိုဖော်ပြလိုပါသည်။
ကဗျာအမျိုးအစားများတွင် – လင်္ကာ၊တျာဘွဲ့၊ကာချင်း၊ရတု၊ဧချင်း၊မော်ကွန်း၊တောလား၊ပျို့၊အန်ချင်း၊နတ်သံ(နတ်သံအဲ)၊တမ်းချင်း၊သံပေါက်၊တျာချင်း၊အိုင်ချင်း၊
ရဲတင်း၊ရကန်၊သာချင်း၊သီချင်း(ပန်တျာဂီတသံဖြင့်သီဆိုရသောကဗျာတစ်မျိုး)၊ဟောစာ၊သျှိုးလိုက်၊စည်တော်သံ၊ငိုချင်း၊ရှာပုံတော်၊
ညည်းချင်း၊လှေတော်သံ၊ဂုဏ်ချင်း၊ဟန်ချင်း၊ဒုံးချင်း၊လွန်ချင်း၊မောင်းထောင်းတေး၊ဗုံကြီးသံ၊လွမ်းချင်း၊ဘောလယ်၊ဒွေးချိုး၊တြိချိုး၊
လေးချိုး၊သံချို၊တေးထပ် အစရှိသဖြင့်လေ့လာသိရှိခဲ့ရသည်။ ဖော်ပြပါတိုသည် ပုဂံခေတ်လင်္ကာမှစကာ ခေတ်အစဉ်အတိုင်း စီစဉ်ရေးပြထားခြင်းဖြစ်သည်..။
              ထိုနည်းတူစွာ ကဗျာဗန္ဓသာရကျမ်း တွင်လင်္ကာ ၁၄မျိုးနှင့် သီချင်း၂၂မျိုးရှိသည်ဟု ခွဲခြားပြဆိုထားသည်။အချိုးကဗျာသည် သီချင်း ၂၂ မျိုးတွင်ပါဝင်သည်ဟုဆိုသည်။ အချိုးကဗျာ သုံးမျိုးရှိသည်။ ဒွေးချိုး၊တြိချိုး၊လေးချိုးတို့ဖြစ်သည်ဟု ထိုကျမ်းတွင် မှတ်သားဖွယ်ဖော်ပြထားပါသည်….။
                မြန်မာအဘိဓာန်အလိုအရ ဆိုရပြန်လျင် –
ကဗျာ(ဂဗျာ)  –   စည်းမျဉ်းများနှင့်အညီ၊ စာပိုဒ်အရေအတွက်၊ ကာရန်အချိတ်အဆက်၊ အသံအနေအထားစသည်တို့ဖြင့်              စီကုံးထားသောအဖွဲအနွဲ့။   ဟု တင်ပြပြောဆိုထားပြန်ပါသည်။
                                        ကျွန်တော် တင်ပြလိုသည်မှာ ထိုမျှမက ရှိနေပါသေးသည်။ သို့သော် စာဖတ်သူ အီ မည်ဆိုးသဖြင့် သိသင့် သည်များကိုသာ အကျဉ်းချုံး ဖော်ပြရေးသားလိုက်ပါသည်။
                             ကဗျာရသ ဂုဏ် ကို ပြည့်ပြည့် ဝဝ ခံစားတတ်နိုင်မည်ဟု ကျွန်တော် ယူဆမိပါသည်။
                                                                                                                       ဆည်းဆာ
 
                                 

