Professional Authors

မြန်မာမိန်းကလေးများသုံးစွဲသင့်သောနာမ်စား

ကျွန်မ လွန်ခဲ့တဲ့နွေရာသီက သင်တန်းတခုသွားတက်ခဲ့တယ်…… သင်တန်းကတော့လုပ်ငန်းခွင်သင်တန်းလေးပါ….. စီမံခန့်ခွဲမှု့သင်တန်ူးလေးပါ……… ဒီသင်တန်းကဆရာမတယောက်ပို့ချလိုက်တဲ့သင်ခန်းစာလေးတခုကိုအမှတ်ထင်ထင်ရှိခဲ့တယ်…….
ကျွန်မကိုယ်တိုင်လဲသိပ်နှစ်သက်ခဲ့ရတယ်….. အထူးသဖြင့်ကတော့ဒီနေ့အရွယ်ရောက်နေပီဖြစ်တဲ့ကျွန်မတို့ မြန်မာအမျိုးသမီးလေးတွေတွက်ပါ……….. အဓိကပြောချင်တာကတော့ နာမ်စားပေါ့…… ဒီနေ့မိန်းကလေးတော်တော်များများဟာ
နာမ်စားသုံးစွဲတဲ့နေရာမှာ ကိုယ့်နာမည်နဲ့ သုံးသလို……. တချို့က သမီးကလေ လို့သုံးစွဲနေကြတာတွေ့ရပါတယ်…. ဒီမှာပြသနာကစပါတယ်………
အထူးသဖြင့်လုပ်ငန်းခွင်မှာသမီးလို့သုံးတာဟာ အင်မတန်ကိုဆိုးရွားပါတယ်…. သမီးလို့ဆိုတာနဲ့ ကျွန်မအသိထဲမှာဒီမိန်းကလေးဟာကိုယ့်ကိုယ်ကိုယုံကြည်မှု့မရှိတဲ့သူလို့မြင်ပါတယ်..

နောက်တခုကတော့ သမီးလို့သုံးစွဲခြင်းရဲ့နောက်ဆက်တွဲအဖြစ်ကိုယ့်ရဲ့ ဂုဏ်သိက္ခာနဲ့ ဦးဦးများရဲ့ အစာဖြစ်တတ်ပါတယ်… ကျွန်မ ဒီလောက်ပြောရင်ဘာဆိုတာ ကိုစာဖတ်သူတွေနားလည်မှာပါ…….. ဒါကြောင့်အရွယ်ရောက်သူ … လုပ်ငန်းခွင်မှာဝင်ရောက်နေတဲ့မိန်းကလေးတိုင်း ” ကျွန်မ ” ဆိုတဲ့နာမ်စားလေးကိုကြိုးစားပြီးသုံးစေချင်ပါတယ်………. ဒါမှ မြန်မာမိန်းကလေးတိုင်းဟာ ကိုယ့်ကိုယ်ကိုယုံကြည်မှု့ ပြည့်ဝကြောင်း . မည်သူတဦးတယောက်ကိုအားကိုးစရာမလိုကြောင်း…. ကိုယ့်ခြေထောက်ပေါ်မှာရပ်တည်နိုင်ကြောင်း
တွေကိုတော့ လူ့ပတ်ဝန်းကျင်အလယ်……ကိုကိုများ….ဦးဦးများရဲ့ စက်ကွင်း မှ လွတ်မြောက်နိုင်မှာဖြစ်ပါတယ်……
ဒါကြောင့်ဒီနေ့ကစပြီး ယုံကြည်မှု့ပြည့်ဝတဲ့အမျိုးသမီးများဖြစ်စေဖို့ “ကျွန်မ”လို့ သုံးစွဲနိုင်ဖို့ ကျွန်မ ကစေတနာသုံးတန်နဲ့ အကြံပေးလိုက်ပါတယ်နော်…………………….

In: ဆောင်းပါး Posted By: Date: Sep 10, 2010
Comment #1

ဟုတ်ကဲ့

ဒါဟာ လက်ခံသင့်တဲ့ အယူအဆလို့ထင်မြင်မိပါတယ်။ မီးမောင်းထိုးပြတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင့်။

commentinfo By: innwathulay at Sep 11, 2010
Comment #2

ကျေးဇူးတင်ပါတယ်…………… လက်ဆင့်ကမ်းပေးပါနော်……..

commentinfo By: May Kha at Sep 11, 2010
Comment #3

(လူ့ပတ်ဝန်းကျင်အလယ်……ကိုကိုများ….ဦးဦးများရဲ့ စက်ကွင်း မှ လွတ်မြောက်နိုင်မှာဖြစ်ပါတယ်……)ဆိုသောစာသားကတော့
လက်သင့်ခံနိုင်စရာမရှိပါ။
သမီးရဲ့ဦးဇာတ်လမ်းကိုခင်းသော လူများရှိကောင်းရှိနိုင်ပါတယ်၊
သမီးလို့ပြောတိုင်း ပြစ်မှားကြမယ်ဆိုတာကတော့လက်မခံနိုင်ပါ။
အသက်အရွယ်ရှိသောယောက်ျားတိုင်းမှာဒီလိုစိတ်မျိုး မရှိပါ။

(သမီးလို့သုံးစွဲခြင်းရဲ့နောက်ဆက်တွဲအဖြစ်ကိုယ့်ရဲ့ ဂုဏ်သိက္ခာနဲ့ ဦးဦးများရဲ့ အစာဖြစ်တတ်ပါတယ်…)…
ဆိုတာကလဲ မမှန်ပါ။
သမီးအရွယ်မို့ သမီးနာမ်စားသုံးလိုက်တဲ့အတွက် မည်သည့်ဂုဏ်သိက္ခာမှ ကျဆင်းစရာမရှိပါ။
မိမိကိုယ်တိုင်၏နေထိုင်ပြုမူပုံကသာ အဓိကဖြစ်ပါတယ်။
လုပ်ငန်းခွင်မှာ မိမိသမီးအရွယ်ကလေးများကို သွန်သင်ဆုံးမနေသော အထက်အရာရှိ (ယောက်ျား)များစွာရှိပါတယ်။

ထို့အတူ ယောက်ျာတိုင်းသည်လည်း သမီးလို့ပြောသူမှန်သမျကို ပြစ်မှားနေမည်မဟုတ်ပါ။
မိမိကိုယ် မိမိ ယုံကြည်ခြင်းနှင့် ကျမဟုနာမ်စားသုံးပြောခြင်းသည် ပါတ်သက်မူ့မရှိပါ။
သမီးဟု နာမ်စားသုံးခြင်းသည် 1990ပါတ်ဝန်းကျင် ထမင်းဆိုင်များတွင်လုပ်ကိုင်သော မိန်းကလေးများက စတင်ခဲ့ကြတာပါ။
မောင်ကြေးမုံရေး ၍ မေဆွိဆိုသော သမီးရဲ့ဦးသီချင်းထွက်အလာမှာ သမီးရဲ့ဦးဇာတ်လမ်းတွေကို
စိတ်ဓါတ်အောက်တန်းကျသော မိန်းမ ယောက်ျားတွေကသာလူဒီဇာတ်လမ်းတွေကို ဖန်တီးကြတာပါ။
အဲလိုပြောမယ်ဆိုရင် မန်းလေးသူတွေ ကျနော်လို့ပြောတာ ကိုရော မိမိကိုယ်မိမိယုံကြည်မူ့မရှိဟု ပြောနိုင်ပါသလား။
တကယ်ပြောရရင် အသုံးအနုန်းကြွယ်ဝသော မြန်မာ စကားကြောင့်ဒီလိုကတ်သီးကတ်သတ်ပြောစရာဖြစ်လာတာပါ။
ဘိုလိုပြောရင် အိုင် ဆို၇င်ပြီးပြီး
တရုပ်လိုပြောရင် ဝေါ်ဆိုရင်ပြီးပြီ။
အခေါ်အဝေါ်က သာမည စိတ်ဓါတ်က အဓိက ပါ။

Comment #4

ကျေးဇူးတင်ပါတယ်………… ကျွန်မက ကျွန်မနှစ်သက်ခဲ့တဲ့ subject တခုအနေနဲ့ဝေမျှခြင်းသာဖြစ်ပါတယ်…
မည်သူတဦးတယောက်ကိုမျှမရည်ရွယ်ပါဘူး ………
ကျွန်မကိုယ်ကျွန်မတောင်ရှက်ပါတယ်………. စာရေးတတ်ဖို့အများကြီးလိုနေသေးပါတယ်…
ကိုပေါက်က၀င်ရောက်ဆွေးနွေးပီး အကြံပြုတာကိုလကိခံပါတယ်…

commentinfo By: May Kha at Sep 13, 2010
Comment #5

ကျွန်မလို့ ပြောရတာ သိမ်ငယ်သလို ခံစားရလို့ ကျနော်လို့ ပြောတဲ့ မိန်းကလေးတွေ အများကြီး ပါ။မန္တလေးသူတွေ ကျနော်လို့ ပြောတာ သိပ်အားရစရာကောင်းပါတယ်။

commentinfo By: dan at Dec 27, 2010
Comment #6

မိန်းမဆို၇င် မိန်းမပီသစွာ အသက်အရွယ်အ၇ ကျွန်မလို့ သုံးသင့်ပါတယ် ။မိန်းမပီသသော မိန်းကလေးများအတွက် အကောင်းဆုံးအသုံးနှုန်းပါ ဒါပေမယ့် မိန်းမဆန်ခြင်းကို မနှစ်သက်သော မိန်းကလေး အများစုက ကျနော်လို့သုံးနှုန်းတာ ကျနော့်အမြင် ကောင်းတယ်လို့ ထင်တယ် တချို့ ကတော့ သဘောမတွေ့ ကြဘူး ………(ဟာ ယောကျာ်းမကြီးပါလား)လို့ ပြောတတ်ကြတယ်။တကယ်တော့ ယောကျာ်းမ မဟုတ်ပဲ ကျွန်မလို့ပြောရမှာ သိမ်ငယ်တယ်လို့ ခံစားရလို့ ပါ။

commentinfo By: dan at Dec 27, 2010
Comment #7

ကြိုးစားပါ့မယ် အမရေ…
ဘာလို့လဲဆိုတော့ .. ဒီအရွယ်ကြီးရောက်တဲ့အထိ သမီး လို့ပြောတာကြီးကအကျင့်ပါလာလို့ပါ 😀
မပြောသင့်တော့ဘူးဆိုတာလဲသိပါတယ် … ဒီနေ့ကစပြီးပြင်ပါတော့မယ်

commentinfo By: pachi at Feb 11, 2011
Comment #8

ဒီဆောင်းပါးဖတ်ပြီးတော့ ကျွန်တော့ သူငယ်ချင်းတစ်ယောက် ပြန်ပြောတာကို သွားသတိရမိတယ်။ သူ့ကောင်မလေးက သူ့ကို အင်္ကျီဝယ်ပေးဖို့ အင်္ကျီဆိုင်ကိုသွားတော့ ဆိုင်ရှင်က ဘယ်သူဝတ်မှာလဲလို့ မေးတဲ့အခါ သူက “သား ၀တ်မှာ” ဆိုပြီး ပြန်ဖြေခဲ့တယ်တဲ့။ မိန်းကလေးတွေတင်မကပါဘူး။ ယောက်ျားလေးတွေမှာပါ ‘သား ….သား’ ဆိုပြီးပြောနေကြတဲ့သူတစ်ချို့ကိုလည်း ပြင်ကြဖို့လိုပြီလို့ ကျွန်တော်ပြောချင်တယ်။

commentinfo By: Thiha at Feb 12, 2011
Comment #9

ကျွန်မလို့ သုံးတာနဲ့ … သမီးလို့ သုံးတာဟာ … အသက်အရွယ်နဲ့လဲ စကားပြောပါလိမ့်မယ် …
ဆယ့်သုံးလေးနှစ်အရွယ် မိန်းကလေးတစ်ယောက်ဟာ … ကျွန်မ ကျွန်မ လို့ ပြောနေရင် … နားထောင်ရတဲ့လူ တစ်မျိုးကြီး ဖြစ်နေမှာပါ …
ပြီးတော့ လုပ်ငန်းခွင်က မိန်းကလေးတစ်ယောက်အနေနဲ့ … ကိုယ့်အသက်က ဆယ့်ကိုးနှစ် … ကိုယ့်အထက်လူကြီးက အသက် ငါးဆယ့်ငါး … ကျွန်မလို့ ပြောလို့ သင့်တော်ပါ့မလား … ဒီလိုမျိုးကျ … သမီးလို့ပြော .. ဒါမှမဟုတ် နာမည်ထည့်ပြောတာက ပိုအဆင်ပြေမှာပါ …
လူဆိုတာ ဘာပဲဖြစ်ဖြစ် … ဘယ်နေရာမှာဖြစ်ဖြစ် … အယူအဆ တစ်ခုကို ပုံသေ စွဲကိုင်ပြီး pin down လုပ်ပြီး ပြောလို့မရပါဘူး … အခြေအနေနဲ့ အချိန်အခါအရ လိုသလို ညှိတတ်ရပါလိမ့်မယ် ….

တိုက်ခိုက်လိုတဲ့သဘောမပါပါဘူး … ဒီပို့စ်ကို ဖတ်ပြီး … ထင်တာလေးကို ၀င်ေ၇ာက်ဆွေးနွေးကြည့်တာပါ …

commentinfo By: ယုစံ at Feb 12, 2011
Comment #10

ခုလိုကျွန်မရဲ့ post လေး မှာဝင်ရောက်ပီးဆွေးနွေးတဲ့တွက်အားလုံးကိုကျေးဇူုးတင်ပါတယ်…. ဒီ post လေးမှာရေးတဲ့အကြောင်းအရာအဓိကကတော့ ကိုယ့်ကိုယ်ကိုယုံကြည်မှု့ရှိစေချင်တာပါ…. အထူးသဖြင့်လုပ်ငန်းခွင်မှာအလုပ်လုပ်နေတဲ့ညီမလေးတွေတွကိကိုပြန်မျှဝေပေးလိုက်တာပါ….. ကျွန်မဆိုတဲ့နာမ်စားဟာကိုယ့်ကိုယ်ကိုယုံကြည်မှု့ကိုပိုပီးဖြစ်စေပါတယ်…. ကျွန်မလဲခုလိုရေးရတဲ့ပေါ်မှာနားလည်ပေးကြတဲ့ညီအစ်ကို မောင်နှမအားလုံးကိုကျေးဇူးတင်ပါတယ်… နောက်လဲကျွန်မရဲ့post တွေကိုဖတ်ပီးဝေဖန်ပါ.. အကြံပေးပါလို့…လိုတာရှိလဲသင်ပေးပါလို့တောင်းဆိုပါတယ်…
ကျေးဇူးတင်ပါတယ်…

commentinfo By: May Kha at Feb 15, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment