Professional Authors

ဘ၀မေ့တတ်ကြတဲ့ လူတွေ

လူတွေက တခါတလေမှာ ဘ၀မေ့တတ်ကြ တယ်..အသက်ကြီးလာတယ်…။ပညာတွေတတ်လာတယ်…။အဲဒီအခါမှာ သင်ယူဆဲလူငယ်တွေကို သူတို့လောက်မှမတတ်လို့ ဆို ပြီး အပြစ်တွေတင် ကြတယ်..

သူတို့ ကိုယ် တိုင် တုန်းက ရော ဘယ်လိုတွေ အပြောခံပြီးမှသင်ယူခဲ့ ကြတယ်…။

ဘယ်လိုတွေ ပေါက်ကရလုပ်ကြတယ်ဆိုတာကို မေ့နေကြတယ်…

ှုငါကိုယ်တိုင်လဲ ဒီလို ပါပဲ

guide သင်တော့  ၈ တန်းကလေးကို Maths 2 မရလို့ ဆိုပြီးပြောတာလေ

ငါ ကိုယ် တိုင်လဲ ၈တန်းရောက်မှ ဆရာတစ်ယောက် သင်ပေးတော့ မှ သိခဲ့ တာ

၉တန်း ၁၀တန်းမှာလဲ ဆရာကောင်းခဲ့ တော့  Maths 2ကို ကျွမ်းကျင် သလို လို လေး ဖြစ်ခဲ့ တာ

တကယ် တမ်း အရမ်းလဲ မကျွမ်းကျင်ခဲ့ ပါဘူး..။

သူနဲ့  Maths2 သင်ရင် အမြဲ ဆူမိတယ် ဒါလေးတောင် မသိဘူးလားလို့ ပေါ့

ငါ က ဆူ လေ သူ က မသင် ချင် လေ နဲ့  သူ့ အတွက်Maths 2 ဆို တာ ကြောက်စရာကြီးဖြစ်သွားရော

 

အခုteaching method ပြောင်းလိုက်တယ်..

လွယ် တာ လေးတွေကို တွက် ပြတယ်

အတူလိုက် စဉ်းစားပေးတယ်

 သူ အခု ပျော်လာတယ်

Maths 2 တွက် ဖို့ ကို မကြောက်တော့  ဘူး

ကျွမ်းကျင်တယ် လို့ ပြောမရပေမဲ့  နားလည် လာ တယ်….

 

အဲဒီလို ပဲ

လုပ်ငန်းခွင်ဝင်ရတဲ့ အခါ အထက် လူကြီးတွေ က ခုမှ ကျောင်းကနေ ပြွတ်ဆို ထွက်လာတဲ့  အတွေ့ အကြုံမရှိသေးတဲ့ သူတွေကို

ဒါလေးတောင် မသိဘူး လား မတတ်ဘူးလား နဲ့ ပြောကြတယ်

လက်အောက် က လူ က ပြန် မပြောသာလို့ ငြိမ်ခံနေလေ ပို ပြောလေနဲ့ 

ကြာလာတော့ သူ့ ကို ပဲ မုန်းလာ ကြတယ်..

လုပ်သမျှအကောင်းပြောမခံရတော့ စိတ်ဓာတ်ကျလာတယ်.

ကို ယ့်  ကို ကိုယ် လဲ အသုံးမကျ ဘူးလို့ ထင် လာကြတယ်…

အဲဒီလို မျိုးတွေမဖြစ်အောင်

 

လုပ်ငန်းခွင်မှ လူကြီးများက လက်အောက်က ၀န်ထမ်းကို

 

ကောင်းကွက်လေးတွေတွေ့ ရင် ချီးကျူးပေးသင့်တယ်

မသိတာရှိရင် ဒါလေးက ဒီလို ကွာ ဆို ပြီးလက်တွဲခေါ်သင့် တယ်

အမှားရှိခဲ့ ရင်  ခွင့် လွှတ်လို့ ရရင် ခွင့် လွှတ်ပေးပြီး ဒါမျိုးက ဖြစ်တတ်ပါတယ် ဆို တာ မျိုး

မင်းအကောင်းဆုံးလုပ်ခဲ့ တာ ပါ ဆို တာ မျိုးလေးတွေ လုပ်ပေးသင့် ပြော သင့် ပါတယ်

 

အပြစ်က ကြီးမားနေရင်လည်း နှစ်ဦးထဲအခန်း ထဲ မှာ တိုးတိုးတိတ်တိတ် ဆူသင့်  သတိပေးသင့် ပါတယ်

လူကြားထဲ မှာ အော်ကြီးဟစ်ကျယ် မပြောသင့် ပါ ဘူး

 

ငါ လူကြီးပဲဆိုတာမျိုးနဲ့ လုပ်လာရင်တော့  လူမုန်းများပြီး ရွံကြောက်ကြီးဖြစ်ပြီး ကိုယ့်အပေါ်လေးစားမှုမရှိတော့ပါဘူး

 

အဲသလို သာ ဖြစ်ခဲ့ ရင် ပျော်ရွှင်စရကောင်းတဲ့ လုပ်ငန်းခွင် မဖြစ်တော့ ဘူး

တစ်ယောက်နဲ့ တစ်ယောက်အမှားရှာ ပြီး နောက်ကျောဓားနဲ့ထိုးမှာကြောက်နေရတော့ မှာပေါ့

 

ဒါက ကိုယ်တွေ့ အဖြစ်အပျက်လေးပါ…

လုပ်ငန်းခွင်ဝင်ပြီး ၂လကျော်မှာ ဖြစ်ခဲ့ တာပေါ့

 

ငါတို့ တွေလဲ တစ်ချိန်မှာ အတွေ့ အကြုံတွေ ရင့် ကျက်လာတဲ့ လူကြီးတွေဖြစ်လာမှာပါ

အဲဒီ အခါ ဒီလို မဖြစ်စေဖို့ ကြိုးစားစေချင်ပါတယ်

In: ဆောင်းပါး Posted By: Date: Aug 24, 2010
Comment #1

ကဗျာလေးကိုကြိုက်တယ်…………အလုပ်လုပ်နေတဲ့လူတစ်ယောက်လည်းဖြစ်လို့ပိုပြီးလည်းတိုက်ဆိုင်လို့ပါ……………………………

commentinfo By: cho zin at Aug 25, 2010
Comment #2

ကျေးဇူးပါ ချိုဇင်

commentinfo By: Blar at Aug 26, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment