Professional Authors

အချစ်

အချစ်ဆိုတာဟာ အလွန့်ကို နားလည်ဖို့ ခက်ခဲပါတယ်……တကယ်တော့ စစ်မှန်တဲ့ အချစ်ဆိုတာဟာ သံယောဇဉ်တွယ်တာတာကနေ ပြီးတော့ နားလည်မှုရှိစွာ နေထိုင်ရင်းကနေပေါ်ပေါက်လာတဲ

့ အရာလေးတစ်ခုပါ…ကျွန်တော် အရွယ်ရောက်ချိန်က စပြီး တွေ့နေရတဲ့ အချစ်ဆိုတဲ့ အရာဟာ လူတွေက စိတ်က တကယ်ချစ်တာ မဟုတ်ပဲ ရုပ်ဝတ္ထုပစ္စည်းတွေ ဖြစ်တဲ့ အပြုံးတို့၊ ရုပ်ရည်ချောမောတာတို့၊ သူ့ရဲ့ style တို့ စတာတွေကို စွဲလမ်းပြီး ချစ်တယ်လို့ ဖြစ်လာကြတာတွေပါ…….

အဲဒါဟာ တကယ်တော့ အချစ်မဟုတ်ဘူး……..ကလေးတစ်ယောက်က အရုပ်တစ်ခုကို လိုချင်ပြီး ဇွတ်တောင်းဆိုသံလေးတစ်ခုပေါ့……ဒါပေမယ့်လည်း အဲလိုလူတွေက ရည်းစားဖြစ်ကုန်ပြီး နေတာကြာလာတဲ့ အခါမှာမှ သံယောဇဉ်တွယ်ပြီး အချစ်ဆိုတာ ပေါ်ပေါက်လာတတ်ပါတယ်….စွဲလမ်းမှုက စတင်ပြီး ချစ်တတ်သွားတာပေါ့…….အချစ်ဆိုတဲ့ အရာ ဟာ ပြင်ပရုပ်ပစ္စည်းစွဲလမ်းမှုကင်းတယ်…….ရင်ထဲ နှလုံးသားထဲက ပဲ ပေါ်ပေါက်လာခဲ့တာပါ……..တကယ်တော့ အချစ်ဆိုတာ ဟာ ကိုယ် တကယ်ချစ်မိသွားရင် ပြင်ပ ရုပ်ပစ္စည်းလက္ခဏာပိုင်ဆိုင်မှုဟာ အရေးကြီးတဲ့ နေရာမဟုတ်တော့ပါဘူး……....

တကယ့်ကို စစ်မှန်တဲ့ အချစ်ဆိုတာ အတ္တကင်းတယ်…ကိုယ့်အတွက် ပိုင်ဆိုင်လိုမှုမဟုတ်ဘူး……သူ့ကို ပျော်ရွှင်နေစေလိုတာပဲဖြစ်တယ်……..သူပျော်ရင် ဘ၀ကြီးက ပြည့်စုံနေပြီ…….ဘာလို့လဲဆိုတော့ သူပျော်ရင် ကိုယ်လည်း ပျော်နေမှာမို့ ပဲ…….ကိုယ့်ဘ၀ဟာ သူ့လက်ထဲမှာ ထိုးအပ်လိုက်တာလည်း မဟုတ်ဘူး……..သူ့ကို ပေးထားတာလည်း မဟုတ်ဘူး……..ဒါပေမယ့် သူပျော်နေအောင် သူပြုံးသွားအောင် လုပ်ပေးနိုင်တာနဲ့ကို ကိုယ်က ကျေနပ်နေတာ……….ကျွန်တော်တို့ တွေချစ်ကြတယ်……..စွဲလမ်းပြီး မှ နားလည်မှုရှိသွားလို့ ချစ်သွားမိကြတယ်…….ချစ်ပြီးမှ စွဲလမ်းသွားကြတယ်…….ဘယ်လိုပဲပြော အချစ်ဆိုတာက ခံစားမှုလေးတစ်ခု………နှလုံးသားလေး သီးသန့်သာ သိတဲ့ ခံစားချက်လေးပါ……for heart only!

ချစ်တယ်ဆိုတာ မြင့်မြတ်ခြင်းလားဆိုတော့လည်း ထင်သလောက်မြင့်မြတ်တဲ့ အရာ အဟုတ်ဘူး………ယုတ်ညံ့တဲ့ အရာလားဆိုတော့လည်း အချစ်က မယုတ်ညံ့ဘူး……..ယုတ်ညံ့သူတွေ အချစ်ကို ရေလဲသုံးပြီး အချစ်ကို စော်ကားနေလို့သာ ယုတ်ညံ့တယ်လို့ ထင်ကောင်းထင်ရတယ်…….တကယ်တော့ အချစ်ဆိုတာဟာ သဘာဝက ပေးတဲ့ စွမ်းအားလေးတစ်ခုပါ……..အချစ်ကြောင့်အရာအားလုံးဖြစ်လာနိုင်တယ်……..ကိုယ်ဘယ်တော့မှ ဖြစ်မလာနိုင်ဘူးထင်တဲ့ ကိစ္စတွေပါဖြစ်လာနိုင်တယ်……….အဲဒါတွေဟာ သဘာဝစွမ်းအားတွေပဲ………လောကကြီးဟာ အချစ်ရှိလို့ စိုပြေနေတာပါ…….အကယ်လို့သာ အချစ်တွေသာ ဆိတ်သုဉ်းသွားမယ်ဆိုလောရင် လောကကြီးမှာ သာယာမှုတွေ အားလုံးကုန်ဆုံးသွားလိမ့်မယ်…….ကမ္ဘာကြီးမှာ ဂီတတွေ ကဗျာတွေ အနုပညာတွေ အားလုံးပျက်ဆီးကုန်လိမ့်မယ်……တကယ်တော့ လောကကြီးကို တည်ဆောက်ထားတာဟာ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာပါ………..

ကျွန်တော်တို့တွေဟာ အချစ်ကို ပုံစံအမျိုးမျိုးသတ်မှတ်ကြတယ်….ချစ်သူခြင်းချစ်တဲ့ အချစ်………. သူငယ်ချင်းအချစ်……..မိဘအချစ်….. သားသမီးအချစ်….ညီအစ်ကိုမောင်နှမချစ်….စသဖြင့် ဘာချစ်ညာချစ်ဆိုပြီးတော့ပေါ့……….တကယ်တော့ ချစ်ခြင်းဆိုတဲ့ ခံစားချက်ကတော့ အတူတူပါပဲ…….ကျွန်တော်တို့တွေရဲ့ ယဉ်ကျေးမှုဓလေ့ထုံးစံတွေ ဘာသာတရားတွေ ယုံကြည်ချက်တွေနဲ့ ပုံစံပေါင်းများစွာကွဲပြားသွားတာပါ………..ဘယ်လိုပဲ ဖြစ်ဖြစ်ကျွန်တော်တို့တွေဟာ ကိုယ် ချစ်တဲ့ သူ၊ ကိုယ် အမှန်တကယ်ချစ်တဲ့ သူတွေအတွက် သူငယ်ချင်းလိုလည်း ချစ်ပေးနိုင်ရမယ်……ချစ်သူလိုလည်း ချစ်နိုင်ရမယ်…..လိုအပ်လာရင် မောင်နှမလို…….မိဘလိုပါ ချစ်နိုင်ရမယ်…….အချစ်စစ်ဆိုတာ ချစ်ခြင်းမေတ္တာမှာ အကန့်အသတ်မရှိဘူး………..

ကျွန်တော်တို့ ချစ်သူကို တကယ့်ကို အစစ်အမှန်ချစ်ဖူးရဲ့လား….…….

နေလှိုင်း

In: ဆောင်းပါး Posted By: Date: Jun 11, 2010
Comment #1

မှန်တယ်…
သူ့ ဘ၀က ကိုနဲ့ မှ လှပမယ်ဆို၇င် ပျော်နိုင်မယ်ဆို၇င် ကို ကံကောင်းတာပေါ့ ..
ဝေးသင့် ၇င် ဝေးပေးပီး နီးသင့် တဲ့ အတိုင်းအတာလောက်မှာ နေလို့ ကျေနပ်… သူလည်း ၀မ်းသာ ကို လည်း ၇ွှင်ပြုံး
အချစ်ကို မသောက်သုံးသင့် တဲ့ အဆိပ်တခွက် ဖြစ်တဲ့ အထိ မခံစားပဲ …ဦးနှောက်ကလည်း ထိန်းချုပ် ၂ ဦး ဘ၀ လှပ အောင် ဆုံမှတ် တခု ( သူငယ်ချင်း လား ..မောင်နှမလား..ချစ်သူလား) ကျ၇ာ ကျခွင့် ၇တဲ့ ဇာတ်၇ုပ် ကနေ … သာတယ် မ၇ှိ.. နာတယ် မဟုတ် .. ပျော်လို့ ပြုံးလို့ နေနိုင် ၇မှာပေါ့ …

commentinfo By: သော်တာ at Sep 11, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment