Professional Authors
ဆင်းရဲခြင်း
ကျနော်နာမည် ဦးဝင်းပါ လယ်သမား လက်သမား ပန်း၇န်ဆ၇ာ အို..စုံလို့ ပါ ကျနော် မလုပ်ဖူးတဲ့ အလုပ်မရှိသလောက်ပါ။ မိသားစု ထမင်းနပ်မှန်စွာ စားသောက်ဖို့ မိန်းမဖြစ်သူ အလှူ တန်း သွားနိုင်ဖို့ သားနှစ်ယောက် ကျောင်းတတ်စ အရွယ် ကျောင်းစရိတ်ရဖို့ ကြုံရာ အလုပ် မညည်းမညူ ၀င်လုပ်တတ်သူ ပါ ။ ဒါပေမယ့် ကျနော်ရဲ့ ကံဇာတာက ညံ့တာလား ကြိုးစားပေမဲ့ အမြဲတမ်း ပြဿနာ တခုမဟုတ် တခုနဲ့ တွေ့ ပြီး အဆင်မပြေပါ  ကံ ကံ၏ အကျိုး လို့ ဘု၇ားရှင် ဟောထားတာ ကျနော်အတွက်တော့ လားလားမျှ မအပ်စပ်ပါ။ဆန်ဝယ်စ၇ာ ရှိ၇င် ဆီဝယ်ဖို့ ငွေလိုပြန်ေ၇ာ ဟင်းသီးဟင်းရွက် ၀ယ်ဖို့ ၇ှိ၇င် င၇ုပ် ကြက်သွန် ၀ယ်ရန်လိုပြန်ေ၇ာ။
       ထိုနှင့် လုံးလယ် ချာလည် လိုက်နေတဲ့ ကျနော်ဘ၀နဲ့ မလှမပ မိသားစု ၀င်လေးတွေ ပေါ့ဗျာ.တနေ့  ကျနော် လောကကြီးထဲကနေ ထွက်သွားချင်လောက်အောင် စိတ်ဓာတ်ကျစေတဲ့နေ့ ….သားငယ်ဖျားနေတယ်တဲ့ ..မိန်းမစကား အရင်က ချိုသာသလောက် အခုတခါ နားထဲ မိုးခြိမ်းသံအလား..ဒါနဲ့ ဆေးခန်းပြမှပဲ မသိမတတ်နဲ့ ကလေးတခုခုဖြစ်ရင်..ဟာ ကျနော် အဖြစ်မခံနိုင် ကျနော်ဒီသားနှစ်ယောက်က ကျနော်ရဲ့ မျှော်လင့်ချက် အသက်ရှင်ခြင်း အကြောင်းတ၇ားပါ ။ဆရာဝန်နဲ့ ပြဖို့ တော့ ငွေ၁၀၀ ကုန်မယ်.ဒါဆို ဆေးဝယ်ဖို့ ကေ၇ာ ငါ့ဆီမှာ ၁၀၀ ရှိတယ် ဒီနေ့ အိမ်မှာ ဆီဆား ထမင်းနယ်နှပ် စားကြတာပေါ့ ဆရာဝန်နဲ့ တွေ့ ဖို့ က ပထမ ဦးစားပေး..ကဲ ဆေးခန်းပြမယ် ဆေးတွေက နောက်ကိစ္စ.။
         ဒီလိုနဲ့ ဆေးခန်းကို ချီတတ်လာတဲ့ မိသားစုလေး အဖေ အိတ်ထဲမှာက ငွေ၁၀၀ ပါတယ် ဆေးခန်းမှာ အလှည့်စောင့်၇င်း ရှိတုန်း သားကြီးက အန်ပါလေရော..ဆေးခန်းထဲေ၇ာက်တော့ ဆရာဝန်က အငယ်လေးကို စစ်ဆေးပြီး ဆေးေ၇းနေပါတယ် အဖျားကြီးတော့ ဆေးထိုးမလား မေးတယ် မိန်းမ ကျနော် မျက်နှာ ကြည့်ပါတယ် ကျနော် စဉ်းစားစရာမလိုပဲ ခေါင်းခါပါတယ် ပြဿနာက သားကြီး ဘာဖြစ်လို့ အန်ပါလိမ့် ဆ၇ာဝန် ကို မေးရင် ကောင်းမလား သားကြီး အတွက်  file မဖွင့် ထားတော့ ဘယ်လိုပြမလဲ ကြည့်လိုက်တော့ ဆ၇ာဝန်က ဆေးငုံ့ေ၇းနေပါတယ် ဆေးစာရွက် ကမ်းပေးရင်း ဆရာဝန်က သောက်ရမယ့် ဆေးတွေ ညွန်းနေတုန်း ကျနော်ရင်လေးနေတယ် ဆေးတွေ ဆေးတွေ ၄မျိုး တောင်ပါလား ဘယ်က ပိုက်ဆံ ရှာပြီး ၀ယ်ရမလဲ သားကြီးကို ကြည့်လိုက်တော့ အောက်ငုံ့ ပြီး ကြမ်းကို မျက်တောင် မခတ်ငေး နေပါတယ် သားငယ်ဆီက ကူးစက်ပြီး သားကြီးဖျားနေတာ သေချာပါပြီ ငါ ဘာဆက်လုပ်ရမှာပါလဲ။
          သားကြီး မော့ကြည့်လာပါတယ် အဖေ့ မျက်လုံးထဲ စိုက်ကြည့် တဲ့ သားရဲ့ အကြည့် တချက် ကျနော် မိုက်ခနဲ ဖြစ်သွားလိုက်တာ သားရဲ့ အကြည့်ကို ကျနော် ဘာသာပြန်ရရင် “အဖေ ၈နှစ်တာ အဖေအပေါ် ယုံကြည်အားကိုးခဲ့သမျှ ဒီနေ့  နောက်ဆုံးပဲလား ဒါပေမဲ့ စိတ်ဓာတ်မကျနဲ့ အဖေ သားခံနိုင်ရည် ရှိပါတယ်” လို့ ပြောနေသလိုပါ။ မနေ့ ကတော့ ငါ့ရဲ့ အကြင်နာ မိန်းမ အပေါ် သိတတ်မှု သားနှစ်ယောက်ကို ချစ်ခင်ယုယမှုက ငါ့ဘ၀မှာ အရေးကြီးဆုံး လို့ တွေးမိသေးတာ..ဒီနေ့ ဒီအချိန်မှာ တော့ အရေးကြီး ဆုံးက ဆရာဝန်ရဲ့ အသိပညာကို ၀ယ်ယူဖို့    ငွေစက္ကူ  ပါ တကား။
In: ဆောင်းပါး Posted By: Date: Dec 3, 2010
Comment #1
ကောင်းတယ်ဗျာ . .ရင်ထိတယ်
Comment #2
ကျေးဇူးတင်ပါတယ် လိပ်ပြာ
commentinfo By:ိdan at Dec 4, 2010
Comment #3
ဒါဆိုငွေနဲ့အရာရာကိုဝယ်ယူလို့ရသွားပီင်္ပေါ့နော်။
commentinfo By: May Kha at Dec 27, 2010
Leave Comments
Name*
Email*
Website
Email me whenever there is new comment