In: ဆောင်းပါး Posted By: Date: Jul 19, 2011
Comment #1

မပျောက်ကွယ်တာ မရှိနိုင်ဘူး…။ဘုရားဟောအတိုင်းပေါ့.. .။လူတောင်မမြဲပဲကို…။
တကယ်ဆိုရင်
အချိန်တန်လို့ပေါ်ထွက်လာတာတစ်ခုကိုလည်းလက်ခံပြီး
အချိန်တန်လို့ဆုံးရှုံးသွားတာကိုလည်းသိထားရမှာပဲ…။
မော်ဒန် ဆိုတာလည်းတစ်ချိန်ကွယ်ပျောက်မှာပဲ…။
အဲဒီလိုသာ စွဲလမ်းနေရင်တော့ အေးပါ…။
စကားလုံးလှလှလေးပဲသုံးပေါ့…။

commentinfo By: မြေနံ့ at Jul 19, 2011
Comment #2

မြေနံ့ရယ် မြန်မာတစ်ယောက်ဖြစ်နေပြီး ပျောက်ကွယ်ဖို့စကားတော့ သုံးဖို့ မသင့်ဘူးလို့ထင်ပါတယ်..။ မင်းတို့ရဲ့ လူထု ကိစ္စမှာ မြန်မာအမွေတွေကို ဆွဲမထည့်ပါနဲ့ တောင်းပန်ပါတယ်…..။

Comment #3

ခုလိုဗဟူုသုတရအောင်တင်ပြပေးတဲ့တွက်ကျေးဇူးတင်ပါတယ်.
ဆက်လက်ဖော်ပြပေးပါနော်..စာတစ်ခုဖတ်ပီးရင်မှတ်သားဖွယ်ရာတစိခုလိုချင်ပါတယ်..

commentinfo By: May Kha at Jul 20, 2011
Comment #4

မြေနံ့ရေ…. မင်းကတော့ လူပြောစရာဖြစ်နေပြီကွာ…။ကြည့်လဲပြောပါဦး မခံချင်စိတ်တွေများပြီး မဆင်မချင်ပြောတော့ မင်းစကားတွေက မြန်မာ့အမွေတွေကို ထိခိုက်ကုန်ပြီ..။ မင်းသေချာမှတ်ထား..၊ မြန်မာကဗျာတွေပျောက်ဖို့ဆိုတာက ငါတို့လိုလူတွေရှိနေသေးသရွေ့တော့ မဖြစ်နိုင်သေးပါဘူး…၊ ငါပြောနေတာ မော်ဒန်ကဗျာတွေကို မနှစိသက်လို့မဟုတ်ဘူးနော်..။ မော်ဒန်ကဗျာတွေကို လွတ်လပ်စွာ ထုတ်ဖော်နိုင်တဲ့ ကဗျာတွေအဖြစ်နဲ့ ငါအရမ်းကြိုက်ပါတယ်…။ အခုလိုပြောနေရတာကတော့ ကိုယ့်ကိုယ်ကို အထင်ကြီးပြီးပြောနေတဲ့ လူတွေရှိနေလို့ပဲ….။ငါ့ရဲ့ ဦးတည်ချက်ကတော့ တစ်ခုထဲပါ…။ မော်ဒန်ကဗျာတွေကို ထောင်ပေါင်းများစွာရေးပိုင်ခွင့်ရှပေမယ့် မြန်မာ့ကဗှာတွေကိုတော့ မင်းတို့မှာ အဆင့်သတ်မှတ် ခွဲခြားပိုင်ခွင့်မရှိဘူး ဆိုတာကို သိစေချင်ရုံသက်သက်ပါ….။
ကျေးဇူးတင်ပါသည်….။
ဆည်းဆာ

commentinfo By: ဆည်းဆာ(ရဲသူ) at Jul 25, 2011
Comment #5

မဟုတ်ဘူးလေ..။ငါပြောတာက တရားသဘောနဲ့ယှဉ်လိုက်ရင် ပြောတာပါ…။
အကုန်နောက်ပျက်စီးမှာလေ…။ငါကမြန်မာလို့အော်နေတဲ့သူတွေထက် လက်တွေ့မှာမြန်မာကိုပိုချစ်တာ…။

commentinfo By: မြေနံ့ at Jul 31, 2011
Comment #6

ဒီလိုပဲဖြစ်သင့်ပါတယ်….။

commentinfo By: ဆည်းဆာ at Aug 2, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment