Professional Authors

မေမြို့(သို့) ပြေဦးလွင်

မေမြို့ (သို့ ) ပြင်ဦးလွင်
ကျမ မေမြို့ သမီးများ ဗီဒီယိုရိုက်ရင် လိုက်ခဲ့ဘူးတာ အခေါ်က်ခေါက် အခါခါပါ..
ဒါပေမဲ့ သွားတိုင်း အလုပ်နဲ့ ဆိုတော့ လည်ချိန်လည်းမရခဲ့ပါဘူး အလုပ်ပြီးရင် အမြန်ပြန်ခဲ့ရတာပါဘဲ …
ခုတခေါက်တော့ သမီးပေါက်စီရဲ့ ချစ်သူငယ်ချင်း လည်းဖြစ် ညီမလေးနဲ့ မောင်လေးလည်း ဖြစ်တဲ့
သူတို့နျစ်ဦးနဲ့  ခင်မင်မိခါမှ ပြီးတော့ တောင်ငူနဲ့  မန္တလေး မေမြို့  တွေမှာက တူလေးတွေကလည်း
နံမည်ကြီး ပိုင်အိုးနီးယားဆိုတော့ သားအမိတွေ ခြေဦးတည့်နေကြတော့တာပါဘဲ..
ကဲ ..ဒီတခေါက်တော့ ဒီလောက်ခနခနသွားချင်နေတဲ့ ဒေါ်ပေါက်စီ အကိုကြီးအိမ်မှာ တ၀နေလိုက်
အမေနဲ့ ဟော်တည်မှာ တည်းလိုက်နဲ့  ခုတော့ နေစရာလေး ကောင်းကောင်းရထားရင် နေချင်သလောက်သာ နေတော့ဆိုပြီး မေမြို့  ပြင်စာ
နောင်ဝယ်ကျေးရွာ ရဲရွာ ရေလှောင်ကန်သွားတဲ့လမ်းမကြီး နှစ်မိုင် လေးဖါလုံသာဝေတဲ့ နောင်ဝယ်ရွာလေးမှာ
မြေတကွက် ၀ယ်ပြီး အိမ်လေးတလုံးဆောက်ဘို့  ပြင်ဆင်နေပါတယ်..
ကျမကလည်း လူဖြစ်လာကတည်းက ကိုယ့်ဘို့မရည်ရွယ်ဘူး သူများပျော်ဘို့  သူများတွေစိတ်ချမ်းသာဘို့  ဆိုတာကို အင်မတန် ဦးစားပေးတပ်တယ် ဒါကလည်း ငယ်ငယ်ထဲက ကျမက အငယ်တွေကိုသာ ဦးစားပေးစဉ်းစားခဲ့တဲ့သူဆိုတော့ ဒီအကျင့်က ပါနေတာပါဘဲ ကျမအဲ့ဒီရွာလေးကို ကလေးနှစ်ယောက်ရဲ့ ဖိတ်ခေါ်မှု့ ကြောင့် ရောက်သွားတယ်
တညအိပ်ပေါ့ ညအိပ်ရတာက ဟော်တည်မှာ တည်းပြီးနေရတာနဲ့ မတူပါဘူး အရမ်းကို လွတ်လပ်ပါတယ် စားချင်တာလေး ဈေးလေးမှာ သွားဝယ် အသီးအရွက်ကလည်း ရွာထဲပေါ ဆိုတော့ ကောင်းပါ့ လတ်ကလည်းလတ်တော့ ဘာစားစား ချိုနေတော့တာဘဲ..အဲ့ဒီအရသာကို ကျမခံစားပြီးတဲ့နောက်မှာတော့ ကျမရဲ့ မိသားစုရယ် ကျမ မိတ်ဆွေ သူငယ်ချင်း အပေါင်းအသင်းများကိုလည်း ကျမလိုဘဲ အနားယူရင်း လတ်ဆပ်တဲ့ လေကိုရှုရင်း လတ်ဆပ်တဲ့ ဟင်းသီးဟင်းရွက်တွေကို စားရင်း အနားယူစေချင်မိပါတယ်..ဒါကြောင့်
ကျမ နောင်ဝယ်ရွာလေးမှာ မြေ၀ယ်ပြီး အိမ်ကျယ်ကျယ်လေး တလုံးဆောက်မယ်ဒီတမိုးမှာ အပြီးဆောက်ချင်တာ အဲ…. နွေရောက်တော့ ပူတဲ့ အချိန်မှာ ဘယ်သူငယ်ချင်းဘဲ ဖြစ်ဖြစ် ညီအကို မောင်နှမဘဲ ဖြစ်ဖြစ် ကိုယ်မိသားစုကတော့ ဘာပြောကောင်းမလည်း ပြန်တောင်မပြန်ချင်ပေါင်..ပြီးခဲ့တဲ့ အပတ်က ကျမသမီးပေါက်စီမွေးနေ့ မှာ မွေးနေ့ ပွဲကို ဆိုက်ဆိုက် မြိုက်မြိုက် ရောက်အောင်လာတဲ့
ချစ်သားလေးနဲ့ ချစ်သမီးလေးတို့ ကတော့ အပြန်မှာ မပေါက်စီနဲ့ အမေလိုက်မှ ဆိုတဲ့
ကတိစကားလေးကို အကြောင်းပြပြီး သားအမိနှစ်ယောက်သား ကလေးတွေအပြန်သူတို့ကားနဲ့ဘဲ မေမြို့ကို ကောက်ကောက်ပါအောင် လိုက်သွားကြတော့တာပါဘဲ..ဘာပြောကောင်းမလည်း ညဆိုလည်း ကော်ဖီခွက်ကလေး
ဘေးချပြီး ကလေးတွေနဲ့ ရောက်တပ်ရာရာေ၇ှးဟောင်းနောက်ဖြစ်တွေပြောပြီး ည ဆယ့်နှစ် နာရီထိုးအောင် စကားတွေ ထိုင်ပြောကြတာ အေးအေးလေးနဲ့ အရမ်းကို စိတ်ချမ်းသာ စရာကောင်းပါတယ် ကော်နရှင်မရတော့ ဖေ့ ဘုပ်လည်း ဘယ်နေမှန်းမသိ အော် မေ့ပင်အောက်ရောက်လေသလားတောင် ကိုယ့်ကိုယ်ကို ထင်မိတယ်..
နောက်တခုကလည်း ဒေါသတွေ မဖြစ်ရဘူးပေါ့ မဟုပ်ရင် တခါတလေ စာတွေဖတ်ပြီးလည်း
ဒေါကန်နေတာတွေရှိရဲ့…:(
မနက်ဆို စောစောထတယ် ငါးနာရီလောက် နေမထွက်ခင် ရွာထဲ လမ်းရှောက်ရင် စိတ်ပုတီးစိတ် ဂုဏ်ကျေးဇူးတော်ဆိုရင်း … (Tree house) လေးမှာ ထိုင်ရင်း အနားယူ
ပြီးတော့ ဈေးကိုသွား ရှမ်းခေါက်ဆွဲစား အပြန် အပင်တွေကြားမှာ ခုံကလေးချပြီး ကော်ဖီပူပူခါးခါးလေး တခွက်ကလည်း ရင်ထဲကို နွေးသွားစေပါတယ်..
မနက်ဆယ်နာရီလောက်ကျတော့ ကလေးတွေလည်း အစုံ နိုးတော့ ရွာထဲက မန်ကျီးပင်လေးဆယ်အောက်မှာ ထိုင်ရင်း သူများအပင်တွေကို ဘယ်လို သယ်ပြီး ကိုယ့်ခြံကို ဘယ်လို ရွေ့ ရပါ့မလည်း ဆိုတာ ကြံစည်ရင်း မကျီးပင်အောက်မှာ စကားတွေပြောကြတယ်..
အဲ့ဒီမှာ အပင်ကို အမြစ်ကနေပါအောင် ရွေ့  လို့ ရတယ်…တပင်ကိုတော့ အပင်အပါ ဆယ်သိန်းလောက်ကျမယ်တဲ့ ကဲ….. ငါ့ကလေးတွေအတွက် ကျမအိမ်မက်ထဲက (Tree house) ဆောက်ပေးဘို့ တော့ ဆယ်သိန်းထပ်ကုန်ရမယ်ပေါ့ ဘာလို့လည်း ဆိုတော့ ကျမ၀ယ်တဲ့ခြံက အပင်ကြီးမပါဘူးလေ..ကဲ …ဘယ်နဲ့ ရှိစ…
ညနေ …နေအေးတော့ ရွာရဲ့ မလှမ်းမဝေးက တောကြီးဂနိုင်ဆိုတဲ့ တောထဲကိုလည်း အရောက်
သွားခဲ့ပါသေးတယ် အပင်တွေကလည်း မမြင်ဘူးတာတွေ တွေ့ရတယ် အကောင်တော့ကြောက်တယ် ဒါပေမဲ့ ဘာကောင်မှ မရှိပါဘူး..ပြီးတော့ ကျောက်တုံးကြီးတွေ
ကြာက ရေတွေကျတယ်တဲ့ ဘယ်ရမလဲ ရောက်အောင်သွားခဲ့သေးတာ ဒါပေမဲ့ ခုတော့ ကျောက်တုံးဘဲ ရှိတယ် ရေ မတွေ့ ခဲ့ပါဘူး နေပူတော့ရေခန်းနေတာတဲ့ လမ်းတလျောက်မှာတော့ အဖိုးတန် သစ်မွေးပင်တွေကတော့ ဧက တော်တော်များများ
စိုက်ထားကြတာကလည်း အားကျစရာပါဘဲ..ဘာဘဲဖြစ်ဖြစ် သဘာဝတရား နေရာဒေသတွေကို ကိုယ်တိုင်ခံစားရတော့ အဲ နောက်နှစ်ဆိုရင်တော့ ငါ့သူငယ်ချင်းတွေ ငါ့အမျိုးတွေ တူတွေတူမလေးတွေ ဖြစ်ဖြစ် ဘယ်သူလာလာ ခုလို ပျော်ပျော်နေရအောင် ကျမ ဒီတမိုးတော့ကြိုးစားလို့  အိမ်တလုံးဆောက်ချင်ပါတယ်..
အော်…ပြီးတော့ အရေးကြီးဆုံး ကျမဆန္ဒ တခုဖြစ်တဲ့ မိဘမဲ့ ကျမသားသမီးတွေထားဘို့ လည်း မြေတကွက်ကို ခုထဲက ၀ယ်ထားမှာပါ.. ကျမအသက်ကြီးလို့ စီးပွားရေးခုလို မလုပ်တော့တဲ့ အချိန်ကျရင် အဲ့ဒီနေရာလေးမှာ နေပြီး
မိဘမဲ့ကလေးတွေကို ထိမ်းကျောင်းရင်းနဲ့ ကျမနေသွားမယ်လို့ စဉ်းစားထားပါတယ်..
သူငယ်ချင်းမိတ်ဆွေတို့လည်း မေမြို့ကို ရောက်ရင်အဲ့ဒီ ပြင်စာမှာရှိတဲ့ နောင်ဝယ်ကျေးရွာလေးဆီကို
အလည်တခေါက်လောက်လာခဲ့ဘို့ လည်း ဖိတ်ခေါ်ပါတယ် လာရင်တော့ စိတ်ချမ်းသာခြင်းတွေ တွေ့ရမှာပါနော်……(Well come to nown wel)(july rain)

In: ဆောင်းပါး Posted By: Date: Jul 26, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment