Professional Authors

ချစ်တတ်ဖို့ လိုပါတယ်

ချစ်တယ်ဆိုတဲ့ စကားကိုလူတိုင်းပြောဖူးကြမှာပါ။အချစ်ဆိုတာဘာလဲလို့ မေးကြည့်ဖူးပါတယ်။
သေချာတဲ့ အဖြေကို တော့ မရခဲ့ပါဘူး။
အမှန်တော့အချစ်ဆိုတာလူတယောက်ကိုသာမာန်ထက်ပိုပြီးခင်တွယ်မိတာ၊
သတိထားမိတာ၊ဂရုစိုက်မိတာ၊အလေးထားမိတာ၊တန်ဖိုးထားမိတာတွေက
အချစ်ကိုဖြစ်ပေါ်စေခဲ့တာတွေလို့ တော့ထင်မိပါတယ်။
ချစ်တယ်ဆိုတဲ့စကားလေးကနှစ်လုံးတည်းပါ။ပြောဖို့လွယ်ပါတယ်။တန်ဖိုးကြတော
့ဘာနဲ့ မှလဲယူလို့ မရပါဘူး။ချစ်တတ်ဖို့လဲလိုမယ်ထင်ပါတယ်။ချစ်တာများလွယ်ပါတယ်လို့ တော
့မထင်စေချင်ပါဘူး။နားလည်မှုတွေ၊စာနာမှုတွေ၊အပေးအယူညိမျှမှုတွေဆိုတာလဲလိုအပ်လာပါတယ်
။ချစ်တယ်လို့ တော့ပြောတတ်ပြီး နားလည်မှုမရှိခဲ့ရင်
မစာနာတတ်ရင်၊ကိုယ့် ရဲ့ အတ္တကိုဘဲရှေ့တန်းတင်နေရင်ချစ်တာမဟုတ်တော့ပါဘူး။
လောဘတွေပါနေပါပြီ။ချစ်တာအပြစ်မဟုတ်ပါဘူး။အချစ်ကိုတော
့ခုတုံးမလုပ်မိဖို့ တော့ လိုပါတယ်။ချစ်တယ်လို့ပြောတိုင်းလဲစဉ်းစားစေချင်ပါတယ်။ကိုယ့် ကိုတကယ်ချစ်တာလား ဒါမှမဟုတ်သူ့ကိုသူဘဲချစ်နေတာလားဆိုတာလေ့ လာကြည့် ပါအုံး။လောဘတွေပါနေပြီဆိုရင်တော့ သူ့ကိုသူဘဲချစ်တာဖြစ်ပါလိမ့် မယ်။ဒါဆိုအေးချမ်းတဲ့မေတ္တာမဖြစ်နိုင်တော့ပါဘူး
။ပူလောင်တဲ့မေတ္တာတွေဘဲဖြစ်နေတော့ မှာပါ။ကိုယ်တိုင်လဲမပူလောင်ချင်သလို
ကိုယ်ချစ်တဲ့လူကိုလဲပူလောင်စေချင်မှာမဟုတ်ပါဘူး။တိုတောင်းလှတဲ့ရခဲလှတဲ့လူ
့ဘ၀မှာ ပူလောင်တဲ့အချစ်နဲ့ မချစ်မိဘဲအေးချမ်းတဲ့အချစ်နဲ့ ချစ်နိုင်တဲ့
ချစ်ခြင်းမေတ္တာကိုတန်ဖိုးထားနားလည်တတ်တဲ့လူသားတွေဖြစ်နိုင်ကြပါစေ………။

In: ဆောင်းပါး Posted By: Date: Dec 29, 2010
Comment #1

…….
that’s right

commentinfo By: အသဲကွဲမိုး at Dec 29, 2010
Comment #2

ကောင်းတယ် အားပေးနေတယ်နော် မဖြူ …….. 1500အချစ်က နဂိုကတည်းက ပူလောင်ပြီးသားပါဗျာ …….. ဒါကြောင့် ကျွန်တော်တောင် စဉ်းစားနေတယ် လူပျိုကြီးလုပ်မလားလို့ ………

Comment #3

လူပြိုကြီး….တကယ်လုပ်မှာလား~~~~ ၊၊၊၊၊??? 😛

commentinfo By: အသဲကွဲမိုး at Dec 29, 2010
Comment #4

ကျွန်တော်က ယရစ်နဲ့ ပြိုဆင်းတဲ့ လူပြိုမဟုတ်ပါဘူးဗျ . . .. ယပင့်နဲ့ ပျိုတဲ့ လူပျိုစစ်စစ်ပါဗျ ……….. ယောက်ျားမှာလည်း အရှက်နဲ့ သိက္ခာရှိတယ်၊ နစ်နာမှုတွေ ရှိတယ်ဆိုတာ ကျွန်တော်လိပ်ပြာက အမျိုးသမီးထုကြီးကို မားမားမတ်မတ် ရပ်တည်ပြီး သက်သေပြနေတာပါ ခင်ဗျ……

Comment #5

1500 အချစ်ကပူလောင်တယ်ဆိုပေမဲ့ လူတိုင်းချစ်နေကြတာပါဘဲ။
အမနောက်ဆောင်းပါးတပုဒ်ရေးထားတယ်။ဖတ်ကြည့် နော်။

commentinfo By: phyuphyu at Dec 29, 2010
Comment #6

ဟုတ်ကဲ့..ပါ ကိုလူပျို…..
လွန်တာရှိ..၀န်တာမိ….ပါ….

စတာနောက်တာ လွန်ရင်…ခွင့်လွတ်

commentinfo By: အသဲကွဲမိုး at Dec 29, 2010
Comment #7

ကျွန်တော်ကလည်း အစအနောက်သန်တဲ့သူပါ အသဲကွဲမိုးရယ် …….. ကျွန်တော် နောက်တာလွန်ရင်လည်း ခွင့်လွှတ်ပါဗျာ …. အချင်းချင်းပဲဟာ နော်နော် …….
😛

Comment #8

ဒါပေါ့ဒါပေါ့……
ဟုတ် ဟုတ် ဟုတ်

commentinfo By: အသဲကွဲမိုး at Dec 29, 2010
Comment #9

သားသားကတော့အချစ်ဆိုတာ ချစ်နေဖို့ပါပဲနော်…နောက်ဆိုရင်…ချစ်သူတိုင်းပေါင်းနိုင်ပါစေ

commentinfo By: မွန်ကြီး at Dec 29, 2010
Comment #10

အချစ်ပဲ ၇ှိပြီး အသည်းကွဲတာ မ၇ှိ၇င် ကောင်းမှာပဲနော် မဖြူ
တခါတလေမှာလည်း အချစ်၇ဲ့အဝေးဆုံးမှာ နေချင်တယ် ဗျာ………..

commentinfo By: genius.jinx28 at Dec 29, 2010
Comment #11

ဒါဆိုဘ၀ကြီးကပြီးပြည့် စုံနေတော့ မှပေါ့။
အချစ်နဲ့ ဝေးချင်တယ်ဆိုရင်တော့ ဘာမှလုပ်လို့ မရဘူး။
ဘာလို့ လဲဆိုတော့ လူတိုင်းမှာအချစ်ဆိုတာရှိနေလို့ ပါ။

commentinfo By: phyuphyu at Jan 5, 2011
Comment #12

100% right

commentinfo By: ei lay at Dec 6, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment