Professional Authors

ကျွန်မအချစ်တွေသူသိပါစေ……….

မောင်ရေ…………………….

သူနဲ့တွေ့ခဲ့တာဟိုးလွန်ခဲ့တဲ့၂ နှစ်ကပေါ့   စကားပြောသိပ်ကောင်းပြီးအရမ်းကြည့်ကောင်းတဲ့သူ့ကို ရည်းစားများမယ်ဆိုတာ သတိထားမိပါတယ်   ဒါပေမယ့်ကျွန်မသူ့ရေဒါထဲကမရုန်းနိုင်ခဲ့ပါဘူး  သူပြောသမျှစကားတွေထဲမှာအရည်ပျော်ခဲ့တယ်လေ  သူ့ကိုချစ်မိတာအပြစ်ရှိလား  လောကကြီးမှာချစ်နေတာကိုမချစ်နဲ့လို့ထိန်းချုပ်လို့ရနိုင်သလား  သိပ်မကြာပါဘူးသူ့ရဲ့လှည့်ကွက်တွေထဲကိုရောက်ရှိခဲ့ပြီးတဲ့နောက်မှာ   သူ့ရဲ့အပျော်ထားတဲ့ချစ်သူတွေထဲကတယောက်ဖြစ်လာပြီ  သူကတော့အချစ်ကိုတန်ဖိုးထားရကောင်းမှန်းမသိသူပီပီ  တယောက်ပြီးနောက်တယောက်ကသူ့အတွက်လွယ်လွယ်ပဲလေ  ချစ်မိတဲ့နှလုံးသားမှာသူပေးတဲ့ဒဏ်ရာတွေကအတိုင်းသားပဲ  သူ့ကိုစိတ်မနာနိုင်ခဲ့ပါဘူး သူ့ကိုချစ်နေတုန်းပဲလေ  ဒါကိုသူမသိပါဘူး  သူ့အတွက်တော့ပျော်တော်ဆက်ပေါ့   တွေ့ရင်အရမ်းကြည်နူးမိတယ်  မတွေ့ရတဲ့ရက်တွေ ဆိုသူများမုန်းနေပြီလားတွေးရင်းဖြေမဆည်နိုင်ခဲ့ဘူးလေ  နောက်တော့လည်းငိုရတဲ့ရက်တွေများလိုငိုစရာမျက်ရည်တောင်မကျန်တော့အောင်ပါပဲ   သူ့ရက်စက်မှုတွေကလျော့်ပါးမသွားပါဘူး  တိုးလာတာပါပဲ   သူ့ကိုဘယ်လိုမှမုန်းလို့မေ့လို့မရအောင်ချစ်မိတဲ့ကျွန်မဘယ်လိုရှေ့ဆက်ရမလဲ  

ဒါပေမယ့်ဖြူဖြူကျော်သိန်းသီချင်းလိုပေါ့   ရူးလဲရူးပါစေကွယ်………………….

ကျွန်မအချစ်တွေသူသိပါစေ………………….. 

In: ဆောင်းပါး Posted By: Date: Nov 23, 2010
Comment #1

တကယ့် ခံစားချက်အစစ်အမှန်ကို ရေးထားတာလားဗျာ . . .
မင်းရဲ့ အချစ်တွေ သူသိတော့ရော ဘာလုပ်ရမှာလဲ?
ဒီ ခံစားချက်သာ တကယ့် အစစ်အမှန်ဆိုရင်
ခု မင်းဖြစ်နေတဲ့ ခံစားချက်က သူ့ကို ချစ်လို့မဟုတ်ပါဘူး
မင်း ကိုယ်မင်း ချစ်နေတာပါ။

commentinfo By: butterfly at Nov 26, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment