ကျွန်မ အချစ်ကိုညာခဲ့ မိတယ်..
ကျွန်မ အကျင့်က  နာရီဆိုရင် အကြိုက်ဆုံး Branded ကိုမှ တစ်သက်လုံး  သုံးချင်သူပါ။ 
 မပျက်စီးသေးသရွေ့  ပေါ့လေ…
 ဒါပေမဲ့  Branded ကိုမ၀ယ်နိုင်သေးလို့ နာရီမပတ်ပါဘူးလို့ ဝန်ခံရမှာကို 
 ရှက်စရာလို့ ထင်မိခဲ့ တယ်။နာရီမရှိလို့သူတစ်ပါး ကို အချိန်မေးရ  မှာမျိုးမလိုလားခဲ့ဘူး..။
 အဲဒါကြောင့်  fancy နာရီ တွေကိုပဲ  တစ်မျိုးပြီးတစ်မျိုး သုံးခဲ့ မိတယ်
ဒါကြောင့် အများအမြင်မှာ ကျွန်မက fancy နာရီ ကိုမှ သဘောကျတတ်သူ ဖြစ်နေခဲ့ ပါပြီ..။
အဲဒီလိုပါပဲ…အချစ်မှာလဲ..
ကျွန်မချစ်ခဲ့ မိပါတယ်..။သူငယ်ချင်းအရင်းကြီးကိုချစ်ပါတယ်လို့ 
ဝန်ခံရမှာ ကို မ၀ံ့ ရဲခဲ့ ပါဘူး..။
သူအထင်သေးသွားမှာ…သူငယ်ချင်းအဖြစ်က ရပ်စဲလိုက်မှာ…
ဥပေက္ခာ ပြုသွားမှာကို ကြောက်ခဲ့ မိပါတယ်..။
သူသိသွားပြီး ကျွန်မအချစ်ကိုဟားမှာကိုလဲ မလိုလားခဲ့ ဘူး..။
 ဒါကြောင့်ပဲ… အချစ်အတုတွေဖန်တီးပြီး..Unrequited Love တွေနဲ့ ရူးပြခဲ့ တယ်..။
 သူငယ်ချင်းတွေကြားမှာပေါ့..။
 အဲဒီနည်းလမ်းနဲ့ ဖုံးကွယ်လို့ ရမယ်ထင်ခဲ့ တယ်…
 သူ့ ကိုမေ့ပစ်နိုင်မယ်ထင်ထားခဲ့ ပါတယ်..။သူနဲ့သူငယ်ချင်းအဖြစ်ရှိနေရင်းနဲ့ ပေါ့…။
 တကယ်တမ်းတော့ကျွန်မ အထင်တွေမှားခဲ့ ပါတယ်..။
 သူငယ်ချင်းတွေကြားမှာ…ကျွန်မက  ချစ်လွယ်မုန်းလွယ်သူ..အချစ်များသူတစ်ယောက်အဖြစ်သတ်မှတ်ခံရတာကလွဲပြီး
 ကျွန်မသူ့ ကို မမေ့နိုင်ခဲ့ ပါဘူး…။
 အခုအချိန်မှာတော့  ကျွန်မနားလည်သွားခဲ့ ပါပြီ..။
 ချစ်နေဖို့ ပဲ လိုအပ်တာပါ…။
 ကျွန်မအချစ်တွေကို သူယုံကြည်သည်ဖြစ်စေ…မယုံကြည်ဘူးပဲ ဖြစ်စေ….
 ကျွန်မသူ့ ကိုပဲ ချစ်သွားတော့ မှာပါ…
သူ့ အချစ်တွေကို မျှော်လင့်မနေတော့ ဘဲနဲ့ ပေါ့..။
Comment #2
တခါတလေမှာလေ ကိုယ့်အတွက်မဟုတ်တဲ့လူ ဖြစ်နေတတ်တယ် ။ ရတုတို့ ချစ်မိသူကပေါ့။ရတုတို့ ချစ်မိသူက ရတုတို့အတွက် မဟုတ်နေတာမျိုးပေါ့။ ဒီလိုပါပဲ။တည့်တည့်တိုးပြီးမှ မျက်နှာလွဲလိုက်ရတာမျိုးပေါ့။
                        By: yatu at Jun 20, 2010
                    Comment #3
Unrequited Love  ဆိုတဲ့စကားလုံးလေးရဲ့ မြန်မာလိုဘာဆိုတာကျွန်တော်က သေသေချာချာ မသိတော့
ဖတ်ပြီးခံစားရတာ ……………………………………………………………..
                        By: kopauk mandalay at Jul 2, 2010
                    Comment #10
Atheana
ငါမေးဖို့ အတွက် အင်အားမရှိဘူဟာ…
ငါ က မိန်းကလေးဖြစ်နေတာကို
အရိပ်အမြွက်ပြရုံ လေးပဲ ရတာပေါ့
                        By: blar at Jul 17, 2010
                    Comment #11
ဒီကဗျာလေးနဲ့ မှတ်ချက်တွေ ဖတ်ကြည့် ဆို၇င် လုံလောက် ပီ ထင်တယ်.. သူ ဖန်စီနာ၇ီလေးအကြောင်းမေးဖူးတယ်ဆိုတော့ သူ့ ကို ၇ည်၇ွယ်တယ်ဆိုတာ သူသိမှာပါ
                        By: သော်တာ at Sep 11, 2010
                    Comment #12
why did u lie?
why did u pretend?
why did u find many loves?
love combines all of honest,simple,faith,believe,truth.
no need to shy if u really love someone.
no need to avoid if u really want love.
nothing can get easily,
if u r eager,u’ll get ur goal.
never forget that true love can’t exchange.
never forget that true love isn’t goods.
                        By: ei lay at Mar 27, 2012
Comment #1
တူညီတဲ့ ခံစားမှုပါပဲ